အမွေမီမြေး နှင့် အမွေမမီမြေး

မေးခွန်း (၁) - သာကြီးသြရသသည် မိဘတို့ထက်ဦးစွာ 
ဆုံးပါးသွားလျှင် ၊ ၎င်း၏သားသမီးများသည် 
အဖိုးအဖွားတို့ထံမှ အမွေဆက်ခံခွင့် မည်မျှရနိုင်ပါသလဲခင်ဗျာ၊ 
(  အမွေမမီဖြစ်၍ အဖေသြရသ သားကြီးခွဲတမ်းမှ ၄ပုံ၊ 
၁ပုံသာရမည် ဆိုသည်မှာ ဟုတ်ပါသလားခင်ဗျာ) 
 

မေးခွန်း (၂) သားကြီးသြရသသည် မိဘတို့ထက်
စောစွာဆုံးပါးသွားပြီး ၎င်းတွင်သားသမီးနှစ်ဦး ကျန်ခဲ့ပါလျှင် 
ဦးလေး အဒေါ်တို့နှင့် ကျန်ရစ်သူ သားသမီးနှစ်ဦး
တန်းတူခံစားခွင့်ရှိမရှိသိလိုပါတယ်။

အဖြေ - မေးခွန်းနှစ်ခုစလုံးတွင် ၎င်းတို့သိလိုသည်မှာ 
အဖိုးအဖွား၏ အမွေကို မြေးအနေဖြင့် ဆက်ခံခွင့်အကြောင်းပင်ဖြစ်ပါသည်။ 

 

မြေးဟုဆိုရာတွင် မြေး (၂)မျိုးရှိနိုင်ပါသည်။ ၎င်းတို့မှာ - 

( ၁) အမွေမီမြေး 

(၂) အမွေမမီမြေး တို့ဖြစ်ပါတယ်။ 

 

အမွေမီမြေး 

 ၎င်းတို့၏ မိဘသည် အမွေရှင်ဖြစ်သူ အဖိုးအဖွားများသေဆုံးပြီး
နောက်တွင်မှ သေဆုံးကြ လျှင် ၎င်းတို့သည် အမွေမီမြေးများဖြစ်ကြသည်။ 
အမွေမီမြေး၏ ဝေစုသည် ၎င်းတို့ဖခင်သက်ရှိထင် 
ရှားရှိလျှင်ရမည့် အမွေဝေစုအတိုင်း အပြည့်အဝရရှိပါသည်။ 

 

အမွေမမီမြေး 

 အမွေမမီမြေး ဆိုသည်မှာ ဘိုးဘွားတစ်ယောက်ဖြစ်စေ၊ 
နှစ်ယောက်စလုံးဖြစ်စေ မကွယ် လွန်မီ ကွယ်လွန်သွားသော 
သားသမီးများမှ မွေးဖွားသည့် ထိုဘိုးဘွား၏ မြေများကို 
ဆိုလိုသည်ဟု ၁၉၈၈  ဦးမြင့်သော်ပါ ၇ နှင့် 
မောင်ဇင်လင်းပါ ၃ ( ၂၂၇ ) အမှုတွင်ဆုံးဖြတ် ထားပါသည်။ 

အမွေမမီမြေးများ ရရှိနိုင်သည့် အမွေဝေစုမှာ မိမိတို့၏ မိဘ 
သက်ရှိထင်ရှားရှိလျှင် ရရှိမည့် အမွေဝေစု၏ ( ၄ ) ပုံ ( ၁ ) ပုံ ကိုသာရရှိပါမည်။ 

 

ချွင်းချက် - 

 မိမိသည် အထက်ပါဖော်ပြချက်အရ အမွေမမီမြေးဖြစ်သော်လည်း 
မိမိတို့၏ မိဘသည် သြရသသားသမီး (သို့မဟုတ်) အကြီးဆုံး သားသမီးဖြစ်ခဲ့လျှင် 
အမွေမမီမြေး ဖြစ်သော်လည်း မိမိတို့၏မိဘ 
သက်ရှိထင်ရှားရှိလျှင် ရရှိမည့် အမွေဝေစု အပြည့်အဝရရှိပြီး 
ဦးကြီး ၊ ဦးလေး ၊ ဒေါ်ကြီး ဒေါ်လေးတို့နှင့် တန်းတူညီမျှ အမွေဆက်ခံခွင့်ရရှိပါသည်။ 
( တစ်နည်းအားဖြင့် အမွေမီမြေးအဖြစ် ပြောင်းလဲသွားပါသည်။ )

မေးခွန်း - သြရသနှင့် အကြီးဆုံးသားသမီးများမှ 
မွေးဖွားသည့်  အမွေမမီမြေးများသည် အဖိုးအဖွား တို့၏ အမွေတွင် ဝေစုမည်မျှရနိုင်သနည်း။

အဖြေ - ဘိုဘွားတို့၏ အမွေကို သြရသနှင့် အကြီးဆုံးသားသမီးများမှ 
မွေးဖွားသည့် အမွေမမီမြေး နှင့် ၎င်းတို့၏ ဦးကြီး၊ ဦးလေး ၊ ဒေါ်ကြီး 
ဒေါ်လေးတို့သည် အညီအမျှ ရရှိကြမည်။ အခြားသားသမီး များမှ 
မွေးဖွားသည့် အမွေမမီမြေးများသည် မိမိတို့၏ မိဘများ၊ ဘိုးဘွားများကွယ်လွန်စဉ် 
အသက် ထင်ရှားရှိခဲ့လျှင် ရချေမည်ဖြစ်သော ဝေစု၏ (၄)ပုံ(၁)ပုံကို ရရှိကြမည်ဖြစ်သည်။  

 

“ ဦးထွန်းတင် နှင့် ဦးလာဘ ပါ (၂) ၁၉၉၁ မတစ ၈၁ ကိုကြည့်ရန်။” 

ဥပဒေအကျိုးဆောင် LL.B Group Myanmar Law Firm ) ကူးယူဖော်ပြပါသည်။

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate