ပါမစ် မြေများနှင့် ပတ်သက်၍ သိထား သင့်သည်များ...။

ပါမစ် မြေများနှင့် ပတ်သက်၍ သိထား သင့်သည်များ...။

            ပါမစ် မြေများနှင့် ပတ်သက်၍ သိထား သင့်သည်များ...။မြို့သစ်များ ၊ မြို့ကွက်သစ် ချထား ပေးမှုများတွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက မြေလျောက် ထားသူများ ၊ မြေနေရာ ပေးသင့်သူများကို ကနဦး အနေဖြင့် မြေပေးမိန့် ၊ ပါမစ်ဖြင့် လူနေထိုင်ရန် မြေကွက် ချထားခြင်း ဖြစ်ပါသည် ။ အဆိုပါ မြေကွက်သည် အစိုးရမြေအဖြစ်သာ မှတ်တမ်းဝင် နေပါသည် ။ မြေပေးမိန့် ၊ ပါမစ်သည် မြေပိုင်ဆိုင်ခွင့် မြေငှားဂရန် မဟုတ်ပါ ။ တရားဝင် ပိုင်ဆိုင်မှု မဟုတ်ပါ ။ အာဏာပိုင် အဖွဲ့က စီမံခန့် ခွဲရေး နည်းလမ်းအရ လွယ်ကူစေရန် ချထား ပေးခြင်း သဘောသာ ဖြစ်ပါသည် ။ မြေပိုင်ဆိုင်ခွင့် ဂရန် ​ဆက်လက် ဆောင်ရွက် နိုင်ရေး ချထားပေးခြင်း ဖြစ်ပါသည် ။ လိုင်စင်မြေ လောက်ပင် ​ပိုင်ဆိုင်မှု ခိုင်မာခြင်း မရှိပါ ။ ပါမစ်မြေ ကို မြေစာရင်း ၁ ( က ) စာရင်းတွင် ယာယီ သဘောခဲဖြင့် ရေးမှတ်တတ် ကြပါသည်။ ​ပါမစ်ရသူက မြေငှားဂရန် ရရှိရေးကို ဆက်လက် လျောက်ထား ရယူ ရပါသည် ။ မြေပေးမိန်ဖြင့် မြေချထားပေးခြင်းခံရသူ၊ ပါမစ်တွင် အမည်ပေါက်သူ ကိုယ်တိုင် ဂရန်လျောက် ထားမှသာ ဂရန်ရရှိရေး လွယ်ကူ ပါသည် ။ ဂရန်ရရှိမှသာ ၁(က) စာရင်းတွင် အမည်ပေါက် ဖြစ်လာ ပါမည် ။

 

             မြေကွက်တွင် နေထိုင်ခွင့် ပါမစ် ရရှိသူတို့က အရပ် သဘောဖြင့် မနေထိုင် လို၍ ငှားရမ်းခြင်း လွှဲပြောင်း ရောင်းချခြင်း ပြုလုပ်ကြသည်လည်း ရှိပါသည် ။ ပါမစ် မြေကွက် ပေါ် နှစ်ချုပ်ဖြင့် ငှားရမ်း နေထိုင်ခြင်းမှာ အချို့က ပြဿနာ မရှိနိုင် ဆိုသော်လည်း မြေကိုပိုင်ဆိုင်မှု မခိုင်မာသေး သူက ပြန်လည် ငှားရမ်းခြင်း ဖြစ်၍ လည်းကောင်း ၊ ကာလ စည်းကမ်းသတ် ဥပဒေအရ ရေရှည်တွင် အငြင်းပွားနိုင်သဖြင့် လည်းကောင်း ၊ မြေပေးမိန့် ပါမစ်တွင် ပါဝင်သော စည်းကမ်းချက် များအရ လည်းကောင်း ငှားရမ်းမှု ဆောင်ရွက်ရန် မသင့်ပါ။ ပါမစ် မြေကွက်ကို ဝယ်ယူရာတွင် ပါမစ်တွင် လွှဲပြောင်း ရောင်းချခွင့် ပြု / မပြုကို စီစစ်ပြီးမှ ဝယ်ယူ သင့်ပါသည် ။ မပြုတာက များပါသည် ။ ပါမစ်တွင် မြေကွက်ကို လွှဲပြောင်း ရောင်းချ ခွင့်ရှိသည်ဟု ပါရှိပါက ပြင်ပ လူတစ်ဦး အနေဖြင့် ဝယ်ယူ နိုင်ပါသည် ။ ပါမစ်တွင် လွှဲပြောင်း ရောင်းချခွင့် မပြုဟု ဖော်ပြ ပါရှိပါက ပြင်ပပုဂ္ဂိုလ် အနေဖြင့် ဝယ်ယူရန် မသင့်ပါ ။ အကြောင်းမှာ ဂရန် လျှောက်ထားသည့် အခါ သက်ဆိုင်ရာက ဝယ်ယူ နေထိုင်သူ ပြင်ပ ပုဂ္ဂိုလ်အား ဂရန် ထုတ်မပေး ပါက ယင်းမြေကွက် အပေါ်  ပိုင်ဆိုင်မှု ရရှိမည်မဟုတ်ပါ ။ ငွေကျေး ပိုမို ကုန်ကျ၍ ခက်ခဲ နိုင်ပါသည် ။

 

               ပါမစ် မြေကွက်ကို ဝယ်ယူရာတွင် မှတ်ပုံတင် စာချုပ် ပြုလုပ် နိုင်ခွင့် မရှိသဖြင့် နေထိုင်ခွင့် သက်သက်ဖြင့် ဝယ်ယူပါက ပြဿနာရှိ နိုင်မည် မဟုတ်သော်လည်း နောင်တစ်ချိန်တွင် ပြန်လည် ရောင်းချပါက မှတ်ပုံတင် စာချုပ် မရှိသဖြင့် အရပ် စာချုုပ်ဖြင့်သာ ရောင်းချ နိုင်မည်ဖြစ်၍ တန်ရာတန်ဖိုးရရှိ နိုင်မည် မဟုတ်ပါ ။ ပါမစ် မြေကွက် ရောင်းချခဲ့သူကို ဆက်သွယ် ရရှိ၍ ဂရန်လျှောက်ထားပေးပါက ယင်းဂရန် ရရှိသည့်အခါ ပါမစ် အမည်ပေါက် သူနှင့် ဝယ်သူတို့ အနေဖြင့် မှတ်ပုံတင်ချုပ် စာတမ်း ထပ်မံချုပ်ဆို ရမည်ဖြစ်ပါသည် ။ အခွန်အခနှင့် စရိတ်များ ထပ်မံ ကုန်ကျ ပါမည် ။ မြေကွက်များ အနေဖြင့် တစ်နှစ် ထက်တစ်နှစ် ကာလတန် ကြေးများ တက်သဖြင့် ဝယ်ယူသည့်အချိန်က ပေါက်ဈေးနှင့် မှတ်ပုံတင်သည့်အခါ ဖြစ်ပေါ်နေသော ပေါက်ဈေးတို့ ကွာဟချက်ရှိနေသဖြင့် ပါမစ်အမည်ပေါက်သူက ထပ်မံ၍ ငွေတိုး တောင်းလာမည် ကိစ္စရပ် ပေါ်ပေါက် နိုင်ကြောင်း ဝယ်သူ အနေဖြင့် သတိချပ် သင့်ပါသည် ။ ပါမစ်မြေကွက်ကို ရောင်းချခွင့် ရှိ၍ ဝယ်ယူရာ တွင်လည်း ရောင်းချသူထံမှ ယင်းမြေကွက်နှင့် စပ်လျဉ်းသော အထူး ကိုယ်စားလှယ်  လွှဲစာ (Special Power) ကို ရယူထားပါက ဝယ်ယူသူက ဂရန် လျှောက် ထားခြင်း စာချုပ် စာတမ်း ပြုလုပ်ခြင်း တို့ကို ပြုလုပ် နိုင်မည်ဖြစ်ပါသည် ။ပါမစ်မြေကွက် ဝယ်ယူရာတွင် ရောင်းချသူ၏ နိုင်ငံသား စိစစ်ရေး ကဒ်ပြား မိတ္တူနှင့် သန်းခေါင်းစာရင်း မိတ္တူတို့ကိုပါ ရယူထားသင့်ပါသည် ။ အဘယ်ကြောင့် ဆိုသော် ဂရန် လျှောက်ထားသည့် အခါ သက်ဆိုင်ရာက ပါမစ် မြေကွက် ရှိသူ၏  နိုင်ငံသား စိစစ်ရေး ကဒ်ပြား မိတ္တူနှင့် သန်းခေါင်စာရင်း မိတ္တူတို့ကို တောင်းပါက အသင့်တင် ပြနိုင်ရန် ဖြစ်ပါသည် ။

 

ရေးသူ ဆရာမျိုး မင်းထွန်း

ကူးယူ ဖော်ပြပါသည်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate