🔸🔸 ပါမစ်မြေအတွက် မြေပုံ ထုတ်ခြင်း အကြောင်း 🔸🔸

🔸🔸 ပါမစ်မြေအတွက် မြေပုံ ထုတ်ခြင်း အကြောင်း 🔸🔸

🔸🔸 ပါမစ်မြေ အတွက် မြေပုံ ထုတ်ခြင်း အကြောင်း 🔸🔸

     ပါမစ်မြေ ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး 

ကော်မတီက သတ်မှတ် ထားသည့် စည်းကမ်းချက်များ နှင့်အညီ 

လူနေအိမ် ( သို့မဟုတ် ) အဆောက်အအုံ ဆောက်လုပ် နေထိုင် 

ခွင့်ပြု ထားသော မြေကို ဆိုလိုခြင်း ဖြစ်သည် ။

      ပါမစ်မြေ အတွက် မြေပုံ ထုတ်လိုပါက အဆိုပါမြေအား 

မြေချပါပစ် ချထားခြင်း ခံရသူ ဖြစ်သည့်  အမည်ပေါက် ပိုင်ရှင် 

မှဖြစ်စေ ၊ အဆိုပါ ပုဂ္ဂိုလ်ထံမှ အထူးကိုယ်စားလှယ်လွှဲစာ 

ရရှိသူမှ ဖြစ်စေ ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာ ရရှိသူမှ 

ဖြစ်စေ အဆောက်အအုံ ဆောက်လုပ်ရန် ၊ ခြံစည်းရိုး ကာရန် ၊ 

အဝီစိတွင်း တူးရန်နှင့် မြေတိုင်းတာရန် အလို့ငှာ လျှောက်ထား 

နိုင်ပါသည် ။


ယင်းကဲ့သို့ လျှောက်ထား ရာတွင်.…


( ၁ ) မြေချပါမစ် မိတ္တူ နှင့် မူရင်း
( ၂ ) နိုင်ငံသားစိစစ်ရေး ကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် 

ကတ်ပြား မိတ္တူ နှင့် မူရင်း တို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး 

ကော်မတီမှ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ နှင့်အတူ တင်ပြပြီး 

လျှောက်ထား ရပါမည် ။ 

          ထို့ပြင် မြေပုံ ထုတ်ပေးရန်အတွက် သတ်မှတ်ထားသည့် 

ဝန်ဆောင်ခကို လျှောက်ထားသည့် အချိန်တွင် ပေးသွင်းရမည် 

ဖြစ်ပါသည်။

          အထက်ဖော်ပြပါ အချက်များကို ရန်ကုန်မြို့တော် စည်ပင်

သာယာရေး ကော်မတီ၏ မြို့ပြမြေ စီမံခန့်ခွဲမှု ဌာနမှ စစ်ဆေးသွားမည် 

ဖြစ်ပြီး သတ်မှတ်ချက်များ နှင့်ပြည့်စုံ ပါက အခွန်ခွဲဝေ စည်းကြပ်ပုံ 

စာရင်းတွင် မူလမြေချ ထားပေးခြင်း ခံရသူ ၏ အမည်နှင့် တိုက်ဆိုင် 

စစ်ဆေးပြီး မြေစာရင်းတွင် ဂရန် ထုတ်ပေးထားခြင်း ရှိ မရှိ စစ်ဆေးခြင်းအား 

ပြုလုပ်မည် ဖြစ်ပြီး မြေစာရင်းတွင် ဂရန် ထုတ်ပေးထားခြင်း မရှိမှသာ

 မြေတိုင်းမှ သက်သေခံ မြေပုံကို ရေးဆွဲပေးမည် ဖြစ်ပါသည် ။
ထို့နောက် လျှောက်ထားသည့် မြေပုံကို စိစစ်ပြီး ခွင့်ပြုပေးသူ အရာရှိ၏ 

ခွင့်ပြုမိန့်နှင့် မြေပုံကို လက်မှတ် ရေးထိုးပြီး ထုတ်ပေးမည် ဖြစ်ပါသည် ။

 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate