ပေ ၂၀ မြေကို ဂရန် ပေါက်အောင် ဘယ်လို လုပ်ရမလဲ ။

ပေ ၂၀ မြေကို ဂရန် ပေါက်အောင် ဘယ်လို လုပ်ရမလဲ ။

ပေ ၂၀ မြေကို ဂရန်ပေါက် အောင် ဘယ်လို လုပ်ရမလဲ ။ 

ကျွန်မ တို့က ရပ်ကွက်ထဲက ဂရန် ရထားတဲ့ 

ပေ ( ၄၀ * ၆၀ ) မြေကွက်မှာ ပေ ၂၀ ကို

လွန်ခဲ့တဲ့ ( ၂ ) နှစ်လောက် ကတည်းက ဝယ်ပြီး နေထိုင် တာပါ ။

ဂရန် ကိုတော့ မူလ ပိုင်ရှင်က ယူထား ပါတယ်

ဝယ်ထားတဲ့ ကိုယ့် မြေကို ဂရန် အမည် ပေါက်အောင်

ဘယ်လို ဆက်လုပ် ရမလဲ ဆိုတာကို သိလိုပါတယ်

မြေဆိုတဲ့ မရွှေ့ မပြောင်း နိုင်တဲ့ ပစွည်းကို အရောင်း အဝယ် 

ပြုလုပ်တဲ့ အခါမှာ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီး ဝယ်ယူ ရပါတယ်

မှတ်ပုံတင် ထားတဲ့ စာချုပ် ရှိထား ရင်တော့ သက်ဆိုင်တဲ့ 

ဂရန်ထုတ် ပေးတဲ့ ဌာနမှာ ဆောင်ရွက်လို့ ရပါတယ်

 

အကယ် ၍များ အရပ် စာချုပ်ဖြင့် ဝယ်ယူ ထားတယ် ဆိုရင်တော့ 

ဒီစာချုပ်ကို မှတ်ပုံတင် စာချုပ် ဖြစ်ဖို့ ပြန်လည် ချုပ်ဆို ရပါမယ်

ဝယ်ထား တာကလည်း လွန်ခဲ့တဲ့ ( ၂ ) နှစ်လောက် ကတည်းက ဖြစ်တဲ့အတွက် 

စာချုပ် စာတမ်း ဥပဒေ မှာတော့ စာချုပ် ချုပ်ဆိုပြီး ရက်ပေါင်း (၁၂၀) 

အတွင်း မှတ်ပုံတင်ဖို့ လျှောက်ထား ရပါတယ်

အခုဟာက ( ၂ ) နှစ်လောက် ရှိနေပြီဆိူတော့ မှတ်ပုံတင် စာချုပ် ချုပ်ပေးဖို့ 

လျှောက်ထား တဲ့အခါမှာ စာချုပ် စာတမ်း ရုံးက ငြင်းပယ် တာတို့ ၊ 

ဒဏ်ကြေးတိူ့ သတ်မှတ် မှာပါ. အကယ်၍ ကိုယ့်ကိုရောင်းသူ သက်ရှိ ထင်ရှား ရှိနေ သေးတယ်

 

ဆိုရင် ရောင်းသူကို ပြန်လည် ခေါ်ယူပြီး မှတ်ပုံတင် စာချုပ် ချုပ် ဆိုခိုင်း ရပါမယ်

မှတ်ပုံတင် စာချုပ် ရှိလာတဲ့ အခါကျမှသာ စည်ပင် သာယာရေး ကော်မတီကို 

မှတ်ပုံတင် စာချုပ်နဲ့ ပူးတွဲပြီး ဦးပိုင် ခွဲစိတ် ပေးဖို့နဲ့ ဂရန်ကို ခွဲစိတ် ထုတ်ပေးဖို့ လျှောက်ထား ရပါမယ်

ဌာန ရဲ့လုပ်ထုံး လုပ်နည်း များအရ လုပ်ပေး ပိုင်ခွင့်ရှိသလို လျှောက်ထားသူ 

အနေနဲ့လည်း ရပိုင်ခွင့် ရှိပါတယ်.ဌာနရဲ့  လုပ်ထုံး လုပ်နည်း အရတော့ ပေ ( ၂၀ ) /

စတုရန်း ပေ ၁၂၀၀ ထက် လျော့နည်း ရင်တော့ လုပ်ပေး ပိုင်ခွင့် မရှိပါဘူး

အခုဟာက ပေ ၂၀ ကွက်တိ ရှိနေတာ ဖြစ်တဲ့ အတွက်

လုပ်ထုံး လုပ်နည်းများ နှင့်အညီ ဆက်လက် ဆောင်ရွက် သွားမယ် ဆိုရင်တော့

ကိုယ့် အမည်ပေါက် ဖြစ်ဖို့ရာ လွယ်ကူ ပါလိမ့်မယ်
 

#DVBLAWLAB
#Crd to owner

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate