'မြေဂရန် အမည်ပေါက် ရအောင် ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာ သိချင်လို့ပါ ဆရာ''

'မြေဂရန် အမည်ပေါက် ရအောင် ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာ သိချင်လို့ပါ ဆရာ''

'မြေဂရန် အမည်ပေါက် ရအောင် ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာ သိချင်လို့ပါ ဆရာ'' ဖုန်းဖြင့် ဆွေးနွေးခြင်း ဖြစ်သည် ။

'' အကိုက မြေကွက် ဝယ်ထားလို့လား ''

'' ဟုတ်ကဲ့ ဆရာ ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ ပါတယ် ပြောတယ် ။ မြေကွက်က ဂရန်မြေကွက် ဆိုတော့ ဝယ်ထားရင်          ကောင်းမလား လို့ ''

 

'' ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား ''

'' အခုက စုံစမ်းရုံ အဆင့်ပဲ ဆိုတော့ ဂရန် ဓာတ်ပုံ မိတ္တူ မရခဲ့သေးဘူး ''

''  စရန်ငွေ မချရသေးဘူးပေါ့ ''

 

'' ဟုတ်ပါတယ် ဆရာ ။ ဘယ်လို အဆင့်တွေ ဆောင်ရွက်ရမယ် ဆိုတာလဲ သိချင်လို့ပါ ”

'' မြေဂရန်မှာ ရောင်းမယ်ဆိုသူ ရဲ့ အမည်ပေါက်လား ''

'' အကျိုးဆောင် အိမ်ပွဲစား ပြောတာတော့ ရောင်းသူ အမည်ပေါက်လို့  ပြောတယ် ထင်တယ် ။

    ဂရန် အမည်ပေါက် ဖြစ်လို့ အဆင်ပြေတယ်လို့ ပြောတာပဲ ဆရာ ''

 

'' ရောင်းသူ ကိုယ်တိုင် မြေဂရန် အမည်ပေါက် ဆိုရင်တော့ လုပ်ဆောင်ရမယ့် အဆင့်က နည်းနည်း သက်သာသွားတာပေါ့ ။

   ဒါပေမယ့် မြေဂရန် အမည်ပေါက် ဖြစ်သူက ကွယ်လွန်သွားမယ် ။

    မြေဂရန် အမည်ပေါက်သူထံက မှတ်ပုံတင် အရောင်းအဝယ် စာချုပ် မပြုလုပ်ဘဲ ဝယ်ထားသူ ထပ်ဆင့် ရောင်းတာလည်း ရှိတတ်          တယ် ''

''  ပထမဆုံး ဘယ်လို စိစစ်ဆောင်ရွက်ရမလဲ ဆရာ ''

 

'' ရောင်းသူက မြေဂရန်ဓာတ်ပုံ မိတ္တူ မပေးရင်တော့ မြေကွက်အမှတ် ၊ ဂရန်အမည်ပေါက် အမည် ၊ အတိုင်းအတာ ၊ နှစ် ၆ဝ ဂရန် 

   ဟုတ် မဟုတ် စတဲ့အချက်တွေကို ရေးမှတ်ယူပြီး ရန်ကုန်မြို့တော်ခန်းမမှာရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြို့ပြ       နှင့် မြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက် စုံစမ်းရပါတယ် ''

 

'' အချို့  မြေကွက်တွေက ကန့်ကွက်ထားတာတွေလည်း ရှိတတ်တယ်လို့  ပြောတယ် ဟုတ်ပါသလား ''

'' ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် သွားရောက် စုံစမ်းတဲ့အခါမှာ ရောင်းသူ အမည် နဲ့ ဂရန်မှာ အမည်ပေါက် နေသလား ။

   ကန့်ကွက်သူ ရှိ မရှိ ၊ ဂရန် သက်တမ်း ကုန် မကုန် ဆိုတဲ့ အချက်တွေကို အဓိက စုံစမ်းရမှာ ဖြစ်တယ် ''

'' ဒီအချက်တွေ  ပြည့်စုံရင် အရောင်းအဝယ် လုပ်လို့ ရပြီလား ''

 

'' မြေဂရန် အမည်ပေါက်က ရောင်းမည့်သူ့ရဲ့  အမည် ဖြစ်နေပြီး ၊ နှစ် ၆ဝ ဂရန် သက်တမ်း မကုန်သေးဘူး ဖြစ်မယ် ။

    ကန့်ကွက်ထားသူလည်း မရှိဘူးဆိုရင်  ' စရန်ပေးစာချုပ် ' ချုပ်ဆိုလို့ ရပြီပေါ့ ''

''  အရောင်းအဝယ် စရန်ပေးစာချုပ် - ချုပ်ဆိုပြီးပြီဆိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် 

     ရပါသလဲ ''

 

'' အဆင့်တွေကတော့ များတယ် ၊  အကို  နားလည်အောင် ပြောရရင် -

 

၁ ။ ဂရန်အမည်ပေါက်သူထံက တိုက်ရိုက် ဝယ်မယ်ဆိုရင် ရောင်းသူ ( ဂရန်အမည်ပေါက်သူ ) က မြို့တော်ခန်းမမှာ သွားပြီး 

      မြေပုံမြေရာဇဝင် ကူးပေး ရပါမယ် ။

 

၂ ။  မြေပုံမြေရာဇဝင် ရပြီဆိုရင် အရောင်းအဝယ် အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ် ။

 

၃ ။ အရပ်ကတိစာချုပ် ချုပ်ပြီးရင် အရောင်းအဝယ် ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက် ၊ ဘေးဘက် ဓာတ်ပုံ နှစ်ပုံစီ ၊ စုစုပေါင်း လေးပုံနဲ့         အတူ အရောင်းအဝယ် ကတိစာချုပ် မိတ္တူ ၊ ဝယ်သူရဲ့  နိုင်ငံသား ကတ်ပြားမိတ္တူ ၊ အိမ်ထောင်စု စာရင်းမိတ္တူ ခြောက်စုံစီကို                ယူသွားပြီး  ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့  ( အခွန်ဦးစီးဌာန ) မှာ အမြတ်ခွန် ပေးဆောင်ဖို့နဲ့ 

      အခွန်တံဆိပ်ခေါင်း ကပ်ဖို့ အတွက် တင်ပြလျှောက်ထားရပါတယ် ။

 

၄ ။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်း စစ်ဆေးပါတယ် ။ ပြီးတော့မှ အိမ်နှင့်မြေ ကာလတန်ဖိုး       သတ်မှတ် ပေးပါတယ် ။

 

၅ ။  အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ်  ဝယ်သူ အနေဖြင့် ဝင်ငွေရလမ်း မဖော်ပြနိုင်လျှင် ဖြစ်စေ ၊ ဝင်ငွေရ           လမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေ တန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုး ( ၁ ) ကျပ်မှ ၊       ကျပ်သိန်း ၃ဝဝ ထိ - ၁၅ ရာခိုင်နှုန်း ။ ကျပ်သိန်း ၃၀၁ ကျပ် မှ ကျပ်သိန်း ၁၀၀၀ ထိ ၂၀ ရာခိုင် နှုန်း ။ ကျပ်သိန်း ၁၀၀၁ ကျပ်မှ                   အထက်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ်၍ အခွန်ငွေ ထမ်းဆောင် ရပါတယ် ။ တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ်   မူတည်ပြီး                   တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့ အတွက် သတ်မှတ်ပေးပါတယ် ။

 

၆ ။ အဲဒီ သတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာ  မြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့  မြို့နယ်ဘက်တို့မှာ သွားရောက်ငွေ      သွင်း ရပါတယ် ။ မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီး ဌာနကို အကြောင်း ကြားပါတယ် ။ တိုင်းအခွန်ဦးစီး      မှူးရုံးက ရန်ကုန်မြို့  စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ          ပေးပို့ပါတယ် ။

 

၇ ။ ရန်ကုန်မြို့  စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ် စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူ ကိုယ်တိုင် 

      ရောင်းသူ အဖြစ် လက်မှတ် ရေးထိုးရပါတယ် ။ ဝယ်သူနဲ့ သက်သေနှစ်ဦး ၊ လက်မှတ် ရေးထိုးရတယ် ။ စာချုပ် ချုပ်ဆိုပြီးရင်တော့       မှတ်ပုံတင်ကြေး ပေးသွင်း ရပါတယ် ။

 

၈ ။ မှတ်ပုံတင် စာချုပ် ချုပ်ဆိုပြီး သုံးပတ် ကြာရင်တော့ မှတ်ပုံတင် အပြီးအပိုင် အရောင်းအဝယ် စာချုပ်ကို ထုတ်ယူလို့ ရပါပြီ ''

    '' မြေဂရန် အမည်ပြောင်းမယ် ဆိုရင် ဘယ်လို ဆက်လုပ်ရမလဲ ဆရာ ''

    '' အရောင်းအဝယ် မှတ်ပုံတင် စာချုပ်နဲ့ ဝယ်သူ့ရဲ့  မှတ်ပုံတင် ကတ်ပြားကို ယူပြီး မြို့တော်ခန်းမကို သွားလို့ အမည်ပြောင်း                      လျှောက်ထားရပါတယ် ။ မြေယာဌာနက သတ်မှတ်တဲ့ အမည်ပြောင်းခ ၊ သတင်းစာ ကြော်ငြာခတွေ ပေးသွင်းပြီး ကန့်ကွက်သူ

       ရှိ မရှိ တစ်ပတ် ၊ ၇ ရက် စောင့်ရပါတယ် ။ ကန့်ကွက်သူ မရှိရင်တော့ မိမိ ဝယ်ထားတဲ့ မြေဂရန်မူရင်းကို သက်ဆိုင်ရာက အမည်            ပြောင်းလဲ မှတ်သားပေးသွားမှာ ဖြစ်ပါတယ် ''

 

       Credit (  ဥပဒေရေးရာ )

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate