အရောင်း အဝယ် စာချုပ်...

 အရောင်း အဝယ် စာချုပ်...

စာချုပ် စာတမ်းများ မှတ်ပုံတင် ရန်အတွက် တင်ပြ

သည့် စာချုပ်စာတမ်း နှင့်အတူ 

လိုအပ်သည့် မူရင်း စာရွက် စာတမ်းများ

 အရောင်း အဝယ် စာချုပ်..... 

.................................

( က ) ရောင်းသူ / ဝယ်သူနှင့် သက်သေများမှ 

လက်မှတ်များ ပြည့်စုံစွာ ရေးထိုးထားပြီး တံဆိပ် 

ခေါင်းခွန် ဥပဒေအရ ကပ်နှိပ် ထမ်းဆောင် 

ပြီးသော အရောင်း အဝယ် စာချုပ်ကို ချုပ်ဆို

သည့်နေ့မှ ရက်ပေါင်း ( ၁၂၀ ) အတွင်း သတ်မှတ် 

ထားသည့် လျှောက်လွှာ ပုံစံတွင် ရုံးခွန် တံဆိပ်ခေါင်း

 ( ၁၀၀ ) ကျပ်တန် ကပ်နှိပ်၍ စာချုပ်ချုပ် ဆိုသူ

တဦးဦးမှ ကိုယ်တိုင် လာရောက် ရေးထိုးပြီး 

လျှောက်ထား ရမည်

 

( ခ)  ရောင်းသူ ဝယ်သူနှင့် သက်သေများ၏ နိုင်ငံသား 

စိစစ်ရေးကဒ် ( သို့မဟုတ် ) မှတ်ပုံတင်ကဒ် ( ၎င်းကဒ်များ 

ပျောက်ဆုံး ပျက်ဆီးပါက သက်ဆိုင်ရာ မြို့နယ်လဝက 

ဦးစီးဌာနမှူး၏ ထောက်ခံချက် )  မူရင်းနှင့် မိတ္တူပူးတွဲ 

တင်ပြ၍ လူကိုယ်တိုင် လာရောက် ရပါမည်

 

( ဂ ) ရောင်းချသည့် မရွှေ့မပြောင်း နိုင်သော ပစ္စည်းအား 

ရောင်းချသူမှ လက်ဝယ် ပိုင်ဆိုင်လျှက် ရှိကြောင်း 

အထောက်အထား ဖြစ်သည့် ဂရန်မူရင်း  ( သို့မဟုတ် ) 

ဂရန်မူရင်းနှင့်အဆက်အစပ် 

စာချူပ်စာတမ်း မူရင်းနှင့် မိတ္တူယူဆောင် တင်ပြနိုင်ရမည်

 

( ဃ ) အရောင်း အဝယ် စာချုပ်တွင် ရောင်းချသည့် မရွှေ့ 

မပြောင်းနိုင်သော ပစ္စည်းတည်ရှိရာကို ဖော်ပြသည့် သက်ဆိုင်ရာ

ဌာနမှ တစ်နှစ်အတွင်း အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန် 

ထုတ်ပေးသော မြေပုံ ( ၂ ) ပုံနှင့် မြေရာဇဝင် ပူးတွဲတင် 

ပြရပါမည်

 

( င ) စာချုပ်ပါ အရောင်းအဝယ် ပြုလုပ်သည့် မရွှ့မပြောင်း 

နိုင်သော ပစ္စည်း စာရင်းအား သက်ဆိုင်ရာ ကာလတန်ဖိုး 

စိစစ်သတ်မှတ်ရေး အဖွဲ့က သတ်မှတ်ထားသည့် တန်ဖိုးငွေ  

အပေါ် တံဆိပ်ခေါင်းခွန် | ဝင်ငွေခွန် ထမ်းဆောင် ပြီးကြောင်း 

သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် စာရွက်

စာတမ်းများ ပြည့်စုံစွာ တင်ပြနိုင်ရမည်

 

( စ ) ရောင်းသူ / ဝယ်သူများ ကိုယ်စား ၎င်းတို့မှ လွှဲအပ် 

မှတ်ပုံတင် ထားသော ကိုယ်စားလှယ် လွှဲစာရရှိသူမှ ချုပ်ဆို

ထားသော အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတင် ပေးရန် 

လျှောက်ထားခြင်းဖြစ်ပါက ကိုယ်စားလှယ်လွှဲ အပ်သူ ရောင်းသူ 

( သို့မဟုတ် )  ဝယ်သူများ သက်ရှိ ထင်ရှား ရှိကြောင်းနှင့် 

၎င်းကိုယ်စားလှယ်လွှဲ စာကို ရုပ်သိမ်းခြင်း မရှိကြောင်း 

အထောက် အထား ပြည့်စုံစွာ တင်ပြနိုင်ရမည်

လိုအပ်ပါက သက်ဆိုင်ရာ တရားရုံးတွင် ကျိမ်ဆိုထားသော 

တရားရုံး ကျမ်းကျိမ်လွှာ  စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင်  

ကိုယ်စားလှယ်လွှဲစာ မရုတ်သိမ်း သေးကြောင်း စိစစ်ချက် 

ပူးတွဲတင်ပြနိုင်ရမည်

 

  Crd

ဆက်လက်ဖော်ပြပါမည်

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate