ကျွန်တော်တို့ဒေသမှာ အိမ်ဝိုင်းတွေကို အရောင်းအဝယ် လုပ်တဲ့အခါ ယာမြေကို အိမ်ဝိုင်းအဖြစ် အကွက်ရိုက် ရောင်းချလေ့ရှိပါတယ် ။

ကျွန်တော်တို့ဒေသမှာ အိမ်ဝိုင်းတွေကို အရောင်းအဝယ် လုပ်တဲ့အခါ ယာမြေကို အိမ်ဝိုင်းအဖြစ် အကွက်ရိုက် ရောင်းချလေ့ရှိပါတယ် ။

ကျွန်တော်တို့ဒေသမှာ အိမ်ဝိုင်းတွေကို အရောင်းအဝယ် လုပ်တဲ့အခါ ယာမြေကို အိမ်ဝိုင်းအဖြစ် အကွက်ရိုက် ရောင်းချလေ့ ရှိပါတယ် ။ ယာမြေကို ပုံစံ ၇ ရှိရုံနဲ့ အိမ်ဝိုင်းအဖြစ် ရောင်းဝယ်နိုင်ပါသလား ။ ဝယ်သူအနေနဲ့ အိမ်ဝိုင်း ဂရန်ရအောင် ဘယ်လို လုပ်ရမလဲဆိုတာကို သိလိုပါတယ် ။
==========================
      ယာမြေဆိုတာ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) အရ လယ်ယာမြေဆိုသည့် စကားရပ်မှာ ပါဝင်သော မြေဖြစ်ပါတယ်။ ယာမြေကို ပုံစံ ၇ ရှိရုံနဲ့ ရောင်းဝယ်နိုင်သလား ဆိုတော့ သာမန်အား ဖြင့် ရောင်းဝယ်နိုင်ပါတယ်လို့ ဖြေရမှာပါ။ သို့သော် အိမ်ဝိုင်းမြေအဖြစ် ရောင်းဝယ်ခြင်း ကို အခွင့်ပေးတာ မဟုတ်ပါဘူး။ လယ်ယာမြေ လုပ်ပိုင်ခွင့်ကိုသာ ပုဒ်မ ၉(ခ)အရ ရောင်းဝယ် ခွင့်ပြုခြင်း ဖြစ်ပါတယ်။ 


             ယခုမေးခွန်းပါ ယာမြေကို စိုက်ပျိုးလုပ်ကိုင်မှု အတွက်သာ လယ်ယာ မြေလုပ်ပိုင်ခွင့် ပုံစံ ၇ ထုတ်ပေးခြင်း ဖြစ်ပါတယ်။ ပုံစံ ၇ ရရှိသူ လိုက်နာရမည့် စည်းကမ်း ချက်တွေကို ပုဒ်မ ၁၂ မှာ ဖေါ်ပြထားရာမှာ ပုဒ်မခွဲ (ဆ) ( ယခု ပုဒ်မခွဲ ( စ ) ) မှာ “လယ်ယာ မြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်း သုံးစွဲခြင်းမပြုရ”..လို့ တားမြစ်ထားပါတယ်။ ယာကွက် ပိုင်ရှင်သည် အိမ်ဝိုင်းကွက် အဖြစ် ဆောင်ရွက်လိုပါက ပုဒ်မ ၃၀(ခ) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရထံ အခြားနည်းသုံး ခွင့်ပြုမိန့် လျှောက်ထား ရယူပြီးမှ သာ အခြားနည်းသုံး ဆောင်ရွက်နိုင်ပါမယ်။ 


              ပုံစံ ၇ ရရှိထားသူ ယာကွက်ပိုင်ရှင် အနေဖြင့် ခွင့်ပြုမိန့်မရဘဲ အိမ်ဝိုင်းကွက် အသုံးပြုပါက ပုဒ်မ ၁၂ ချိုး ဖေါက်မှုဖြင့် ပုဒ်မ ၁၉ အရ အမိန့် ထုတ်ဆင့် အရေးယူ ခံရပါမယ် ။ မနာခံရင် ပုဒ်မ ၂၀( က ) အရ တရားစွဲဆိုခြင်း ခံရမည် ဖြစ်ပြီး ပုဒ်မ ၃၅ အရ ထောင်ဒဏ် ၊ ငွေဒဏ်များ ကျခံ ရနိုင်ပါတယ်။ ရောင်း သူ ဖြစ်ဖြစ် ဝယ်သူဖြစ်ဖြစ် အဆိုပါ ယာမြေမှ ဝိုင်းကွက်ကို တရားဝင် အသုံးပြုလိုပါက လယ်ယာ မြေ အခြားနည်းသုံး လယ ၃၀( ခ ) လျှောက်ထား အသုံးပြုသင့်ကြောင်း ၊ ယင်း လယ ၃၀ ရရှိပြီး မှ သာ ကျေးရွာ ဂရန် ဆက်လက် လျှောက်ထားသင့်ကြောင်း အကြံပြုလိုပါတယ်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate