အကွက်ရိုက် ရောင်းတဲ့ မြေကွက်လေးတွေ တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?
အကွက်ရိုက် ရောင်းတဲ့ မြေကွက်လေးတွေ တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?
မဖြစ်မချင်းတော့ ဘာမှ မဖြစ်ဘူး...
ဖြစ်လာ ရင်လည်း ဘာမှ ပြန်မရဘူး...
တရားမဝင် မြေကွက်ရိုက် ရောင်းတဲ့ လုပ်ငန်းဟာ
ဥပဒေနဲ့ မလွတ်ဘူး ဆိုပေမယ့်
အမြတ် အရမ်းကျန် ပါတယ်။
ကိုယ်ရောင်း လိုက်တဲ့ မြေကွက်ဟာ
ဈေးသက်သာ လွန်းရင်လည်း
ဝယ်သူ မယုံကြည်မှာ စိုးတာကြောင့်
ဝယ်သူ ယုံကြည်လောက်တဲ့ ဈေးအထိ
ဈေးတင်ပြီး ရောင်းကြ ပါတယ်။
အဲ့ဒါ ကလည်း တရားမဝင်အကွက်
ရိုက်ရောင်းတဲ့ ဈေးကွက်အတွက်
အမြတ်အစွန်း များစွာကို ရစေပါတယ်။
တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ လောက်နဲ့ ပေးဝယ်ရတဲ့မြေဟာ
အိမ်ဝိုင်း ကွက်ရိုက်ပြီး ပြန်ရောင်းရင်
မြေအနေ အထားနဲ့ လမ်းအနေအထား ပေါ်မူတည်ပြီး
၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိ ရတာဆိုတော့
တွက်လိုက်ရင် အိမ်ဝိုင်း တစ်ဝိုင်းစာအတွက်
မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်း လောက်ပဲ ရှိတာပါ ။ အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့
ပြန်ရောင်း တယ်ဆိုရင် ဝယ်သူတွေအတွက်
" ဈေးချို လွန်းတယ် ဟုတ်မှ ဟုတ်ပမလား " ဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။
မယုံကြည် တော့ပါဘူး ။
အဲ့ဒီတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင်
သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် စသဖြင့် ဈေးတင် ရောင်းကြတာပါ။
အဲ့ဒီလိုရောင်းတဲ့အတွက်
အမြတ်လည်း အရမ်းရပါတယ်။
အဲ့လို အမြတ်များတော့ တစ်ချို့ စီးပွားရေး သမားတွေက ကိုယ်တိုင် မလုပ်တော့ပါဘူး။
ဥပဒေနဲ့ မလွတ်လို့ ပြဿနာ အရှုပ်အရှင်းဖြစ်ရင်
ရှောင်ထွက်လို့ ရအောင်လို့ပါ။
အဲ့ဒီတော့ ပွဲစားတွေကို ပါးပါးနပ်နပ်
အသုံးချလာ ကြပါတယ်။
ဘယ်လို အသုံးချ သလဲဆိုရင်
အဲ့ဒါ မျိုးလုပ်ဖို့ လူလေး ငါးယောက်လောက်
စုပြီး အဖွဲ့ဖွဲ့ လိုက် ပါတယ် ။ ခေါင်းဆောင် မပါပါဘူး ။ မြေကို စုဝယ်လိုက် ပါတယ်။
အမည်ပေါက် မပြောင်းပါဘူး။
ပြဿနာ ဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။
အခြားနည်း အသုံးပြုခွင့် လျှောက်ပြ ပါတယ်။
ခွင့်ပြုမိန့် ကျစရာ မလိုပါဘူး။
သက်ဆိုင်ရာ လူတွေသိရင် ရပါပြီ။
ဒါမှ မကျေနပ်တဲ့ သူတွေက တိုင်ရင်
အခြားနည်း အသုံးပြုခွင့် လျှောက်ထားတာလို့
ဆင်ခြေ ပေးလို့ရအောင် လို့ပါ။
ရောင်းတော့လည်း ပြောအားရှိပါတယ်။
ခွင့်ပြုမိန့်သာ မပါတာ။
အခြားနည်း အသုံးပြုခွင့်
လျှောက်ထား ပါတယ် ဆိုပြီးတော့လေ ။
မြေယာပုံစံ -၁၀၅ က မြေပိုင် ဆိုင်ခွင့်မှ မဟုတ်တာ။
အဲ့ဒီလို လုပ်ပြီးပြီဆိုရင်
မြေထိုးတဲ့ စက်သမားကိုခေါ်
တစ်ဧက တစ်သိန်းနှုန်း ပေးမယ်။
ပွဲစားလုပ်တဲ့ သူတွေကိုလည်း ခင်ဗျားရောင်း ပေးမလား
တစ်ဝိုင်းရောင်း ထွက်ရင် တစ်သိန်းပေးမယ် ။
လူရှာပေးတဲ့ သူတွေကိုလည်း ခင်ဗျားလူရှာ ပေးမလား တစ်ဝိုင်းရောင်း
ထွက်ရင် တစ်သိန်းပေးမယ် ... စသဖြင့် လူရှာပြီး ရောင်းပါတယ်။
အဲ့ဒါ ကြောင့် အဲ့လို အကွက်ရိုက် ရောင်းတဲ့ နေရာသွား လိုက်တာနဲ့ ဘယ်ကနေ
ထွက်လာမှန်း မသိတဲ့သူတွေ... online ကနေ လူရှာပေးတဲ့သူတွေ ပွစိတက်
လာတာပါ ။ အဲ့လိုလူတွေ ကလည်း သူတို့နဲ့ ရင်းနှီးတဲ့ သူတွေ
ခင်မင်တဲ့ သူတွေကို စပ်ပေးပြီး
"မြေကွက်တွေ ဘယ်နားမှာ ရှိတယ် ငါက ဘယ်အကွက် ယူထားတာ နင်လည်း
ယူအုံးမလား တန်တယ်နော် ။ နောက်ဆို အဲ့ဈေးနဲ့ ရမှာ မဟုတ်ဘူး
စတဲ့ စကားတွေနဲ့ သူ့လူတွေကို ဝယ်ချင် လာအောင် စည်းရုံး ပါတော့တယ်။
တစ်ဝိုင်း ရောင်းထွက်ရင် တစ်သိန်း ရတာဆိုတော့ မနည်းဘူးလေ ။ အဲ့ဒီလို စည်းရုံးလို့ ရပြီဆိုတာနဲ့
ပိုင်ရှင် အမည်ခံပြီး ရောင်းပေးမယ့် သူဆီကို
ပိုင်ရှင် ဆိုပြီး ခေါ်သွား တော့တာပါပဲ ။
ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင် ယောင်ဆောင်ပြီး စာချုပ်ချုပ် ပေးလိုက်ရော ။
တစ်ချို့ ပွဲစားတွေဆို စာချုပ်မှာ
ပိုင်ရှင် ကိုယ်စားဆိုပြီး လက်မှတ်ထိုး ရောင်းပေးလိုက် တာတွေလည်း ရှိပါသေးတယ် ။
လတ်တလော ပိုက်ဆံရလို့ လုပ်ပေး လိုက်တာပါ။
တစ်ချို့က မှတ်ပုံတင် ၊ အိမ်ထောင်စု ဇယား မိတ္တူတွေနဲ့ လုပ်ပေးတာ တွေလည်း ရှိပါသေးတယ် ။
နာရီပိုင်း အတွင်း ပိုက်ဆံ သိန်းနဲ့ ချီရတာကိုး...
တစ်ချို့ ကြတော့လည်း ပွဲစားတွေကို ခင်ဗျားက ဒီအကွက်တွေ ရောင်းပေး ။
ခင်ဗျားက သင့်သလို ဈေးခေါ်
သိန်း အစိတ်ဝန်း ကျင်နဲ့ ဈေးညှိရောင်း
ဈေးအရမ်း မတင်နဲ့ ရေရှည် လုပ်လို့ရ အောင်လို့ ။
ကျုပ်တို့ အဖွဲ့ကို တစ်ဝိုင်း ရောင်းထွက်ရင် ၂၃ သိန်းသွင်း ဆိုပြီး အဲ့ဒိလို လုပ်ရောင်းတာ
တွေလည်း ရှိပါတယ် ။ ပြဿနာ အရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက
လွတ်အောင် လုပ်တဲ့ သဘောမျိုးပါ ။
ပြီးမှ ပိုက်ဆံခွဲယူ ကြတာပါ ။
ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး။
သိန်းနှစ်ဆယ် အစိတ်လောက်နဲ့
မြေကွက် အပိုင်ရမှာ ဆိုတာရယ်...
မြေယာ ဥပဒေတွေကို မသိနားမလည်းတဲ့
အတွက် ကြောင့်ရယ် ရှိစုမဲ့စုနဲ့ ဝယ်ကြပါတယ်။
ဝယ်သူ အများစုက သူတို့ဝယ်တဲ့ မြေနဲ့ ပတ်သက်ပြီး မူရင်း အမည်ပေါက်က ဘယ်သူလဲ။
ရောင်းတဲ့သူက ဘယ်သူလဲ။
ဒီပစ္စည်းက ရောင်းသူ လက်ထဲ
ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင် လာတာလဲ။
သူ့ ပိုင်ဆိုင်မှုက တရားဝင် ပိုင်ဆိုင်မှုလား ။
မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ် သဘောအရ အရပ်စာချုပ်ချုပ်
ထားလို့ ပိုင်ဆိုင်မှု ရနေတာလားဆိုတာ နားလည်တာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် ဂျင်းထည့်ရောင်းကြတာပါ။
*** တတ်သိနားလည်တဲ့သူနဲ့ သွားဝယ်ရင်
အရောင်းအဝယ် ပျက်တာများပါတယ်။ ***
မဟုတ်တာ လုပ်ရောင်းတာဆိုတော့
နားလည်တဲ့သူကြ လိမ်ရောင်းလို့မရလို့ပါ။
နားမလည်တဲ့သူတွေကတော့
မျက်ကန်း တစ္ဆေ မကြောက်မို့ ဝယ်ပါတယ်။
တစ်ချို့ အကွက်ရိုက် ရောင်းတဲ့ သူတွေဆို
တောင်သူ တွေဆီက ဝယ်တုန်းက
စာချုပ် ထဲမှာက ဈေးတစ်မျိုး။
အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့ စာချုပ်ထဲ
မိတ္တူ ဆွဲထည့်ပေးဖို့ လုပ်ထားတဲ့
စာချုပ်အတုက ဈေးတစ်မျိုး။
အဲ့ဒီလို ဂျင်းထည့်တာ တွေလည်း ရှိပါသေးတယ် ။
ဒီမြေယာဟာ ဘယ်လောက်ပဲ တန်တယ်ဆိုတာ
ဝယ်သူ အများစုက မသိကြပါဘူး။
အဲ့ဒီတော့ လိမ်ရောင်းလို့ ရပါတယ်။
ပြီးတော့ တရားမဝင် အကွက်ရိုက်ပြီး
ပြန်ရောင်း တဲ့ သူတွေက စာချုပ်ထဲမှာ
ဘယ်လိုပဲ တာဝန်ယူပေး တယ်ပြောပြော
တစ်ကယ် ပြဿနာ ဖြစ်လာရင်
စာချုပ်မှာ အမည်ခံပြီး ရောင်းတဲ့သူရယ်
သက်သေ အနေနဲ့ လက်မှတ် ထိုးတဲ့သူရယ်
ဝယ်သူရယ် အမည်ပေါက် ပိုင်ရှင်ရယ်ပဲ ရှင်းရတာပါ။
မရွှေ့ ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ
အရောင်း အဝယ်လုပ်ရင်
ကျသင့်တဲ့ ဝင်ငွေခွန် ၊ တံဆိပ် ခေါင်းခွန်တွေ
ထမ်းဆောင်ပြီး
သက်ဆိုင်ရာ မြေစာရင်း ဦးစီးဌာနမှာ
မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ရပါတယ် ။
အရပ် စာချုပ်နဲ့ ပြီးစလွယ် အရောင်းအဝယ် တာတွေဟာ တရားရုံးမှာ သက်သေခံ မဝင်တော့
မြေကို အဖွဲ့ဖွဲ့ပြီး ဝယ်တာက
သူတို့ အတွက် ဂျင်းထည့်ဖို့ ဂွင်ဖြစ်နေပါတယ် ။
ပြဿနာ ဖြစ်လာရင် သူတို့ကို ဆွဲထည့်လို့
မရတော့ဘူးလေ။
သူတို့ကို ဆွဲထည့် ရင်တောင် ငြင်းမယ် ရှောင်မယ်
ဝေ့လည် ကြောင်ပတ် လုပ်မယ်။
ဥပဒေကို လက်တလုံးခြားပြီး လွတ်အောင် လုပ်မယ် ။ ဘယ်လောက် ကောင်းလဲ ။
စာချုပ် ထဲမှာ အမည်ပါ တဲ့သူတွေ
လက်မှတ် ထိုးတဲ့သူတွေ
လက်ဗွေနှိပ် တဲ့သူတွေ ရှင်းကြပေါ့ ။
အဲ့ဒီလို လုပ်ကြတာပါ ။
အမြတ်ကြ တော့လည်း တွက်ကြည်ဦး ။
တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ
ရောင်းပေးတဲ့သူ တစ်သိန်း
လူရှာ ပေးတဲ့သူ တစ်သိန်း
လက်မှတ်ထိုး သက်သေ လုပ်ပေးတဲ့သူ တစ်သောင်းစီ သက်ဆိုင်ရာ ဘာညာ သာရကာက ၅ သောင်း
မြေကွက် အတွက် အရင်းက ခုနှစ်သိန်း
စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင်
မြေကွက် တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ်ကျန်ပါတယ်။
ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို တွက်ကြည့်လိုက်ပါ။
သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ ။
ငါးယောက် လောက်စုပြီး
တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး။
အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်
မြတ်သွားပါတယ်။
ဒါတောင် တစ်ဝိုင်း သိန်း အစိတ်နဲ့ပဲ ဥပမာထားပြီး
တွက်ပြသေးတာပါ။
တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို
ဘယ်လောက်မြတ်မလဲ
စဉ်းစားကြည့်လို့ရပါတယ်။
အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင်
အိမ်ဝိုင်းကွက်တွေကို ပိုင်ရှင်အမည်ခံရောင်းသူတွေ ပွဲစားတွေနဲ့ ဂျင်းထဲရောင်းကြတာပါ။
တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင်ခွင့်ပြုထားလို့
မီးရတော့မှာလိုလို ဓာတ်တိုင်တွေဟန်ပြစိုက်
ကြိုးတွေသွယ်ပြီး ဂျင်းထည့်တာတွေလည်းရှိပါတယ်။ မီတာသွားလျှောက်မှ ဓာတ်တိုင်တွေက
ဂျင်းထည့်ထားမှန်းသိရတာတွေလည်း ရှိပါတယ်။
တရားမဝင် အကွက်ရိုက်ရောင်းသူတွေက
သူတို့ အဲ့ဒီလို ဂျင်းထည့်ထားတာတွေ ပေါ်မှာစိုးလို့
သူတို့ဆီကရောင်းတဲ့မြေကွက်တွေကိုဝယ်ရင်
မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ရင်
မချုပ်စေချင်ပါဘူး။
ချုပ်ရင်လည်း သိန်းနှစ်ဆယ် အစိတ်နဲ့
ဘယ်လိုမှ မလောက်ပါဘူး။
မြေစာရင်းရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင်
ကိုယ့်ဟာကိုယ် ကုန်ကျစားရိတ်ခံရမယ်
အခွန်တွေ ဆောင်ရမယ်။
ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်လဲ တရားဝင်တာပဲ...
စသဖြင့် မဟုတ်မမှန်တဲ့စကားတွေနဲ့
ဝယ်သူကပဲ အပိုအလုပ်တွေလုပ်သလို
ဂျင်းထည့်တာပါ။
တစ်ချို့ဝယ်သူတွေကြတော့လည်း
ဘာမှနားမလည်ကြပါဘူး။
သူတို့လုပ်ပေးတာတွေကို
အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။
အမှန်တစ်ကယ်ဥပဒေအရ တစ်သိန်းနှင့်အထက်
တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ
ဝယ်ရင် သက်ဆိုင်ရာမြေစာရင်းရုံးမှာ
စာချုပ်ချုပ်ပြီး မှတ်ပုံတင်မှ တရားဝင်တာပါ။
အဲ့ဒါမှ နောင်တစ်ချိန် ပြဿနာဖြစ်လာရင်လည်း စာချုပ်ကို မှတ်ပုံတင်ထားတာဆိုတော့
ရှင်းလို့လွယ်တာပါ။
တရားမဝင်အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့လူတွေက
သူတို့ရောင်းတဲ့ မြေကွက်တွေကို
တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဝယ်ရင်
သူတို့ လိမ်ထားတာတွေ ဂျင်းထည့်ထားတာတွေ
ပေါ်မှာကြောက်လို့ အဲ့လိုအလုပ်မခံကြပါဘူး။
မသိနားမလည်တဲ့သူတွေကို မိတ္တူကူးထားတဲ့
စာရွက်တွေသာပါတဲ့ အရပ်စာချုပ်တွေနဲ့ ဂျင်းထည့် လိမ်ရောင်းကြတာပါ။
ပွဲစားတွေ ပိုင်ရှင်အမည်ခံရောင်းပေးတဲ့သူတွေက
ဘာမှမဟုတ်တဲ့ ငွေလေးနဲ့ ပြဿနာဖြစ်လာရင်
ခေါင်းခံဖြေရှင်းရမှာကိုလည်း
သူတို့ကိုယ်တိုင် မသိကြပါဘူး။
တရားမဝင်အိမ်ခြံမြေကဏ္ဍမှာ
နားမလည်တဲ့သူတွေကို
အဲ့ဒီလိုအသုံးချ ဖားရိုက်နေကြလို့
မသိသေးတဲ့သူတွေ မခံရအောင်လို့
တင်ပေးလိုက်တာပါ။
မဟုတ်ဘူးဆိုပြီးတော့ ဖင်ပိတ်ပြီး လာမငြင်းကြပါနဲ့...
ကိုယ်တိုင်ခံရမှ
အစိုးရမတရားဘူး တို့...
တရားမျှတမှုမရှိဘူး တို့...
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားတာတို့...
မျိုးစုံအော်ကြ ဆန္ဒပြကြ...
အဲ့တာတွေမြင်ရင်
သနားရုံအပြင် ဘာမှ မလုပ်ပေးနိုင်ဘူး...
မူရင်းရေးသားသူ
မည်သူဆိုတာမတွေ့ရှိရပါ Crd ပဲတွေ့ရသဖြင့်
ကိုဇေယျာလင်းအကောင့်မှ တင်ပြချက်ကို
ပြန်လည်ကူးယူ ဖော်ပြခြင်းသာ ဖြစ်ပါသည်။
Credit - ဥပဒေရေးရာ
Related Posts
ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...
လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...
ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...