မြန်မာ ပြည်မှာ အကွက်ရိုက်ပြီး မြေကွက် ရောင်းသူ တွေရဲ့ ဝယ်သူ အပေါ် ဂျင်းထည့်ပုံ ။

မြန်မာ ပြည်မှာ အကွက်ရိုက်ပြီး မြေကွက် ရောင်းသူ တွေရဲ့ ဝယ်သူ အပေါ်  ဂျင်းထည့်ပုံ ။

မြန်မာ ပြည်မှာ အကွက် ရိုက်ပြီး မြေကွက် ရောင်းသူ တွေရဲ့  ဝယ်သူ 

အပေါ် ဂျင်းထည့်ပုံ ။ ( မှန်မှန် ကန်ကန် အရောင်းသမားတွေကို မဆိုလိုပါ )

( တရားမဝင် )  မြေကွက် ရိုက်ရောင်းတဲ့ လုပ်ငန်းဟာ ဥပဒေနဲ့ 

မလွတ်ဘူး ဆိုပေမယ့် အမြတ် အရမ်းကျန်ပါတယ် ။ ကိုယ်ရောင်း လိုက်တဲ့ 

မြေကွက်ဟာ ဈေးသက်သာ လွန်းရင်လည်း ဝယ်သူ မယုံကြည်မှာ စိုးတာကြောင့် 

ဝယ်သူ ယုံကြည်လောက်တဲ့ ဈေးအထိ ဈေးတင်ပြီး ရောင်းကြ ရပါတယ် ။ 

အဲ့ဒါ ကလည်း တရားမဝင် အကွက်ရိုက် ရောင်းတဲ့ ဈေးကွက်အတွက် အမြတ်အစွန်း 

များစွာကို ရစေပါတယ် ။ တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ 

လောက်နဲ့ ပေးဝယ်ရတဲ့ မြေဟာ အိမ်ဝိုင်း ကွက်ရိုက်ပြီး ပြန်ရောင်းရင် မြေအနေအထားနဲ့ 

လမ်းအနေအထား ပေါ်မူတည်ပြီး ၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိ ရတာဆိုတော့ 

တွက်လိုက်ရင် အိမ်ဝိုင်း တစ်ဝိုင်းစာ အတွက် မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်း

လောက်ပဲ ရှိတာပါ ။ အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်း လောက်နဲ့ ပြန်ရောင်းတယ် 

ဆိုရင် ဝယ်သူတွေအတွက် ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလား ဆိုပြီးတော့ 

သံသယဝင်စရာ  ဖြစ်လာပါမယ် ။ မယုံကြည်တော့ ပါဘူး ။ အဲ့ဒိတော့ ဝယ်တဲ့သူတွေ 

ယုံကြည်အောင်  သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် စသဖြင့် ဈေးတင် ရောင်းကြတာပါ ။ 

အဲ့လို  ရောင်းတဲ့အတွက် အမြတ်လည်း အရမ်းရပါတယ် ။ အဲ့လို အမြတ်များတော့ 

တစ်ချို့  စီးပွားရေး သမားတွေက ကိုယ်တိုင် မလုပ်တော့ပါဘူး ။ ဥပဒေနဲ့ မလွတ်လို့ ပြဿနာ 

အရှုပ်အရှင်း ဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ ။ အဲ့ဒိတော့ ပွဲစားတွေကို ပါးပါးနပ်နပ် 

အသုံးချလာ ကြပါတယ် ။ ဘယ်လို အသုံးချ သလဲဆိုရင် အဲ့ဒါမျိုး လုပ်ဖို့ 

လူလေး ငါးယောက်လောက် စုပြီးအဖွဲ့ဖွဲ့  လိုက်ပါတယ် ။ ခေါင်းဆောင် မပါပါဘူး ။

မြေကို စုဝယ် လိုက်ပါတယ် ။ အမည်ပေါက် မပြောင်းပါဘူး ။ ပြဿနာဖြစ်ရင် 

ရှောင်ထွက်လို့ ရအောင်လို့ပါ ။ အခြားသုံး လျှောက်ပြပါတယ် ။ ခွင့်ပြုမိန့် ကျစရာမလိုပါဘူး ။ 

သက်ဆိုင်ရာ လူတွေ သိရင် ရပါပြီ ။ ဒါမှ မကျေနပ်တဲ့သူတွေက တိုင်ရင် 

အခြားသုံးလျှောက် ထားတာလို့ ဆင်ခြေပေးလို့ ရအောင်လို့ပါ ။ ရောင်းတော့လည်း 

ပြောအားရှိပါတယ် ။ ခွင့်ပြုမိန့်သာ မပါတာ ။ 

 

အခြား သုံးလျှောက် ထားပါတယ် ဆိုပြီးတော့လေ ။ အဲ့ဒိလို လုပ်ပြီးပြီဆိုရင် မြေထိုးတဲ့ 

စက်သမားကိုခါ် ခင်ဗျား မြေထိုး ပေးမလား တစ်ဧက တစ်သိန်းနှုန်း ပေးမယ် ။ ပွဲစားလုပ်တဲ့ 

သူတွေ  ကိုလည်း ခင်ဗျား ရောင်းပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ် ။ 

လူရှာပေးတဲ့ သူတွေ ကိုလည်း ခင်ဗျား လူရှာ ပေးမလား တစ်ဝိုင်း ရောင်းထွက်ရင် 

တစ်သိန်းပေးမယ် ။ စသဖြင့် လူရှာပြီး ရောင်းပါတယ် ။ အဲ့ဒါကြောင့် အဲ့လို အကွက်ရိုက် 

ရောင်းတဲ့ နေရာသွား လိုက်တာနဲ့ ဘယ်ကနေ ထွက်လာမှန်း မသိတဲ့ သူတွေ အွန်လိုင်းကနေ 

လူရှာပေးတဲ့ သူတွေ ပွစိတက် လာတာပါ ။ အဲ့လို လူတွေကလည်း သူတို့နဲ့ ရင်းနှီးတဲ့ 

သူတွေ ခင်မင်တဲ့ သူတွေကို စပ်ပေးပြီး မြေကွက်တွေ ဘယ်နားမှာ ရှိတယ် 

ငါက ဘယ်အကွက် ယူထားတာ နင်လည်း ယူအုံးမလား တန်တယ်နော် ။ 

နောက်ဆို အဲ့ဈေးနဲ့ရမှာ မဟုတ်ဘူး စတဲ့ စကားတွေနဲ့  သူ့လူတွေကို ဝယ်ချင် လာအောင် 

စည်းရုံး ပါတော့တယ် ။ တစ်ဝိုင်း ရောင်းထွက်ရင် တစ်သိန်း ရတာဆိုတော့ မနည်းဘူးလေ။ 

အဲ့ဒိလို့ စည်းရုံးလို့ ရပြီဆိုတာနဲ့ ပိုင်ရှင်အမည်ခံပြီး ရောင်းပေးမယ့်သူဆီကို ပိုင်ရှင်ဆိုပြီး 

ခေါ်သွားတော့တာပါပဲ။ ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင် ယောင်ဆောင်ပြီး စာချုပ်ချုပ် 

ပေးလိုက်ရော ။ တစ်ချို့ ပွဲစားတွေဆို စာချုပ်မှာ ပိုင်ရှင် ကိုယ်စားဆိုပြီး လက်မှတ်ထိုး 

ရောင်းပေးလိုက် တာတွေလည်းရှိ ပါသေးတယ် ။ လတ်တလော ပိုက်ဆံရလို့ လုပ်ပေး လိုက်တာပါ ။ 

တစ်ချို့က မှတ်ပုံတင်အတု အိမ်ထောင်စု ဇဟားအတု တွေနဲ့ လုပ်ပေး တာတွေလည်း 

ရှိပါသေးတယ် ။ နာရီပိုင်း အတွင်း ပိုက်ဆံ သိန်းနဲ့ ချီရတာကို ။ တစ်ချို့ ကြတော့လည်း  

ပွဲစားတွေကို ခင်ဗျားက ဒီအကွက်တွေ ရောင်းပေး ။ ခင်ဗျားက သင့်သလို ဈေးခေါ် သိန်း 

အစိတ်ဝန်းကျင်နဲ့ ဈေးညှိရောင်း ဈေးအရမ်းမတင်နဲ့ ရေရှည်လုပ်လို့ရအောင်လို့ ။ 

 

ကျုပ်တို့ အဖွဲ့ကို တစ်ဝိုင်း ရောင်းထွက်ရင်  ၂၃ သိန်းသွင်း ဆိုပြီး အဲ့ဒိလို လုပ်ရောင်း တာတွေ 

လည်းရှိပါတယ် ။ ပြဿနာ အရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက လွတ်အောင် လုပ်တဲ့ သဘောမျိုးပါ ။ 

ပြီးမှ ပိုက်ဆံခွဲယူကြတာပါ။ ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး ။ ဝယ်သူအများစုက သူတို့ဝယ်တဲ့ 

မြေနဲ့ ပတ်သက်ပြီး မူရင်း အမည်ပေါက်က ဘယ်သူလဲ ။ ရောင်းတဲ့သူက ဘယ်သူလဲ ။ 

ဒီပစ္စည်းက ရောင်းသူလက်ထဲ ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင် လာတာလဲ ။ သူ့ပိုင်ဆိုင်မှုက  

တရားဝင် ပိုင်ဆိုင်မှု့လား ။ မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ် သဘောအရ အရပ် 

စာချုပ်ချုပ် ထားလို့  ပိုင်ဆိုင်မှု ရနေတာလား ဆိုတာ နားလည်တာ မဟုတ်ပါဘူး။ 

အဲ့ဒါကြောင့် ဂျင်းထည့်ရောင်းကြတာပါ။ တတ်သိ နားလည်တဲ့ သူနဲ့ သွားဝယ်ရင် အရောင်းအဝယ် 

ပျက်တာ များပါတယ် ။ မဟုတ်တာ လုပ်ရောင်း တာဆိုတော့ နားလည်တဲ့ သူကြ လိမ်ရောင်းလို့ 

မရလို့ပါ ။ နားမလည်တဲ့ သူတွေကတော့ မျက်ကန်း တစ္ဆေ မကြောက်မို့ ဝယ်ပါတယ် ။

တစ်ချို့ အကွက်ရိုက်ရောင်းတဲ့ သူတွေဆို တောင်သူတွေဆီက ဝယ်တုန်းက စာချုပ်ထဲမှာက 

ဈေးတစ်မျိုး ။ အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့ စာချုပ်ထဲ မိတ္တူဆွဲ ထည့်ပေးဖို့ လုပ်ထားတဲ့ 

စာချုပ် အတုက ဈေးတစ်မျိုး ။ အဲ့ဒိလို ဂျင်းထည့် တာတွေလည်း ရှိပါသေးတယ် ။ ဒီမြေယာဟာ 

ဘယ်လောက်ပဲ တန်တယ်ဆိုတာ ဝယ်သူအများစုက မသိကြပါဘူး ။ အဲ့ဒိတော့ လိမ်ရောင်းလို့ ရပါတယ် ။

ပြီးတော့ တရားမဝင် အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့ သူတွေက စာချုပ်ထဲမှာ ဘယ်လိုပဲ 

တာဝန်ယူပေးတယ် ပြောပြော တစ်ကယ်ပြဿနာ ဖြစ်လာရင် စာချုပ်မှာ အမည်ခံပြီး ရောင်းတဲ့

သူရယ် သက်သေအနေနဲ့ လက်မှတ်ထိုးတဲ့ သူရယ် ဝယ်သူရယ် အမည်ပေါက် ပိုင်ရှင်ရယ်ပဲ 

ရှင်းရတာပါ ။ မရွှေ့ ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ အရပ်စာချုပ်နဲ့ အရောင်း အဝယ် လုပ်ရင် 

တရားရုံးမှာ သက်သေခံ မဝင်တော့ မြေကို အဖွဲ့ဖွဲ့ပြီး ဝယ်တာက သူတို့အတွက် ဂျင်းထည့်ဖို့  

ဂွင်ဖြစ်နေ ပါတယ် ။ ပြဿနာ ဖြစ်လာရင် သူတို့ကို ဆွဲထည့်လို့ မရတော့ဘူးလေ  ။ သူတို့ကို ဆွဲထည့် 

ရင်တောင် ငြင်းမယ် ရှောင်မယ် ဝေလည် ချောင်ပတ် လုပ်မယ် ရှေ့နေကို ပိုက်ဆံပေးပြီး 

ဥပဒေနဲ့အညီ လွတ်အောင် လုပ်မယ်လေ ။ 

 

ဘယ်လောက်  ကောင်းလဲ ။ စာချုပ်ထဲမှာ အမည်ပါတဲ့ သူတွေ လက်မှတ်ထိုးတဲ့ သူတွေ လက်ဗွေနှိပ်တဲ့ 

သူတွေ ရှင်းကြပေါ့ ။ အဲ့ဒိလို လုပ်ကြတာပါ ။ အမြတ်ကြ တော့လည်း တွက်ကြည်ဦး ။ 

တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ ရောင်းပေးတဲ့သူ တစ်သိန်း လူရှာပေးတဲ့သူ 

တစ်သိန်း လက်မှတ်ထိုး သက်သေလုပ် ပေးတဲ့သူ တစ်သောင်းစီ သက်ဆိုင်ရာ ဘာညာသာရကာက 

၅ သောင်း မြေကွက် အတွက် အရင်းက ခုနှစ်သိန်း စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင် မြေကွက် 

တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ် ကျန်ပါတယ် ။ ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို 

တွက်ကြည့် လိုက်ပါ ။ သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ ။  ငါးယောက် လောက်စုပြီး 

တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး။ အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်မြတ် သွားပါတယ် ။

ဒါတောင် တစ်ဝိုင်း သိန်းအစိတ်နဲ့ပဲ တွက်ပြ သေးတာပါ ။ တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို 

ဘယ်လောက် မြတ်မလဲ စဉ်းစားသာ ကြည့်လို့ ရပါတယ် ။ အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင် 

အိမ်ဝိုင်ကွက် တွေကို ပိုင်ရှင် အမည်ခံ ရောင်းသူတွေ ပွဲစားတွေနဲ့ ဂျင်းထဲ ရောင်းကြတာပါ ။ 

တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင်ခွင့် ပြုထားလို့  မီးရတော့မှာ လိုလို ဓာတ်တိုင်တွေ ဟန်ပြစိုက်

 ကြိုးတွေသွယ်ပြီး ဂျင်းထည့် တာတွေ လည်းရှိပါတယ် ။ မီတာ သွားလျှောက်မှ ဓာတ်တိုင်တွေက

ဂျင်းထည့် ထားမှန်း  သိရတာာ တွေလည်း ရှိပါတယ် ။ တရားမဝင် အကွက်ရိုက် 

ရောင်းသူတွေက သူတို့ အဲ့ဒိလို ဂျင်းထည့် ထားတာတွေ ပေါ်မှာစိုးလို့ သူတို့ဆီက ရောင်းတဲ့ 

မြေကွက်တွေ ကိုဝယ်ရင် တရားရုံးမှာ မှတ်ပုံတင် စာချုပ်ချုပ်ရင် မချုပ်စေ ချင်ပါဘူး ။ 

တရားရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင် ကိုယ့်ဟာကိုယ် ကုန်ကျ စရိတ်ခံရမယ် ရပ်ကွက်ရုံးမှာ 

စာချုပ်ချုပ်လဲ တရားဝင်တာပဲ စသဖြင့် မဟုတ်မမှန်တဲ့စကားတွေနဲ့ ဝယ်သူက အပိုအလုပ်တွေ 

လုပ်သလို  ဂျင်းထည့်တာပါ ။ တစ်ချို့ ဝယ်သူတွေ ကြတော့လည်း ဘာမှ နားမလည် 

ကြပါဘူး ။ သူတို့ လုပ်ပေး တာတွေကို အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ် ။ 

အမှန်တစ်ကယ် ဥပဒေအရ တစ်သိန်း နှင့်အထက် တန်ဖိုးရှိတဲ့  မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ 

ဝယ်ရင် စာချုပ်ချုပ်ပြီး တရားရုံမှာ မှတ်ပုံတင်မှ တရားဝင်တာပါ ။ အဲ့ဒါမှ နောင်တစ်ချိန်  ပြဿနာ 

ဖြစ်လာရင်လည်း စာချုပ်ကို မှတ်ပုံတင် ထားတာဆိုတော့ ရှင်းလို့လွယ်တာပါ ။ 

တရားမဝင် အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့ လူတွေက သူတို့ရောင်းတဲ့ မြေကွက်တွေကို တရားဝင်

မှတ်ပုံတင် စာချုပ်ချုပ် ဝယ်ရင် သူတို့ လိမ်ထားတာတွေ ဂျင်းထည့် ထားတာတွေ 

ပေါ်မှာ ကြောက်လို့  အဲ့လိုအလုပ် မခံကြပါဘူး ။ မသိနားမလည်တဲ့ သူတွေကို မိတ္တူ

ကူးထားတဲ့ စာရွက်တွေ သာပါတဲ့ အရပ်စာချုပ် တွေနဲ့ ဂျင်းထည့် လိမ်ရောင်း ကြတာပါ ။ 

ပွဲစားတွေ ပိုင်ရှင် အမည်ခံ ရောင်းပေးတဲ့ သူတွေက ဘာမှမဟုတ်တဲ့ ငွေလေးနဲ့ ပြဿနာ

 ဖြစ်လာရင် ခေါင်းခံ ဖြေရှင်းရမှာ သူတို့ကိုယ် သူတို့  မသိကြပါဘူး ။ တရားမဝင် အိမ် ခြံ မြေ 

ကဏ္ဍမှာ နားမလည်တဲ့ သူတွေကို  အဲ့ဒိလို အသုံးချ ဖားရိုက် နေကြလို့ မသိသေးတဲ့ သူတွေ 

မခံရအောင်လို့ တင်ပေး လိုက်တာပါ ။

 

ရေးသားသူ (Ye Myo) ကူးယူတင်ပြပါသည်။ #ဥပဒေရေးရာ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate