“လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိရင် ကိုယ့်အမည်နဲ့ ပုံစံ (၇) ရအောင် ပြုလုပ်နည်း”

“လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိရင် ကိုယ့်အမည်နဲ့ ပုံစံ (၇) ရအောင် ပြုလုပ်နည်း”

လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိရင်

 ကိုယ့်အမည်နဲ့ ပုံစံ (၇) ရအောင် ပြုလုပ်နည်း”

လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိလို့ 

ကိုယ့်အမည်နဲ့ ပုံစံ ၇ ရအောင် ဘယ်လိုလုပ်ရမလဲ

လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိလို့

 ကိုယ့်အမည်နဲ့ ပုံစံ ၇ ရအောင် ဘယ်လိုလုပ်ရမလဲ ၊ 

ပုံစံ ၇ ထုတ်မရဘူးလို့လဲ ပြောနေပါတယ်။ 

ဘယ်လိုလုပ်ရမလဲ လို့ မေးလာပါတယ်။

 ဒါနဲ့ပတ်သက်လို့ မြေပြင်လက်ရှိ 

အခြေအနေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

၁။ ၂၀၁၂ မတိုင်မီ ဝယ်ယူထားပြီး 

စိုက်ပျိုးရေးအတွက်သာ သုံးနေတဲ့မြေ။

၂။ ၂၀၁၂ နောက်ပိုင်းမှ ဝယ်ယူထားပြီး 

စိုက်ပျိုးရေးအတွက်ပဲ သုံးနေတဲ့မြေ။

၃။ ဘယ်အချိန်ကပဲ ဝယ်ဝယ် ၊ ဝယ်ယူထားတဲ့မြေကို

 စိုက်ပျိုးရေးအတွက် သုံးနေတာ မဟုတ်ပဲ 

အခြားနည်းသုံးနေတဲ့မြေ (အိမ် ၊ အဆောက်အဦး စသည်ဖြင့်သုံး)

နံပတ် (၁) နဲ့ နံပတ် (၂) လိုကိစ္စမျိုးမှာ ပုံစံ ၇ 

မရသေးတဲ့လယ်ယာမြေ ၊ တနည်းအားဖြင့် 

ပုံစံ ၇ မလျှောက်ထားရသေးတဲ့ လယ်ယာမြေကို

 ဝယ်ယူထားတဲ့သူတွေ အနေနဲ့ သိရှိရမှာက…

(က) ဝယ်ထားတဲ့မြေဟာ လယ်ယာမြေအဖြစ် 

သတ်မှတ်ထားတဲ့ မြေအမျိုးအစားနှင့် ထိုမြေကို

 ကွင်းတိုင်းတာ မြေပုံထုတ်ပြီးတဲ့မြေ ဖြစ်နေဖို့လိုပါတယ်။

ဆိုလိုတာက ဝယ်ယူထားတဲ့မြေက လယ်ယာမြေ 

အမျိုးအစား ဖြစ်ရမယ် ၊ အခြားသော မြေရိုင်း 

စားကျက်မြေ စသည်ဖြင့် မဟုတ်ရဘူး။

မြေစာရင်းဌာနမှာ မြေပုံ မြေတိုင်းလုပ်ပြီးရှိနေတဲ့ 

မြေမှတ်တမ်းရှိရပါမယ်။

(ခ) ထိုမြေကို လက်ရောက် လွှဲပြောင်းရယူထားပြီး 

လက်ရှိလက်ငုတ်အဖြစ် လုပ်ကိုင်နေသူ ဖြစ်ရပါမယ်။

 ဝယ်ပြီးထဲက မြေကိုလက်ရောက်ယူပြီးတဲ့မြေ ၊ 

လက်ရှိလည်းစိုက်ပျိုးနေသူ ဖြစ်ရမယ်။

ဒီနှစ်ချက် ပြည့်စုံမှသာ လယ်ယာမြေဥပဒေ ပုဒ်မ ၆ ၊ 

(က)(၁ နဲ့ ၂) ပါ ပြဌာန်းချက်အရ လက်ရှိလုပ်ကိုင်နေသူအဖြစ် 

လျှောက်ထားခွင့် ရရှိမှာဖြစ်ပါတယ်။

၂၀၁၂ မတိုင်မီ ဝယ်ယူထားပြီး စိုက်ပျိုးရေးအတွက်သာ 

သုံးနေတဲ့မြေဆိုရင်တော့ လျောက်ရတာ ပိုလွယ်ကူနိုင်ပါတယ်။

ဥပဒေမှာဆိုထားတာက “ပုဒ်မ ၆ ။ 

မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် 

ဤဥပဒေအာဏာတည်သည့် နေ့ရက်တွင် 

တည်ရှိနေသော လယ်ယာမြေများနှင့်

စပ်လျဉ်း၍ အောက်ပါ လူပုဂ္ဂိုလ် သို့မဟုတ် 

အဖွဲ့အစည်းအား သက်ဆိုင်ရာ ခရိုင်လယ်ယာမြေ 

စီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူ ညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင်

သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေး 

ပေးဆောင်စေ၍ မှတ်ပုံတင်ပြီးလယ်ယာမြေလုပ်ပိုင်ခွင့်ပြု 

လက်မှတ်ထုတ်ပေးရမည်-

(က) လူပုဂ္ဂိုလ်ဖြစ်ပါက-

(၁) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော 

ထိုအိမ်ထောင်စုသည်တောင်သူ လယ်သမား

 အိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင် ဖြစ်ရမည်။

(၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော 

ထိုအိမ်ထောင်သားစုအကြီးအကဲ သို့မဟုတ်

 ထိုအိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦး သို့မဟုတ်

အုပ်ထိန်းသူသည် ဤဥပဒေ ပြဋ္ဌာန်းအတည်မပြုမီ 

တည်ဆဲမြေယာ ဥပဒေများနှင့်အညီ 

တရားဝင်လက်ရှိ လက်ငုတ် လုပ်ကိုင်နေသူ ဖြစ်ရမည်။”

လို့ ဆိုထားပါတယ်။ 

၂၀၁၂ ဥပဒေ ပြဌာန်းပြီးမှ ဝယ်ယူခဲ့ရင်လည်း 

လက်ရှိလက်ငုတ် လုပ်နေသူ ၊ မြေအငြင်းပွားမနေသူ ၊ 

ကန့်ကွက်လွှာခေါ်ချိန်မှာကန့်ကွက်ခြင်းမရှိသူဆိုရင် 

လုပ်ပိုင်ခွင့် ရနိုင်ပါတယ်။

 ကာယကံရှင်အနေနဲ့ ရပ်ကျေး လယ်စီထံမှ

 ပုံစံ (၁) တောင်းခံ ဖြည့်သွင်းပြီး ရပ်ကျေးလယ်စီမှ

တဆင့် မြို့နယ်ဦးစီးဌာနသို့ လျှောက်ထားနိုင်ပါတယ်။

မြေပေါ်အမှန် လုပ်ကိုင်နေသူဖြစ်ကြောင်း 

ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် လယ်နီးချင်း

 သက်သေ ၂ ဦးရဲ့ ထောက်ခံချက် ပါရှိရပါမယ်။

ဒီလို လျှောက်ထားမှုကို ရပ်ကျေး လယ်စီနဲ့ 

မြေစာရင်းဌာနမှ ကန့်ကွက်လွှာခေါ်ယူခြင်း 

စိစစ်ခြင်းများ ဆောင်ရွက်ပြီးရင် အမှုတွဲကို 

လုပ်ပိုင်ခွင့်ပေးဖို့သင့်မသင့် သဘောထားမှတ်ချက်နှင့်အတူ 

မြို့နယ်လယ်စီကို တင်ပြပေးပါမည်။

 မြို့နယ်လယ်စီမှာ ဆက်လက်စီစစ်ပြီး 

သဘောထားမှတ်ချက်နှင့်အတူ

ခရိုင်လယ်စီသို့ တင်ပြပါမည်။ 

ခရိုင်လယ်စီက အမှုတွဲလက်ခံ ရရှိတဲ့အခါ

 ထပ်မံ စိစစ်ပြီး လျှောက်ထားမှုကို 

ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပါယ်ကြောင်း

ဆုံးဖြတ်ပြီး မြို့နယ်မြေစာရင်း ဌာနသို့ အကြောင်းကြားပါမယ်။

မြို့နယ်မြေစာရင်းဌာနက ခရိုင်လယ်စီမှ 

လုပ်ပိုင်ခွင့်ပြုကြောင်း အကြောင်းကြားစာ

 ရရှိရင် လျှောက်ထားသူကို မှတ်ပုံတင်ကြေး

 ၅၀ဝိ/ ပေးသွင်းခြင်း ၊မှတ်ပုံတင်စာရင်း ပုံစံ ၅ တွင်

 မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး 

မြို့နယ်လယ်စီသို့ တင်ပြ၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု

လက်မှတ် ပုံစံ ၇ ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ နံပတ် (၁) အချက်နဲ့ နံပတ် (၂) အချက်ပါ 

လယ်ယာမြေကို လုပ်ပိုင်ခွင့် ပုံစံ ၇ ရနိုင်ပါမယ်။

နံပတ် ၃ အချက်ပါ ဝယ်ယူထားတဲ့မြေက 

လယ်ယာမြေအမျိုးအစားတော့ ဖြစ်တယ် ၊

မြေကို စိုက်ပျိုးရေးအတွက် သုံးနေတာမဟုတ်ပဲ 

အခြားနည်းသုံး (အိမ် ၊ အဆောက်အဦး စသည်ဖြင့်သုံး) နေတယ်

ဆိုရင်တော့ ပုံစံ ၇ ရမှာ ၊ ထုတ်ပေးမှာ မဟုတ်ပါဘူး။ 

ဒီမြေက လယ်ယာမြေတော့ ဟုတ်တယ် 

သို့သော် စိုက်ပျိုးရေးအတွက် မသုံးဘူး ဆိုတာမျိုး ဖြစ်နေတာပါ။

ဒီလိုအခြေအနေမှာတော့ လယ်ယာမြေ လုပ်ပိုင်ခွင့်

 ပုံစံ ၇ လျောက်ထားခြင်းထက် လယ်ယာမြေကို

 အခြားနည်းသုံးစွဲခွင့် လယ ၃၀ လျောက်ထားခြင်းကိုသာ

တိုက်ရိုက်တင်ပြသင့်ပါတယ်။ 

လယ်ယာမြေ နည်းဥပဒေအရ အခြားနည်းသုံးစွဲခွင့်ပြုရာမှာ 

ပုံစံ ၇ မရခဲ့ရင် ဘာကြောင့် မရခဲ့သလဲဆိုတာကို

 သက်ဆိုင်ရာက စီစစ်ကြပါတယ်။

လက်ရှိမြေအသုံးချထားမှု အခြေအနေ ၊ အခြားနည်းသုံးမှု ၊

 ဘယ်အချိန်ထဲက သုံးနေတာ စသည်ဖြင့် စစ်ဆေးတွေ့ရှိရင်

 အခြားနည်းသုံးဖို့ လယ-၃၀ ခွင့်ပြုနိုင်ပါတယ်။

 

ကူးယူဖော်ပြပါသည်။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate