စားကျက် မြေကို အရောင်းအဝယ် ပြုလုပ်ရာတွင်

စားကျက်မြေကို အရောင်းအဝယ် ပြုလုပ်တဲ့အတွက် 

ရောင်းသူဝယ်သူ နှစ်ဘက်စလုံး မြေမပိုင် ငွေကုန် 

အချိန်ကုန် လူပင်ပန်း စိတ်သောကရောက် ဖြစ်ကြရတဲ့ 

နမူနာတစ်ခု လေ့လာနိုင်အောင် တင်ပြလိုက်ပါတယ် ။

{{ အရောင်းအဝယ် ပြုလုပ်သော မြေသည် စားကျက်မြေ 

ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်၍ အရောင်းအဝယ် 

စာချုပ် မှတ်ပုံတင် ချုပ်ဆို၍ ရနိုင်မည် မဟုတ်ပေ ။ 

 

ရောင်းသူသည် အချင်းဖြစ် မြေကွက်ကို တရားဝင် ပိုင်ဆိုင်ခွင့် 

မရှိသောကြောင့် ရောင်းချပိုင်ခွင့် ရှိမည်မဟုတ်ပေ ။

မြေကွက်ကို အရောင်းအဝယ် ပြုလုပ်ကြရာတွင် အရောင်း

အဝယ် စာချုပ် ( ပဋိညာဥ် ) အပိုဒ် ( ဂ ) တွင် ကျန်ငွေကျပ်

သိန်း ၁၀၀တိတိ ပေးချေရမည့် နေ့တွင် ရောင်းသူသို့ ဝယ်သူဘက်မှ 

ငွေပေးချေရန် ပျက်ကွက်ပါက ပေးချေထားသည့် စရန်ငွေ 

သိန်း ၂၀၀ တိတိကို အဆုံးခံရမည် ဖြစ်ပြီး ဝယ်သူက 

ကျန်ငွေပေးချေ သည့်နေ့တွင် ရောင်းသူဘက်မှ ခြံမြေကို 

လက်ရောက် ပေးအပ် ရမည်ဖြစ်ပြီး ပေးအပ်ခြင်း မပြုနိုင်ပါက 

စရန်ငွေ ၂ ဆ ၊ ကျပ်သိန်း ၄၀၀ တိတိကို ဝယ်သူသို့ ပြန်လည် 

ပေးလျော်ရမည် ဖြစ်ကြောင်း ရောင်းသူမှ ဝန်ခံကတိ ပြုပါ

သည်ဟု ပါရှိသည် ။

 

သို့သော် လယ်ယာမြေ ဥပဒေပုဒ်မ ၃ ( ဃ ) အရ နိုင်ငံတော်သည် 

မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်ကြောင်း ၊ ပုဒ်မ ၃၃ တွင် 

ပြည်ထောင်စု အစိုးရအဖွဲ့က သော်လည်းကောင်း  ၊ ဤကိစ္စအလို့ငှာ 

ပြည်ထောင်စု အစိုးရအဖွဲ့က ခန့်အပ်သော အာဏာပိုင်က 

သော်လည်းကောင်း ၊ အခြားနည်း အမိန့်ဆင့် ဆိုသည်မှ တစ်ပါး ကျွဲ ၊ 

နွား ၊ စားကျက်များနှင့် ရွာဘုံမြေများကို မပျက်စီးစေဘဲ ဆက်လက် 

ထားရှိရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်  ။ ထို့ကြောင့် အချင်းဖြစ်

မြေကို ရောင်းသူ ဝယ်သူတို့အနေဖြင့် ပိုင်ဆိုင်ခွင့် မရှိနိုင်ကြောင်း 

ထင်ရှားပေါ် ပေါက်နေပေသည် ။ သို့ဖြစ်၍ ပဋိညာဉ် စာချုပ်အတိုင်း 

စရန်ငွေကျပ်သိန်း ၂၀၀ ၏ ၂ ဆဖြစ်သော ငွေကျပ်သိန်း ၄၀၀ ကို 

စရိတ် နှင့်တကွ ပေးအပ်စေရန် ချမှတ်သောအမိန့်ကို အတည်ပြု၍ 

အချင်းဖြစ် ခြံ မြေ ကွက်အား ပြန်လည် ပေးအပ်စေရန် ချမှတ်သည့် 

အမိန့်အား ပယ်ဖျက်လိုက်သည် ။ }} လေ့လာကြည့်ပါ ။

 

Credit ဆရာမျိုးမင်းထွန်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

Photo Credit အများပြည်သူ လေ့လာနိုင်ရန် စီရင်ထုံးများ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate