BCC အကြောင်းလေး သိပါရစေ ။

16-Aug-21 အခြား
BCC အကြောင်းလေး သိပါရစေ ။

ကန်ထရိုက်တာနှင့် အကျိုးတူ ပူးပေါင်း ဆောက်လုပ်သော အဆောက်အဦးသည် 

အဆောက်အဦး ဆောက်လုပ် ပြီးစီးချိန်တွင် အဆောက်အဦး ပြီးစီးကြောင်း 

လက်မှတ် (BCC) လျှောက်ထားရပါသည် ။

ထိုသို့ လျှောက်ထား ရန်အတွက် အဆောက်အဦး ဆောက်လုပ်ခြင်း အတွက် 

အခွန်ပေးဆောင် ရပါတယ် ။ အခွန်ဆောင် ထားသည့် အထောက်အထား 

ပါဝင်မှသာ အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် ( BCC ) လျှောက်ထားခွင့် 

ပြုပါသည် ။ ထိုသို့ ပေးဆောင်ရန် တာဝန်ရှိသူသည် ကန်ထရိုက်တာနှင့် မြေရှင် 

ချုပ်ဆိုသော စာချုပ်ပေါ်  မူတည်ပြီး နှစ်ဦး အချိုးကျ ကျခံရန် ( သို့မဟုတ် ) 

ကန်ထရိုက်တာ တစ်ဦးတည်း ကျခံရန် ဆုံးဖြတ်ရမှာ ဖြစ်ပါသည် ။

တိုက်ခန်း ဝယ်ယူသူများက စုပေါင်း အခွန်ဆောက်ရန် တာဝန်မရှိပါ ။

 

တိုက်ခန်း ဝယ်ယူသူများကို ရောင်းချ သည့်အခါ လူနေထိုင်ခွင့် ရရှိရန်အတွက်

အဆောက်အဦးပြီးစီး ကြောင်းလက်မှတ် ( BCC ) ရရှိအောင် ဆောင်ရွက် ပေးရမည့် 

တာဝန်သည် ရောင်းသူနှင့်သာ သက်ဆိုင် ပါသည် ။ 

အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် ( BCC ) ခွင့်ပြုချက် မကျမီ လူနေထိုင်သည့် 

ကိစ္စအတွက် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီမှ စစ်ဆေးတွေ့ရှိ၍ ဒဏ်ငွေ 

ကောက်ခံခြင်း များရှိလာ ပါကလည်း ဒဏ်ငွေ ကျခံရန် တာဝန်သည်လည်း 

ကန်ထရိုက်တာ ( သို့မဟုတ် ) မြေရှင်ကသာ တာဝန်ယူကျခံ ရမှာ ဖြစ်ပါသည် ။

အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် ( BCC ) မကျသေးသည့် တိုက်ဖြစ်သည့် 

အတွက် ကိုယ်ပိုင် လျှပ်စစ် မီတာတပ်ဆင်ရန် ကိစ္စကိုလည်း ထည့်သွင်း စဉ်စား ရပေမည် ။ 

ကိုယ်ပိုင်လျှပ်စစ်မီတာ တပ်ဆင်ရန် အတွက် ကုန်ကျ စရိတ်ကို မည်သူကျခံ မလဲ 

ဆိုတာလည်း အရေးကြီး ကိစ္စအဖြစ် ပါဝင်လာ ပြန်သည် ။

 

လျှပ်စစ်မီတာ တစ်လုံးကို ၅ သိန်းကျော် ကုန်ကျနေသည့် ခေတ်ကာလတွင် ကြိုတင်

 ညှိနှိုင်းပြောဆို ထားခြင်း မရှိပါက ရောင်းသူများ ဖြစ်သော ကန်ထရိုက်တာနှင့် 

မြေရှင်တို့သည် တိုက်ခန်း ဝယ်ယူသူထံမှ ကုန်ကျစရိတ် ထပ်မံ ကောက်ခံခြင်း များရှိ နေပါသည် ။

ထို့ကြောင့် အထက်ပါ ကိစ္စများကို စတင် ဝယ်ယူသည့် အချိန်က စာချုပ်ချုပ်ရာတွင်

 ထည့်သွင်းချုပ်ဆို ထားမှသာ အခန်းဝယ်ယူ သူများအနေဖြင့် ပိုမိုစိတ်ချ ရမှာဖြစ်ပြီး 

စာချုပ်တွင် မပါဝင်ပါက ကန်ထရိုက်တာနှင့် မြေရှင်သည် တိုက်ခန်း ဝယ်ယူသူများကို 

အချိုးကျ ထည့်ဝင်ခိုင်းခြင်း ၊ ကုန်ကျစရိတ် ကောက်ခံခြင်းများ ရှိနိုင်ကြောင်း ရှင်းလင်း 

အကြံပြု အပ်ပါသည် ။

 

Credit - OriginalUploder

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate