ဆရာ တိုက်ခန်း ဝယ်ချင်လို့ လေ့လာတာ အတော်အတန်တော့ သိရပြီ ။

ဆရာ တိုက်ခန်း ဝယ်ချင်လို့ လေ့လာတာ အတော်အတန်တော့ သိရပြီ ။

အခုဝယ်မယ့် တိုက်ခန်းက အပျောက် တိုက်ခန်းလို့ 

ပြောနေတယ် ။  ကျနော်လည်း ခေါင်းနောက် သွားပြီး 

ဘာဆက် လုပ်ရမှန်း မသိတော့ဘူး ။  

ရှင်းပြ ပေးပါလား ခင်ဗျာ ။  

ဆရာ ဦးမြင့်လွင် ( တရားလွှတ်တော် ရှေ့နေ ) ၊

သင်ပြပေ းခဲ့တဲ့

အပျောက် တိုက်ခန်း အမျိုးအစားများကို 

တစ်ခုခြင်းစီ ဖော်ပြပေးပြီး 

ရှင်းပေး ပါမယ် ။ 

အေးဆေး အချိန်ယူဖတ်ပြီး လေ့လာ မှတ်သားပါ ။ 

 

( ၁ ) အပျောက် တိုက်ခန်း

အပျောက် တိုက်ခန်း ဆိုသည်မှာ ယင်းတိုက်ခန်းအား 

တန်ဖိုး တစ်ရပ်ဖြင့် ပေးဝယ်၍ နေထိုင်ခွင့်နှင့် ထပ်ဆင့်လွှဲ

 ပြောင်း ငှားရမ်း ပိုင်ခွင့်ရှိသော အိမ်ငှား (  TANANT ) 

တစ်ဦး ဖြစ်ပါသည် ။ ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြ ဆိုင်ရာငှား

ရမ်းခ ကြီးကြပ်ရေး အက်ဥပဒေနှင့် အကျုံးဝင်သဖြင့် 

ဝယ်ယူသူသည် မြေရှင်အား အိမ်လခပေးရန်နှင့်

 ယင်းဥပဒေကို လိုက်နာရပါမည် ။

 

( ၂ ) အပျောက် တိုက်ခန်း အမျိုးအစားများ

( က ) ပုဂ္ဂလိက တိုက်ခန်း

ပုဂ္ဂလိကပိုင် မြေကွက်ပေါ်တွင် ပုဂ္ဂလိကပိုင် 

ငွေဖြင့်ဖြစ်စေ ၊ ကန်ထရိုက်တာနှင့် အခန်းပေး 

အခန်းယူ ဆောက် လုပ်သည့် တိုက်ခန်းများ ဖြစ်ပြီး 

မြေရှင်အား အိမ်လခပေးနေရသော အခန်းများ 

ဖြစ်ပါသည် ။ အိုးအိမ်မှ ပုဂ္ဂလိက သို့အပြီးအပြတ် 

ရောင်းချသော အခန်းများလည်း ပါဝင်ပါသည် ။ 

ယင်းတိုက်ခန်း အများကိုမူ အိမ်လခ တောင်းခံခြင်းမပါ ။

 

( ခ ) ပြည်သူပိုင်မှ ပြန်ပေးသော တိုက်ခန်း

ပြည်သူပိုင် သိမ်းယူသော တိုက်ခန်းများအနက် 

နိုင်ငံတော်မှ အသုံးပြုရန် မလိုအပ်သည့် 

အခန်းများအား ပြန်လည် စိစစ်၍ မူလပိုင်ရှင်များအား 

ပြန်လည် လွှဲပြောင်း ပေးအပ်သည့် အခန်း

အမျိုးအစား ဖြစ်ပါသည် ။ 

 

( ဂ ) စည်ပင်မှ ယာယီ ထိန်းသိမ်း ထားသည့် တိုက်ခန်း

တိုက်ခန်း နေထိုင်သူမှ ကြွေးမဆပ် နိုင်သဖြင့် စည်ပင်က 

ယာယီထိန်းသိမ်း ထားသည့် အခန်းဖြစ်ပြီး စည်ပင်ကြွေး 

ကို အိမ်ငှား ( တိုက်ခန်း အပျောက်ဝယ်သူ ) မှ ပေးဆပ်

ရပြီး တိုက်ပိုင်ရှင်သို့ အိမ်လခပေးရန် မလိုဘဲ စည်ပင်ခွန် 

များကိုသာ ပေးဆောင်နေရသည့် အခန်းအမျိုးအစား 

ဖြစ်ပါသည် ။

 

( ဃ ) ဘာသာရေး ပိုင်အခန်းများ

ဗလီဝကဖ် အခန်းများ ၊ ဟိန္ဒူ ဘုရားကျောင်းပိုင် အခန်းများ ၊

 တရုတ် ဘုံကျောင်းပိုင် အခန်းများအား အပျောက်စနစ်

 ဖြင့် ရောင်းချပြီး ရရှိသည့်ငွေများ အိမ်လခများကို 

ဘာသာရေးရန်ပုံငွေ အဖြစ် အသုံးပြုသည့် အခန်း များဖြစ်

 ပါသည် ။ အဆိုပါ အခန်းများ ရောင်းချခြင်း ဝယ်ယူခြင်း 

ပိုင်ဆိုင်မှု အမည်ပြောင်းခြင်း များကို သက်ဆိုင်ရာ ဂေါပက 

အဖွဲ့ လူကြီးမများက စီမံခန့်ခွဲ ကြပါသည် ။

 

( င ) ပြည်သူပိုင် ( သို့ ) အစိုးရပိုင် အခန်းများ

၁ - အိုး အိမ် ခန်း

နိုင်ငံတော်ပိုင် မြေပေါ်တွင် နိုင်ငံတော်ပိုင် ငွေဖြင့် ဆောက်လုပ်ပြီး 

ဝန်ထမ်းများ အားနေထိုင်ခွင့် အငှားချထားသော အခန်းမျိုး

ဖြစ်သည်.( ဥပမာ- ဦးဝိစာရ အိမ်ရာ ၊ ရန်ကင်း အိမ်ရာ ၊ 

ဖဆပလ အိမ်ယာ ) ထို့အပြင် ယခင် တိုင်းပြည်သူ့  ကောင်စီမှ 

ထိန်းသိမ်းထားသော ပြည်သူပိုင် အခန်းများအား အိုးအိမ်သို့ 

လွှဲအပ် ပေးလိုက်သော အခန်းများ ပါဝင်ပါသည် ။

 

၂ - ဌာနဆိုင်ရာ အခန်းများ

အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့မှာ မိမိတို့ 

ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေ စေရန်အတွက် 

နိုင်ငံတော်မှ စီစဉ်ဆောက်လုပ် ပေးသော အဆောက်အဦ 

တိုက်ခန်းဖြစ်ပါသည် ။ ပြည်သူပိုင် အဖြစ်ပြုလုပ် ထားသော 

အခန်းများ ပါဝင်ပါသည် ။

 

၃ - တိုင်းချ ခန်း

ယခင်အတိုင်း လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီ တစ်ဖန် 

တိုင်းပြည် သူ့ကောင်စီသည် တိုင်းအဆင့် စီမံခန့်ခွဲမှု ၊ 

အုပ်ချုပ်မှု အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအား ချပေးသော 

အခန်းဖြစ်ပါသည် ။

 

၄- နိုင်ငံခြားပြန် အခန်း

နိုင်ငံခြားသားပိုင် အခန်းဖြစ်ပြီး မိမိတို့၏  နိုင်ငံသို့ အပြီးအပိုင် 

ပြန်ကြရာတွင် ယင်းအခန်းများ နိုင်ငံတော်သို့ အပ်နှံ ခြင်း ( သို့ ) 

နိုင်ငံတော်မှ သိမ်းယူထားသော အခန်းဖြစ်သည် ။

 

၅ - စည်ပင် ယာယီ ထိန်းအခန်း

စည်ပင် သာယာရေး ကော်မတီ၏ စည်းကမ်းချက်များ 

ဥပဒေ ပြဌာန်း ချက်များနှင့် မကိုက်ညီခြင်း ညွှန်ကြားချက် 

များအား မလိုက်နာခြင်း တို့ကြောင့် စည်ပင် သာယာရေး 

ကော်မတီမှ ယာယီထိန်းသိမ်း ထားသောအခန်း ဖြစ်ပါသည် ။

 

( စ ) အခြား အခန်းများ

ပြစ်မှုဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်အရ ( မူးယစ်ဆေးဝါး ၊ ချဲ ၊ 

ထီ စသည့် ) အရေးယူခံရပြီး နိုင်ငံဘဏ္ဍာအဖြစ် သိမ်းယူ 

ခြင်း ခံရသည့် အခန်းများ ဖြစ်သည် ။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate