ဆရာ တိုက်ခန်း ဝယ်ယူတဲ့ နေရာမှာ

ဆရာ တိုက်ခန်း ဝယ်ယူတဲ့ နေရာမှာ

           ဆရာ တိုက်ခန်း ဝယ်ယူတဲ့ နေရာမှာ မြေရှင် လက်မှတ် ထိုးဖို့ လိုတယ်ဆိုတဲ့ ဥပဒေ မရှိဘူးလို့ သိရပါတယ် ။ တကယ်လို့ မြေရှင်လက်မှတ်မထိုးပဲ ဝယ်ယူရင် မိမိအတွက် ဘာတွေ ဆိုးကျိုးရှိ နိုင်ပါသလဲ သိပါရစေ ။ ( စျေးကွက် သတင်းစာက ဆောင်းပါး တစ်ခုနဲ့ ဖြေပေးလိုက် ပါမယ် ) တိုက်ခန်း ၊ ကွန်ဒို ဝယ်ယူမှုတွေမှာ မြေရှင်ရဲ့ အသိအမှတ် ပြုခြင်း ကလည်း ခိုင်မာမှုအတွက် အရေးကြီးတယ် လို့ သိရပါတယ် ။“မြေရှင် လက်မှတ် ထိုးခဆိုတာက မြေ ရှင်ကို အမည်ပြောင်းခ အနေနဲ့ ပေးရတာပါ ၊  ဒီပိုက်ဆံကို မပေးချင်လို့ ကျော်လိုက် မယ်ဆိုရင် တိုက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ဖြစ်လာရင် ပြဿနာ ရှိနိုင်တယ် ”လို့ ပြောကြ ပါတယ် ။ မြေရှင် လက်မှတ် ဆိုတာက တိုက်ခန်း ဝယ်ယူရာမှာ အမည်ပြောင်းအဖြစ် မြေရှင် က အသိအမှတ် ပြုပေးတာ ဖြစ်ပါတယ် ။ မြေရှင် အသိအမှတ် ပြုခြင်းက တိုက်ခန်း နေသူတွေ အတွက် အရေးကြီးပြီး တိုက် ခန်းနေသူတွေ တိုက်ပြိုကျခြင်း ၊ တိုက်ခန်း ပျက်စီးခြင်း ဖြစ်ပေါ်ပါက မြေရှင် အသိ အမှတ်မပြုရင် တိုက်ခန်း ပြန်ရဖို့ မလွယ်ကူ ဘူးလို့ သိရပါတယ် ။ တိုက်ခန်း ၊ ကွန်ဒို ရောင်းဝယ်ရာမှာ မြေရှင် လက်မှတ်ထိုးခ ( တစ်နည်း ) အမည် ပြောင်းခ ပေးရပါတယ် ။ နေရာဒေသ အ လိုက် အရောင်းတန်ဖိုး တစ်ရာခိုင်နှုန်းက နေ သုံးရာခိုင်နှုန်း အထိ ပေးရပါတယ် ။ မြေရှင် လက်မှတ်မပါဘဲ ဥပဒေနှင့် ညီညွတ်ပါ က ရောင်းချခွင့် ရှိတယ်ဆိုပေမဲ့ မြေရှင် အသိအမှတ် မပြုပါက ဆုံးရှုံးမှုတွေ ဖြစ်ပေါ် လာနိုင်တယ်လို့ သိရပါတယ် ။

 

အိမ်လခ ပေးရတာက

         အပျောက် တိုက်ခန်း ဝယ်ယူသူကို ဥပဒေအရ အိမ်ငှားခ သတ်မှတ်ထားလို့ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေကို လိုက်နာ ရတာကြောင့် အပျောက်တိုက်ခန်း ဝယ်ယူသူတွေ အနေနဲ့ ငှားရမ်းခွင့်နဲ့ တစ်ဆင့် ပြန်လည် ရောင်းချခွင့် ရှိပေမဲ့ ဥပဒေအရ အိမ်ငှားဟုဆိုတာ ကြောင့် အိမ်လခပေးဖို့ တာဝန်ရှိပါတယ် ။ မြေရှင် က သတ်မှတ် ထားတဲ့ အိမ်လခကို တိုက်ခန်း နေသူတွေက ပေးရတာဖြစ်ပြီး အိမ်လခတွေ ကိုတော့ နားလည်မှုနဲ့ သတ် မှတ်ကြတယ်လို့ သိရပါတယ် ။“ မြေယာနှင့် အခွန်က သတ်မှတ်ထား တဲ့ အိမ်လခက ၂၀ဝ / ၂၅၀ ( ကျပ် ) ၊ ဒါက ခု နဲ့ မကိုက်ညီ တော့ဘူး ၊ ခုတော့ နားလည်မှု နဲ့ ပေးနေကြတာပါ ၊ ထောင်ဂဏန်းဝန်း ကျင် ပေးရပါတယ် ”လို့ အိမ်ခြံမြေ အကြံ ပေး ရှေ့နေ ဦးကိုကိုက ဆိုပါတယ် ။

 

လခ ပေးလည်း မခိုင်မာသေးပါ

         မြေရှင်ကို အိမ်လခ မှန်မှန်ပေးသွင်း နေပေမဲ့ ၊ အိမ်ရှင် အသိအမှတ် ပြုတယ်ဆို ပေမဲ့ အမည်ပေါက် နေရာမှာ မူလပိုင်ရှင်ရဲ့ အမည်နဲ့သာ ဆက်လက် တည်ရှိနေတာ ကြောင့် တိုက်ခန်းနဲ့ ပတ်သက်တဲ့ တစ်စုံ တစ်ခု ဖြစ်ပေါ်လာပါက ပိုင်ဆိုင်မှုမှာ မူလ ပိုင်ရှင်နာမည်နဲ့သာ ရရှိမှာ ဖြစ်ပါတယ် ။ အိမ်ရှင် အနေနဲ့လည်း မိမိနဲ့ သင့်မြတ်သူ ကိုသာ ထောက်ခံ ပေးခြင်းမျိုး ဖြစ်ပေါ်လာ နိုင်တယ်လို့ သိရပါတယ် ။ “အခု အဖြစ်များ နေတာက တိုက် ဟောင်းပြီး ပြိုကျလာ မှုတွေပေါ့ ၊ မြေရှင်ကို အိမ်လခတော့ သွင်းတယ် ၊ ဒါပေမဲ့ အရက် မူးပြီး နေ့တိုင်း သောင်းကျန်း နေတော့ ကန် ထရိုက်နဲ့ တိုက်အသစ် ပြန်ဆောက်တော့ မြေရှင်က အခန်းမပေးတော့ ဘူးဆိုပြီး ပြဿနာတွေ တက်နေတယ် ”ဆိုပါတယ် ။

 

ငှားရမ်းခ တိုးလို့

          ၁၉၆၀ ပြည့်နှစ် ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေမှာ အိမ်ရှင် အခွင့်အရေးအရ ငှားရမ်းခ တိုးတောင်းခွင့် ရှိတယ်လို့ ပါရှိပါ တယ် ။ ဥပဒေ အရ ငှားရမ်းခ တိုးတောင်း နိုင်ပေမဲ့ အိမ်ရှင်တွေ အနေနဲ့ ငှားရမ်းခ နှစ်စဉ်တိုး မြှင့်ကောက်ခံ နေတာကြောင့် အပျောက် တိုက်ခန်း ဝယ်ယူသူတွေ အခက် တွေ့ကြရပါတယ် ။ ယခုဆိုရင် အိမ်လခ တစ်လ ကျပ် ၅၀ဝ၀ အထိ ပေးကြရသလို အိမ်လခ ကိုလည်းပုံစံအမျိုးမျိုးနဲ့ ကောက်ခံ နေကြတယ် လို့သိ ရပါတယ် ။ “ ကျွန်မတို့ ဘက်မှာတော့ အိမ်လခ ရယ်လို့ မဟုတ်ဘဲ ရေခွန် ၊ မီးခွန်ဆိုပြီး တစ် လကို ကျပ် ၃၀ဝ၀ ပေးရတယ် ၊ တချို့ တိုက် တွေမှာတော့ ဒီထက် များတယ်ပြော တယ် ”လို့ လှိုင်မြို့နယ်မှာ နေထိုင်သူ တစ်ဦးက ဆိုပါတယ် ။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate