အမွေပုံ ပစ္စည်း ဖြစ်လာတတ်သည့် မိဘများ မကွယ်လွန်ခင် ပေးကမ်းခဲ့သော အိမ်နှင့်မြေကို ဝယ်မည် ဆိုလျှင်

အမွေပုံ ပစ္စည်း ဖြစ်လာတတ်သည့် မိဘများ မကွယ်လွန်ခင် ပေးကမ်းခဲ့သော အိမ်နှင့်မြေကို ဝယ်မည် ဆိုလျှင်

“ မိဘများ ကွယ်လွန်ရင် ခွဲဝေဖို့ အမွေပစ္စည်း ကျန်ခဲ့ရမယ်ဆိုတာ 

ဟုတ်ပါသလား ဆရာ ”ဟု မိတ်ဆွေ တစ်ဦး၏ သားဖြစ်သူက 

စာရေးသူထံ လာရောက် ဆွေးနွေးခြင်း ဖြစ်ပါသည် ၊

 

“ တရားသေ ပြောလို့တော့ မရဘူး ။ ငွေကြေး ပြည့်စုံတဲ့ မိသားစုဆို 

ရင်တော့ မိဘပိုင် မရွှေ့မပြောင်း နိုင်တဲ့ပစ္စည်း ၊ ရွှေ့ပြောင်းနိုင်တဲ့ 

ပစ္စည်းတွေ ရှိနိုင်တယ် ။ လက်လုပ် လက်စား အခြေခံ လူတန်းစား

မှာတော့ ခွဲဝေမယ့် အမွေပစ္စည်း ကျန်ရစ်ဖို့ ကိစ္စက ၊ ခဲယဉ်းမှုတစ်ခု 

ဖြစ်လာနိုင်တယ် ”

 

“ ဟုတ်ပါတယ် ဆရာ ။ ဒါပေမယ့် ဥပဒေအရ ၊ အမွေပစ္စည်း 

အဖြစ်ထား ရှိရမယ် ဆိုတာ ရှိတယ်လို့ တချို့က ပြောကြလို့ပါ 

ဆရာ ။ အဲဒါအခုမှ ပြဋ္ဌာန်းတာလား ဆရာ ”

 

မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရတော့ ၊ ကင်းဝန် မင်းကြီး 

ဦးကောင်းပြုစုတဲ့ ဓမ္မသတ် -၃၆ စောင်တွဲ ၊ အခန်း ( ၈ ) ပုဒ်မ 

၇၅ မှာ - မြန်မာ ဗုဒ္ဓဘာသာဝင် သားချင်းတို့အနက် တစ်စုံ

တစ်ယောက်သော သားသမီးတို့အား မိဘတို့သည် ပေးကမ်း

ခဲ့၍ လက်သို့ ရောက်သော်လည်း ထိုမိဘတို့ သေဆုံးပြီးနောက် 

သားချင်းတို့မှာ ဝေခြမ်း စရာ အမွေဥစ္စာ မရှိခဲ့မူကား မိဘတို့ 

ပေးကမ်းခဲ့သည့်  လက်ရောက်ဥစ္စာ ဖြစ်သည် ဟုမဆိုသာ ၊ 

ထိုဥစ္စာကို အမွေပုံမှာ ထည့်သွင်း၍ သားချင်းတို့နှင့် တရားကြောင်း 

အလျောက်ခွဲဝေခြင်း  ပြုအပ်၏လို့ ဖော်ပြ ထားတာကြောင့် 

ရှေးဘုရင် ကာလကပင် လက်ခံ ကျင့်သုံး ခဲ့တယ်လို့ ယူဆရမှာ

 ဖြစ်ပါတယ် ”

 

“ မိဘဖြစ်သူက မိမိမကွယ်လွန်မီမှာ သားသမီးတွေကို မိမိပိုင်

ပစ္စည်းများအပေါ် တစ်ဦးစီခွဲဝေ ပေးထားပြီးဆိုရင် ကွယ်လွန်

တဲ့အခါ အမွေခွဲဝေဖို့ လိုပါဦးမလား ဆရာ” အဲ့ဒါကတော့

မိဘတွေနဲ့ သားသမီးတွေ အားလုံး သဘောတူခွဲဝေတဲ့ 

မိသားစုစီမံမှု လုပ်လို့ရတယ် ။ အခု ဘယ်လိုကိစ္စနဲ့ 

ပတ်သက်နေလို့လဲ  ”

 

“ ဒီလိုပါ ဆရာ ။ ကျွန်တော်ဝယ် ဖို့သွားကြည့်တဲ့ အိမ်နဲ့မြေက 

ထူးခြားတဲ့ စာချုပ်တစ်ခု ဖတ်လိုက်ရလို့ပါ ”

 

“ ကဲ – ပြောပါဦး ၊ ပိုင်ရှင်မှာ ဘာပြဿနာ ရှိနေလို့လဲ ”

 

“ မိဘတွေ ကတော့ ကွယ်လွန်သွား ကြပြီဆရာ ။ ကျွန်တော် အခု

 ဝယ်မယ့် အိမ်နဲ့မြေက မိခင်မကွယ် လွန်မီမှာ အတူနေသမီးကို 

ပေးကမ်း သွားတယ် ဆရာ ”

 

မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ ပေးကမ်းသွားတာလား”

 

“ဟုတ်ပါတယ် ဆရာ ၊ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်

 ပြုလုပ် ချုပ်ဆို ထားပါတယ် ”

 

“ မြေအမည်ပေါက်က မိခင် အမည်ပေါက် အနေနဲ့ရှိသေးလား ၊ 

သမီးဖြစ်သူက  အမည်ပြောင်း ပြီးပြီလား ”

 

“ အဲ့ဒါတော့ သေချာမသိဘူး ဆရာ ။ အပေးစာချုပ် ထဲမှာတော့ ၊ 

ကျန်သားသမီးနှစ်ဦးကို အမွေခွဲဝေ ပေးပြီးဖြစ်တယ် ။ ဒါကြောင့် 

အတူနေ သမီးကို ကျန်ရှိတဲ့ ယခု အိမ်နဲ့မြေကို မေတ္တာနှင့် ပေးကမ်း

တယ်လို့ ဖော်ပြထား ပါတယ် ”

 

“ မောင်ရင် ပြောစကားအရ တော့ အပေးစာချုပ်ကို ဥပဒေတတ် 

သိသူတစ်ဦးဦးနဲ့ ချုပ်ဆိုထားတယ်ဆို ရမယ် ။ အခုစရန်ငွေ 

ပေးပြီးပြီ လား…”

 

“စရန်တော့ မပေးရသေးဘူး ဆရာ ။ စရန်ငွေပေး ပြီးရင်တော့ 

သတင်းစာမှာ ကန့်ကွက်ရန် ရှိ ၊ မရှိ ထည့်သွင်းရမယ် ဆရာ ။ 

ဒါလည်း ဆရာ ဆောင်ရွက်ပေး စေချင်ပါ တယ် ။ ခက်တာက 

အဲဒီလို ကြော်ငြာလိုက်မှ ကန့်ကွက်သူများ ပေါ်လာနိုင်သလား 

ဆရာ”

 

ပေးကမ်းခြင်း စာချုပ်မှာ ကျန်တဲ့ သားသမီး နှစ်ဦးကလည်း 

သဘောတူကြောင်း ဖော်ပြထားမယ် ။ ဒါမှ မဟုတ် အသိသက်သေ

အဖြစ် လက်မှတ်ရေးထိုး ထားမယ်ဆိုရင်တော့ ကျန်တဲ့ သားသမီး

နှစ်ဦးက မိဘကွယ်လွန်ချိန်မှာ ကန့်ကွက်ဖို့ ခက်ခဲသွား နိုင်တာပေါ့ ”

 

“ ဆရာ ပြောသလို မိဘကွယ်လွန်ချိန်မှာ အပေးစာချုပ်အပေါ် 

ကန့်ကွက်ဖို့ ခက်ခဲသွားမယ်ဆိုရင် မိဘမကွယ်လွန်မီမှာ 

ကန့်ကွက်လို့ မရဘူးလား ”

 

“ ဥပဒေသဘော အရတော့ ပေးကမ်းသူ မိဘမကွယ်လွန်မီမှာ 

ပေးကမ်းစာချုပ် အပေါ်ကန့်ကွက် တောင်းဆိုခွင့်မရှိလို့ 

 ဆိုထားတယ် ”

 

“ ဒါဆိုရင် ပေးကမ်းသူ ကွယ်လွန်မှ ပေးကမ်းခြင်း အပေါ် 

ကန့်ကွက် တောင်းဆိုခွင့်ရှိမယ့် သဘောလား ဆရာ ”

 

“ မှန်ပါတယ် ။ ရှင်းအောင် ပြောရရင် ဒါနဲ့ ပတ်သက်လို့ 

တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်လှပိုပါ ( ၂ ) နှင့် 

ဦးတင်အုန်းပါ ( ၃ ) ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး 

စာမျက်နှာ – ၁၀၄၊ အမှုမှာ အမွေရှင်မကွယ်လွန်ခင် 

အမွေရှင် ပေးကမ်းထားသည့် ပေးကမ်းခြင်း စာချုပ်မှာ 

ပျက်ပြယ်ပါသည်ဟု အမွေရှင်နှင့် ပေးကမ်းခြင်း လက်ခံသူတို့

အပေါ် တရားစွဲခွင့်မရှိလို့ ဆုံးဖြတ် ထားပါတယ် ။ ဒါကြောင့် 

မိဘပေးကမ်းသူ အသက်ထင်ရှားရှိစဉ်မှာ မေတ္တာနှင့် ပစ္စည်း

ပေးကမ်းခြင်း အပေါ် အမွေဆက်ခံမည့် ကျန်သားသမီးများက 

ကန့်ကွက် ပိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး ”

 

“ ဒါဆိုရင် ပေးကမ်းသူ မိဘကွယ်လွန်မှ ကန့်ကွက်ခွင့်ရှိတဲ့ 

သဘောဖြစ် သွားတာပေါ့ ”

 

“ မှန်ပါတယ် ။ ဒီနေရာမှာလည်း ပေးကမ်းသူမိဘက သားသမီး

အားလုံးကို အမွေသဘော ခွဲဝေပြီးကြောင်း ပေါ်လွင်ရင်တော့ 

နောက်ဆုံး ပေးကမ်း လက်ခံသူမှာ ယခုပစ္စည်းကလွဲပြီး ကျန်ပစ္စည်း 

လုံးဝရယူထားခြင်း မရှိခဲ့ရင် အတည်ဖြစ်နိုင် ပါတယ် ”

 

“ ဒါဆိုရင် အခုကိစ္စမှာ မိခင်ဖြစ်သူက ကွယ်လွန်သွားပြီ ဆိုတော့ 

ကန့်ကွက်နိုင်တာ ပေါ့နော် ”

 

“ တစ်ခုရှိတာက ကျန်တဲ့ မောင်နှမ နှစ်ဦးက ဆရာအစောက 

ပြောသလို အပေးစာချုပ်မှာ သိရှိသဘော တူညီကြောင်း 

လက်မှတ်ရေး ထိုးထားတာမျိုး ပါရှိရင်တော့ စိတ်ပူစရာ 

မလိုဘူးပေါ့ ။ ဒါပေမယ့် အသိသက်သေအဖြစ် လက်မှတ်

ရေးထိုးထားတာ မရှိရင်တော့ သူတို့ မသိပါဘူးဆိုပြီး 

အရောင်းအဝယ်ကို ကန့်ကွက်နိုင်ပါတယ်”

 

“ ဆရာပြောမှ သတိရမိတယ် ။ ရောင်းသူ အမျိုးသမီးကပြောတော့ 

ကျန်တဲ့ မောင်နှမတွေက အပေးစာချုပ် တရားမဝင်ဘူးဆိုပြီး 

တရားစွဲတာ ရှုံးသွားတယ် ပြောတယ် ။ ဒါကြောင့် အမည်ပြောင်း

ထားလို့ စိတ်မပူနဲ့ ပြောပါတယ် ”

 

“ ဒါဆိုရင် မြေကွက်အမည်ပေါက် ပြောင်းစဉ်က ကန့်ကွက် 

တရားစွဲတာ ဖြစ်မယ် ။ အဲဒီတုန်းက မိခင်ကြီး မကွယ်လွန်

သေးဘူး ထင်တယ် ။ တရားရုံးရဲ့ စီရင်ချက်အမိန့် မိတ္တူကူး 

ထားသေးလား ”

 

“ကျွန်တော်က ကြည့်ရုံပဲကြည့်ခဲ့တယ် ။ ဒါပေမယ့် ကျွန်တော့်ဖုန်းနဲ့ 

ဓာတ်ပုံတော့ ရိုက်ယူထားတယ် ”ဟု ပြောကာ ဖုန်းထဲရှိ ဓာတ်ပုံကို

ရှာပြီး စာရေးသူ အားပြပါသည် ။

 

“ ဒီစီရင်ချက် အရဆိုရင်တော့ အထက်က ပြောခဲ့သလို မိခင် 

မကွယ်လွန်ခင် တရားစွဲဆိုတဲ့အတွက် စွဲပိုင်ခွင့် မရှိသေးလို့ 

ပယ်လိုက်တာ ဖြစ်တယ်  ”

 

“ဒါဆိုရင် အခုပေးကမ်းသူ မိခင်ကွယ်လွန်ပြီးမှ ရောင်းတယ် 

ဆိုတော့ ထပ်မံတရားစွဲဆို ခွင့်ရှိနိုင်တာပေါ့ ”

 

“ မှန်ပါတယ် ။ ဒါပေမယ့် အပေးစာချုပ်မှာ ကျန်သားသမီး နှစ်ဦးကို 

တိုက်ခန်းနဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းက မြေတစ်ကွက်စီ ပေးပြီးလို့ 

ဖော်ပြထားချက်အရ နောက်ဆုံးပစ္စည်းကို အတူနေသူထံ 

ပေးတာကတော့ တရားဝင် နိုင်ပါတယ် ”

 

“ အမွေခွဲမယ်ဆိုရင် သုံးဦးလုံးရထားတဲ့ မြေကွက်နဲ့ အိမ်အားလုံး 

အပေါ် ခွဲဝေမှ တရားမျှမှာပေါ့ ဆရာ ”

 

“ဒါကြောင့် တရားမစွဲဘူးလို့တော့ တရားသေတွက်လို့ မရဘူး ။ 

မြေတန်ဖိုးချင်း ကွာတယ်ဆိုပြီး ရသလောက် အမြတ်တွက်တာ 

ကန့်ကွက်တာ မျိုးလည်း ရှိတတ်တယ် ။ အကောင်းဆုံးကတော့ 

သားသမီး သုံးဦးလုံးက သဘောတူ ရောင်းချတာမျိုးမှာ 

အကောင်းဆုံးပါပဲ ။ ဥပဒေ သဘောအရတော့ ရောင်းမယ့်သူက 

သာတဲ့သဘော ရှိပါတယ် ”

 

“ စွန့်စားဝယ်ရမယ့် သဘောဖြစ်နေတာပေါ့ ဆရာ ”

 

“ မှန်ပါတယ် ။ စွန့်စားရမယ့် သဘောဖြစ်လို့ ပေးကမ်းခြင်း 

ကိစ္စတွေမှာ သေချာစီစစ် ဝယ်သင့်ပါတယ် ”ဟု အကြံပြု 

ဆွေးနွေး လိုက်ပါသည် ။

 

Credit-ထိယု(ဥပဒေအတိုင်ပင်ခံ)

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate