အကြောင်းကြား နို့တစ်စာ
တရားမမှုများ စွဲဆိုရာတွင် တချို့အမှု များမှာ
အကြောင်းကြား နို့တစ်စာ ရေးရန် မလိုသော်လည်း
တချို့အမှုများမှာ နို့တစ်မပေးက တရားစွဲ၍ မရပေ ။
တရားမ ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၀ အရ အစိုးရ အပေါ်
ဖြစ်စေ တာဝန်အရ ဆောင်ရွက်သည့် အစိုးရအရာရှိ
အပေါ်တွင် ဖြစ်စေ တရားမကြောင်းအရ တရားစွဲဆိုရန်
- ရှိလျှင် လည်းကောင်း ၊ အိမ်ရှင် အိမ်ငှား နှင်လိုမှု
များတွင် ပစ္စည်းလွှဲ ပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁၀၆ ၊
၁၁၁ ၊၁၁၃ နှင့် မြို့ပြ ဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး
အက်ဥပဒေ ပုဒ်မ ၁၂ ၊ ၂ ၊ ( က ) အရ နို့တစ်ပေးရန်
ပြဋ္ဌာန်း ထားပါသည် ။ အစိုးရ ( သို့မဟုတ် ) တာ ဝန်
အရ ဆောင်ရွက်သည့် အစိုးရအရာရှိ အပေါ်နို့်တစ်စာ
ပေး၍ ၂ လ ပြည့်ပြီးမှာ တရားစွဲရန်နှင့် အိမ်ငှားနှင် လိုမှု
ဖြစ်က ( ၁၅ ) ရက်ကြိုတင်၍ အိမ်ငှား လက်ဝယ်
ရောက်ဖို့ လိုပါသည် ။ ထိုသို့ မရောက်ပါက နို့တစ်စာမှ
ဥပဒေနှင့် မညီညွှတ်သဖြင့် အမှုတစ်ခုလုံး ပျက်ပြယ်
ပါသည် ။
သို့ဖြစ်ရာ အမှုအလိုက် စည်းကမ်းချက် နှင့်အညီ
နို့တစ်ပေးဖို့ လိုပါသည် ။ သက်ဆိုင်ရာ ဥပဒေကိုလည်း
ကျေ ညက်စွာ လေ့လာထား ရပါမည် ။ မြင်းကို သံခွာ
မရိုက်မိသည်နှင့် စစ်ပွဲကြီးတစ်ခုလုံး ရှုံးရဘိ သကဲသို့
မှားယွင်းစွာ နို့တစ်ပေးမိ သည့်အတွက် တရားမမှုကြီး
တစ်ခုလုံး ရှုံးနိမ့်နိုင် သဖြင့် သတိကြီးစွာ ဆောင်ရွက်ဖို့
လိုပါသည် ။ နောက်ထပ် သတိပြုရမည့်အချက်မှာ မိမိ
ပေးပို့သည့် နို့တစ်စာအတည် ဖြစ်ရန်အတွက် စာတိုက်မှ
မှတ်ပုံတင်၍ ပေးပို့ရပါမည် ။ နို့တစ်အတည် မဖြစ်က
တရာစွဲဆိုရန် အကြောင်း ပေါ်ပေါက်ခြင်း မရှိသဖြင့် အမှု
ပလစ်ခြင်း ခံရပါမည် ။ အချို့ က တရားမမှုအစ နို့တစ်က
ဟု ဆိုစမှတ်ပြု ကြပါသည် ။ မှန်ပေသည် ။ တရားမမှု
စွဲဆိုတော့မည် ဆိုလျှင် ရှေးဦးစွာ တစ်ဖက်လူ ( တရားပြိုင် )
အားနို့တစ်ပေး၍ အသိပေး အကြောင်းကြား ရပါသည် ။
အပေးခံရသူက နို့တစ်ကို ပြန်ကြား လျှင်လည်း ရသည် ။
မပြန်ကြားဘဲ နေလျှင်လည်း ရပါသည် ။ နို့တစ်ကို
မလွဲမသွေ ပြန်ကြားရ မည်ဟု ဥပဒေပြဋ္ဌာန်းချက် မရှိပါ ။
နို့်တစ်ပေးသူ အနေဖြင့် နို့တစ်ကို မပြန်ကြားက
တောင်းဆိုသည့် ကိစ္စအပေါ် ( သက်သာခွင့် ) မလိုက်နာဟု
မှတ်ယူပြီး တရားစွဲဆိုရန် ဆက်လက် ဆောင်ရွက်ကြ
ပါသည် ။
( ဦးမြင့်လွင်-တရားလွှတ်တော်ရှေ့နေ ၊ တရားမ
နို့တစ် ၁၀၀၊ စာရေးသူ၏အမှာစာ ) ။
Related Posts
GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...
ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...
“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...