နိုင်ငံခြားက ယောက်ကျာ်းပို့တဲ့ ပိုက်ဆံနဲ့ အိမ် ခြံ မြေကို ဝယ်ယူ ထားပြီးခါမှ အကွက်ဆင်ပြီး ကွာရှင်းခွင့်တောင်း
နိုင်ငံခြားက ယောက်ကျာ်းပို့တဲ့ ပိုက်ဆံနဲ့ အိမ် ခြံ မြေကို
ဝယ်ယူထားပြီးခါမှ အမေဖြစ်သူရဲ့ အတ္တကြောင့် ယောကျာ်း
ဖြစ်သူကို အကွက်ဆင်ပြီး ကွာရှင်းခွင့်တောင်း
***************************************
နှစ်ရှည် လများစွာ နိုင်ငံခြားမှာ အလုပ်လုပ် ကိုင်ခဲ့ပြီး
မိန်းမ ဖြစ်သူထံ လစဉ်လတိုင်း ငွေအမြောက်အများကို
ပေးပို့ခဲ့သူ ရှိပါတယ် ။ မိန်းမ ဖြစ်သူကလည်း
ယောက်ကျာ်းပေး ပို့လာတဲ့ ငွေကိုစုကာ အိမ် ခြံ မြေလေး
ဝယ်ယူ ထားခဲ့ ပါတယ် ။ ယောကျာ်း ပို့လာတဲ့ ပိုက်ဆံနဲ့
ဝယ်ယူထားတဲ့ အိမ် ခြံ မြေမှာ သူရဲ့ နာမ်မည်နဲ့ မဟုတ်ဘဲ
အမေဖြစ်သူရဲ့ နာမ်မည် နှင့်ပါ ။ အိမ် ခြံ မြေ စျေးတွေလည်း
ကောင်းနေတဲ့ အချိန်မှာ ယောက္ခမ ဖြစ်သူက နေပြီး လောဘ
တက်လာကာ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ယောကျာ်းကို
ဖောက်ပြန် နေပါတယ် ဆိုတဲ့ ကိစ္စနှင့်
ကွာရှင်းဖို့ လုပ်ပါတယ် ။
ယောကျာ်ဖြစ် သူကလည်း မဖောက်ပြန် ခဲ့ရပါ ။ တကယ်
မဖောက်ပြန်ဘဲ ဖောက်ပြန် ပါတယ် ဆိုပြီး စွပ်စွဲခံရကာ
အတင်းဖိအားပေး ကွာရှင်းစေတဲ့ ကိစ္စလည်း ဖြစ်နေသလို
သူပို့လိုက်တဲ့ ပိုက်ဆံဖြင့် ဝယ်ယူထားတဲ့ အိမ် ခြံ မြေ
ဟာလည်း သူ့လက်ထဲမှာ ရှိမနေတဲ့အခါ သူ့အတွက်
မတရားတော့ပါ ။ သူ့အနေနဲ့ ကောင်းမွန်စွာနဲ့ အကြံပေးနိုင်တဲ့
ဥပဒေ ပညာရှင်ဆီက အကြံကို ရယူပြီး-
လတိုင်းပို့ နေတဲ့ ငွေတွေရဲ့ စုစုပေါင်း Amount ကို
မှတ်တမ်းညတင်ထား ကာပို့လိုက်တဲ့ ဘဏ်အကောင့်က
မှတ်တမ်းကိုလည်း ယူထားပါတယ် ။ ချစ်ခင်လို့ ယူထားတဲ့
မိန်းမ ဖြစ်သူလည်း အမေ ဖက်ပါ နေတာမို့ ထပ်ပေါင်း
ချင်စိတ်လည်း မရှိတော့ပါ ။ ကွာရှင်းခွင့် တောင်းထားတဲ့
သက်သေတွေလည်း သူ့မှာ အကုန်ရှိပါတယ် ။ ရှေ့နေမှတစ်ဆင့်
အဝေးရောက်ထွက် ဆိုချက်နှင့် ကိုယ်စားလှယ်လွဲပြီး အသရေ
ဖျက်မှု့နှင့်ပါ တရားစွဲဆို လိုက်ကာ နို့တစ်ပါ ပို့လိုက်ပါတယ် ။
သူ့ဖက်ကလည်း ယုတ်မာတဲ့ သူတွေကို ခေါင်းငုံမခံဘဲ ပြန်လည်
တုံပြန်ပြီး လုံးဝ ကွာရှင်းခွင့်လည်း မပေးခဲ့ပါ ။ သတင်းစာ
အမထဲမှာလည်း အိမ်ကို ရောင်းချခွင့် ၊ ငှားရမ်းခွင့် ပိတ်ပင်တဲ့
စာကိုလည်းထည့်ကြော်ငြာ လိုက်ပါတယ် ။ (yuzanarland.com)
ဒီလိုလည်း လုပ်လိုက်ရော မိန်းမဖြစ်သူက ငိုယိုပြီး တောင်းပန်
လာပါတယ် ။ ငွေနဲ့ တစ်မျက်နှာ လုပ်တတ်တဲ့ မိန်းမကို
သူ့အနေနဲ့လည်း မလိုချင်တော့ပါ ။ နောက်ထပ်လည်း
ငွေတွေ ထပ်ပို့စရာ အကြောင်းလည်း မရှိတော့ပါ ။
Related Posts
"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...
လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...