အိမ် ခြံ မြေ ဝယ်ယူသူတွေ သိသင့် သိထိုက်တဲ့ အကြောင်း

အိမ် ခြံ မြေ ဝယ်ယူသူတွေ သိသင့် သိထိုက်တဲ့ အကြောင်း

လေးစားစွာဖြင့် အိမ် ခြံ မြေ ဝယ်ယူသူများ
သိသင့်သော အကြောင်းအရာကို ဖော်ပြ ပေးလို ပါတယ် ။
အိမ် ခြံ မြေ ဝယ်ယူသူတွေဟာ မိမိဝယ်ယူမယ့် အိမ် ခြံ မြေ
ကို သေချာ စဉ်းစား ဆင်ခြင်ပြီးမှ ဆုံးဖြတ်ချ ဝယ်ယူရတာ
ဖြစ်ပါတယ် ။
အဲဒီထဲကမှ အိမ် ခြံ မြေ ဝယ်ယူရာမှာ အကျိုးဆောင်များနှင့်
လက်တွဲ လုပ်ဆောင်တဲ့အခါ သိထားရမယ့် အရာတွေ

 ရှိပါတယ် ။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်း 

တစ်ယောက်နှင့် တစ်ယောက်က မတူညီတတ်ကြပေမယ့် 

အိမ် ခြံ မြေ လုပ်ငန်းကို အတည်တကျ လုပ်ကိုင်နေတဲ့ 

အိမ် ခြံ မြေ အကျိုးဆောင် တော်တော် များများ ကတော့


▶️ အရောင်း အပ်ထားတဲ့ သူတွေရဲ့ အိမ် ခြံ မြေ တွေကို

 ပိုင်ရှင်ရဲ့ သဘော တူညီချက် အတိုင်း စျေးခေါ်ကြပါတယ် ။
အရောင်း အဝယ် ဖြစ်သွားတဲ့အခါမှာ ရောင်းချသူ ပိုင်ရှင်

ဆီကနေ ကော်မရှင်ခ ( ခေါ် ) အကျိုးဆောင်ခ ၊ အခုခေတ်

အခေါ်အရဆို ပွဲခ ရရှိကြ ပါတယ် ။ အရောင်းအပ် ထားတဲ့ 

အိမ်တိုင်းက သူတို့နဲ့ရောင်း မထွက်ကြသလို့ အရောင်းမအပ်

ထားတဲ့အိမ် ကနေလည်း ရောင်းထွက် နိုင်ကြ ပါတယ် ။

ဘာလို့ အရောင်းမအပ် ထားပေမယ့် ရောင်းထွက်သွား
တာလဲဆိုရင် ဝယ်ယူသူတွေ အပေါ် စေတနာထားပြီး 

လုပ်ဆောင်တဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ကို 

တည်ဆောက်နိုင်တဲ့ ကျွမ်းကျင်မှု့ ဖြစ်ပါတယ် ။

▶️ အိမ် ခြံ မြေ အရောင်းအပ်လာတဲ့ အခါမှာလည်း အဲဒီ 

အိမ် ခြံ မြေ နှင့်ပတ်သက်တဲ့ အချက်အလက် ဒေတာတွေကို 

ဝယ်ယူသူတွေဆီ ပြသတဲ့အခါ ဓါတ်ပုံ ၊ လမ်း အနေအထား ၊

ပတ်ဝန်းကျင်ရဲ့ တိုးတက်မှု့
အခြေအနေ ၊ ပိုင်ဆိုင်မှု့ မြေအမျိုးအစား ၊ စျေးနှုန်း အစရှိသဖြင့်
အတတ်နိုင်ဆုံး ပြသရောင်းချ ကြပါတယ် ။ အိမ် ခြံ မြေ 

ဝယ်ယူသူတွေရဲ့ လိုအပ်ချက် အတိုင်း ကိုက်ညီတဲ့ အနေအထား

တစ်ခုကို အကျိုးဆောင်ဆီမှာ ရှိနေတယ်ဆိုရင် ဆက်သွယ်ပြီး 

မေးမြန်း လိုက်လို့ ရပါတယ် ။ ကိုက်ညီတာကို မေးမြန်းတဲ့အခါ 

အကျိုးဆောင်နှင့် ဝယ်ယူသူတို့ နှစ်ဦးကြားမှာ မလိုအပ်ဘဲ 

အချိန်တွေ ၊ ငွေတွေ ဆုံးရှုံးဖို့ဆိုတာ မဖြစ်နိုင်သလို တစ်ဖက်

နှင့်တစ်ဖက် လေးစားရာလည်း ကျပါတယ် ။

▶️ ကိုက်ညီတာကို မေးမြန်း ပြီးတဲ့နောက် မြေပြင်ဆီကို 

အတူတကွ သွားရောက် ပြသကြည့်ရှု့ ကြတဲ့အခါမှာ 

ကြည့်ရှု့သူ ၊ ဝယ်ယူသူ အနေနဲ့ မကြိုက်တဲ့ အနေအထား 

မျိုးဖြစ် နေတယ် ဆိုရင်လည်း အလုပ်ကို တန်ဖိုးထားကာ 

ဇွတ်အတင်း ပြောဆို ရောင်းပြီး အနေရခက် အောင်လည်း
မလုပ်တတ် ကြပါဘူး ။ ဝယ်ယူသူရဲ့ လိုအပ်ချက်ကို

သေချာမေးပြီး နောက်ထပ် ကြည့်ရှု့ဖို့ ထပ်မံ ရှာဖွေ 

  • ကြိုးပမ်း ပေးကြ ပါတယ် ။

    အိမ် ခြံ မြေ ဝယ်ယူတဲ့အခါ အကျိုးဆောင်နှင့် ဝယ်ယူမယ်

ဆိုရင် အကျိုးကျေးဇူး အားသားချက်တွေ အများကြီး 

ရှိပါတယ် ။ ဝယ်ယူသူတွေအနေနဲ့လည်း တာဝန်ယူမှု့ ၊ 

တာဝန်ခံမှု့ အပြည့်ရှိတဲ့ အိမ် ခြံ မြေ အကျိုးဆောင်နဲ့ 

ဝယ်ယူကာ ကောင်းမွန်တဲ့ အိမ် ခြံ မြေ များကို ရရှိ

ပိုင်ဆိုင်နိုင် ကြပါစေ ။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate