မြေအရောင်း အဝယ်စာချုပ်လိုက် အကျိုးဆောင်ရင်း တခါတရံ အဌားစာချုပ် များပြု လုပ်ပေးရလေ့ ရှိပါတယ် ။ အဌားပြု လုပ်ရာတွင် အိမ်ရှင်တော်တော် များများမှာ ကာလရှည်မဌားလိုကြပေ

မြေအရောင်း အဝယ်စာချုပ်လိုက် အကျိုးဆောင်ရင်း တခါတရံ အဌားစာချုပ် များပြု လုပ်ပေးရလေ့ ရှိပါတယ် ။  အဌားပြု လုပ်ရာတွင် အိမ်ရှင်တော်တော် များများမှာ ကာလရှည်မဌားလိုကြပေ

       မြေ အရောင်း အဝယ် စာချုပ်လိုက်လံ အကျိုးဆောင်ရင်း တခါတရံ အဌားစာချုပ် များပြု လုပ်ပေးရလေ့ ရှိပါတယ် ။ 
အဌားပြု လုပ်ရာတွင် အိမ်ရှင် တော်တော် များများမှာ ကာလ ရှည်မဌား လိုကြပေ အကြောင်း ပြချက်မှာ နှစ်ကြာသွားပါက အပိုင်စီး
သွားမည် ဟုစိုးရိမ် တတ်သကဲ့သို့ ၁၂  နှစ်ကျော်ပါက အိမ်ဌားမှာ ပိုင်သွား မည်ထင်နေသည်  ။ 
ရှေး  ယခင်ကတော့ စဘော်ငွေ   /  လခပေး စနစ်ဖြင့် ဌားရမ်းတတ်ရာ လခကို အိမ်ရှင် လက်မခံပါက ဌားရမ်း

ကြီးကြပ်ရေး ဝန်ထံပေးသွင်း ပြီးဆက်လက် နေထိုင်ကြရာ အိမ်ဌား တာဝန် ဖောက်ဖျက်မှသာ
ဖယ်ရှားပေး ဖို့ရန် တရားစွဲဆို ရသည် ။  ယခုအခါတွင် စဘော် မယူတော့ ဘဲလချုပ်  /  နှစ်ချုပ်
စသည်ဖြင် ကာလတို / ရှည်ဌားရမ်း လေ့ရှိပါသည် ။  အိမ်ရှင်အိမ်ဌား မူခင်းလည်း နည်းပါးသွား ပါသည် ။ 


        ၁၂ နှစ်ကျော်ပါက အိမ်ဌားက ပိုင်ရှင်မဖြစ်ပါ ဆိုပါကိစ္စမကြာခဏ စီနီယာဆရာ များရေးသား
တတ်သည်ကိုဖတ်ရှု လေ့လာရ ပါသည် ၁၉၆၀ ပြည့်မြို့ ပြဆိုင်ရာ ဌားရမ်းကြီး ကြပ်ရေး အက်ဥပဒေ
ပုဒ္မ ၂(ဆ) အရ အိမ်ဌားဟူသော စကားရပ်တွင် အဌားချထားမှု ( OR ) အဌားထား ကုန်ဆုံးပြီး နောက်မိမိအား ဌားရမ်းထားသည့်
ဥပစာတွင် အိမ်ရှင်၏ သဘောတူညီချက် အရဖြစ်စေ သဘောတူညီချက် မရဘဲဖြစ်စေ လက်ရှိနေထိုင်မြဲ
နေထိုင်သူ ပါဝင်သည်ဟု


1963  B.L.R  909
        1977  B.L.R  63  စီရင်ထုံးများက လမ်းညွှန်ထား ပါတယ် ။  ၁၂ နှစ်ကျော် နေထိုင်ရင် ဖယ်ထုတ်ဖို့ တရားစွဲဆိုလို့
မရတော့ဘူးဆိုတာ ဆန့်ကျင် လက်ရှိထားခြင်း ( adverse possession ) ကို ပြောခြင်းသာ ဖြစ်ပြီး
အိမ်ရှင် အိမ်ဌား ကိစ္စနဲ့ မသက်ဆိုင်ပါဘူး  အိမ်ဌားကိုလခ မယူတော့ဘဲ စာချုပ်စာတမ်းဖြင့်
အခမဲ့ နေထိုင်ခွင့်ပြု  ခဲ့ရင်တော့ လိုင်စင်စီဆိုတဲ့ အခမဲ့ထားသူ အားနှင်လိုမှု ကိုသတ်မှတ်ကာလ အတွင်းတရားစွဲ ဆိုရမှာ ဖြစ်ပါတယ်။ 


        ပိုင်ဆိုင်ခွင့်  တစ်စုံတရာ မရှိဘဲ ပစ္စည်းတွင် လက်ရှိဖြစ်သူ သည်ထို ပစ္စည်းတွင် ဆိုင်ရေးဆိုင်ခွင့် (  interest  ) ရှိ၍ ထိုဆိုင် ရေးဆိုင်ခွင့်ကို အမွေဆက်ခံခွင့် ရှိသည် ။ ထိုဆိုင်ရေး ဆိုင်ခွင့်မှာ  ပိုင်ရှင်အစစ်မှ  တစ်ပါးခပ်သိမ်းသော  သူတို့အပေါ်  ခိုင်မာသည်ဟု
1997  B.L.R 85 မှာပြောထား ပါတယ်မိမိပိုင်မြေကွက်တွင် ဝင်ရောက်နေထိုင် ၍လက်ရှိဖြစ်တဲ့ သူဟာကာလ
ကြာရှည်ရင် ဆိုင်ရေးဆိုင်ခွင့်  ရှိသွားမည့်အချက်  ဖြစ်ပါတယ်  အဲဒီလိုဆန့်ကျင်  နေထိုင်တာကလည်း  နေထိုင်သူဟာ  လက်ရှိသည်တစ်ဆက်တည်း ဖြစ်ရမည် ထင်ထင်ရှားအများသိရမည်။

 

          တစ်အငြင်းပွားသူ(ပိုင်ရှင်)သိရှိအောင်လုပ်ရန်မလိုသို့သော်ပုန်းရှိုးကွယ်ဝှက်နေထိုင်မှု မျိုးမဟုတ်စေရတစ်ဖက်မှသတိပြု လျှင်မည်ကဲ့သို့  ဖြစ်ပျက်နေသည် ကိုသိမြင်စေ နိုင်ရမည်ဟု 1961 B.L.R 111 ကဆိုထား ပါတယ် မိမိမြေကွက် ဥပစာမှာပိုင်ရှင်  ကဲ့သို့ထင်ထင်ရှားရှားဝင် ရောက်နေသူ ဟာဆန့်ကျင် လက်ရှိထားသူဖြစ် သွားပါမယ် ဆန့်ကျင်လက်ရှိ ထားသူကိုကာလ စည်းကမ်းသတ်
ဥပဒေပထမဇယားအမှတ်စဉ် ၁၄၄ အရ  ၁၂ နှစ်အတွင်း တရားစွဲဆိုရမယ်လို့ 1984 B.L.R 139က လမ်းညွှန်ထားတာပါ တရားမမှု တစ်မှု ကိုစွဲဆိုမယ် ဆိုရင် သတ်မှတ်ထားတဲ အချိန်အတွင်း စွဲဆိုရမှာ ဖြစ်တဲ့အတွက် မိမိဥပစာ အတွင်း သို့ဝင်ရောက် ကျူးကျော်နေထိုင် သူကို
နှင်ထုတ် / ဖယ်ရှား / လက်ရောက် ရလိုမှု များစွဲဆိုမှု ဆိုတာဟာလည်း သတ်မှတ်အချိန် ကာလအတွင်း စွဲဆိုရန် ဥပဒေက ပြဌာန်းထားခြင်းသာ ဖြစ်ပါတယ် သတ်မှတ်ကာလ ကျော်လွန်ရင်တော့ မိမိအမှု ဟာရှုံးနှိမ့်မှာ ဖြစ်ပါတယ် နှစ်ကာလကြာ ရှည်နေထိုင်တဲ့ အိမ်ဌားကတော့ အိမ်ဌာသာ ဖြစ်ပါတယ်  ၁၂နှစ်ကျော်နေတာနဲ့ ပိုင်ရှင်မဟုတ်ရ ကြောင်းပါ
B.L.R(နှစ်အလိုက်စီရင်ထုံးဖွဲ့မှု များ)
UTZ

 

Credit - ဥပဒေရေးရာ
 

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate