အိမ်ခြံ မြေ ဝယ်ယူ ကြမည့် သူများ အနေဖြင့် သတိထား ဆင်ခြင် တတ်ကြစေရန် အတွက် ကျွန်တော့်အသိ ဖြစ်ခဲ့တဲ့ ပြဿနာလေးကို ပြောပြချင် ပါတယ်ခင်ဗျာ။
အိမ်ခြံ မြေ ဝယ်ယူ ကြမည့် သူများ အနေဖြင့် သတိထား ဆင်ခြင် တတ်ကြစေရန် အတွက်
ကျွန်တော့်အသိ ဖြစ်ခဲ့တဲ့ ပြဿနာလေးကို ပြောပြချင် ပါတယ် ခင်ဗျာ ။
အကြောင်း ကတော့ ကျွန်တော်အသိက သတိမထားမိဘဲ 20x60 မြေကွက်လွတ်ကို ဝယ်ယူမိ လိုက်တယ် ။ ဝယ်ယူပြီး မြေကွက်ကို လှည့် မကြည့်ဘဲ 2 ပတ် 3 ပတ်လောက် ထားလိုက် မိတယ် ။ တစ်နေ့
ဝယ်ယူ ထားတဲ့ အကွက် ရှိရာကို သွားလိုက်တော့ တခြားတစ်ဦးက အိမ်ဆောက် လုပ်နေတာ ကိုတွေ့တယ် ။ သူလည်း တွေ့တွေ့ချင်းဒေါသထွက် သွားပြီ
" ငါ့ မြေကွက် ပေါ်မှာ ဘယ်ကောင့် အမိန်နဲ့ လာကျူး ကျော်တာလဲ ကွ"
ဆိုပြီး ပွဲကြမ်း ပါလေ ရော ။
ပွဲကြမ်း ရင်းသိလိုက် ရတာက သူက ဒုတိယဝယ်သူ ဖြစ်ပြီး အိမ်ဆောက် လုပ်နေသူက
ပထမ ဝယ်သူတဲ့လေ ။
သူလည်း ကြံရမရ ဖြစ်သွားခဲ့ ပါတယ် ။ အဲဒါနဲ့ ကျွန်တော်ဆီလာပြီး တိုင်ပင် ဆွေးနွေး ပါတော့တယ် ။
" ဆရာရေ ကျွန်တော် မြေကွက် မှားဝယ်ယူ မိလို့ ဘယ်လို ပြန်လုပ်ရမလဲ မသိပါ ဘူးဗျာ " ဆိုတာ ကနေစပြီး သူဖြစ်ပျက်သမျှအကြောင်းစုံ ပြောပြပါ တော့တယ် ။
"ဒါနဲ့ မင်းမြေ ကွက်ဝယ်ယူ တုန်းက အရပ်စာ ချုပ်နဲ့လား ။ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် ထားခဲ့တာလား "
" အရပ် စာချုပ် နဲ့ပဲ ဝယ်ယူမိ ခဲ့ပါတယ် "
"အဲဒါ ဆိုရင်တော့ ခင်ဗျား ပိုင်ဆိုင် ခွင့်ရရှိ တော့မှာ မဟုတ်ဘူး ။ ဘာဖြစ်လို့ လဲဆိုတော့ ခင်ဗျားက ဒုတိယ ဝယ်ယူသူ ဖြစ်ပြီး ပစ္စည်းလည်း လက်ရောက်ရှိ မနေတဲ့အပြင် ။ မှတ်ပုံတင်စာချုပ် နဲ့လည်း မှတ်ပုံ မတင်ထားဘူး ဆိုတော့ တရားစွဲဆို ရင်လည်း ဥပဒေအရ ပိုင်ရှင် အဖြစ်ကို မရောက်ရှိ တာကြောင့် ပိုင်ဆိုင်ခွင့်
ဆုံးရှုံးရ တော့မှာပါ"
သူလည်း စိတ်ပျက် လက်ပျက် ဖြစ်သွားခဲ့ပါတယ် ။
လူတိုင်းက မကောင်းတဲ့ သူရှိသလို ကောင်းတဲ့ သူလည်း ရှိပါတယ် ။ ဒါပေမယ့် လူ့စိတ် ဆိုသည့်အမျိုးက မမြင်ရသည့် အရာဖြစ်သောကြောင့် ဒါလေးကို ဥပမာယူကာ လူကြီးမင်းတို့ အနေနဲ့လည်း အိမ်ခြံမြေ ဝယ်ယူကြ သည့်အခါ ရောင်းချသူက တခြားတစ်ဦးအပေါ်ရောင်း ချထားခြင်း ရှိမရှိဆို တာကို သေချာ လေးစီစစ်ပြီး ဝယ်ယူ ကြပါ ခင်ဗျာ။
Related Posts
ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...
လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...
ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...