သင်္ဃန်းကျွန်းဘက်မှာ တိုက်ခန်းတွေဝယ်ရင် သတိထားကြပါ။ တချို့ပွဲစားတွေက် ပွဲဖြစ်ရင်ပြီးရော အတင်းထိုးရောင်းကြတယ်။ BCC ဆိုတာနှစ်မျိုးရှိသတဲ့။

သင်္ဃန်းကျွန်းဘက်မှာ တိုက်ခန်းတွေဝယ်ရင် သတိထားကြပါ။ တချို့ပွဲစားတွေက် ပွဲဖြစ်ရင်ပြီးရော အတင်းထိုးရောင်းကြတယ်။  BCC ဆိုတာနှစ်မျိုးရှိသတဲ့။

သင်္ဃန်းကျွန်းဘက်မှာ တိုက်ခန်းတွေဝယ်ရင် သတိထားကြပါ။ တချို့ပွဲစားတွေက် ပွဲဖြစ်ရင်ပြီးရော အတင်းထိုးရောင်းကြတယ်။ 
BCC ဆိုတာနှစ်မျိုးရှိသတဲ့။ 
ကိုယ်တောင် ကြောင်သွားတယ်။
တစ်ခုက BCC တစ်ခုက လူနေထိုင်ရန်ဆိုပြီး ထုတ်ပေးတာတဲ့။
လူနေထိုင်ရန်ဆိုတာ ဘာလဲဆိုတော့ ဆိုင်းဘုတ်အစိမ်းကိုပြောတာတဲ့။
အော်ဒုက္ခ အဆောက်အဦးဆောက်လုပ်ရန် (လူနေထိုင်ရန်အတွက်) ဆိုတာမျိုးကို BCC အစားထိုးသုံးနေကြတာကိုး။
အဲ့နှစ်မျိုးက သပ်သပ်စီပါ။ တရားဝင်(------) အထပ် အဆောက်အဦးဆောက်လုပ်ခွင့်ပြုခြင်း ဆိုင်းဘတ်အစိမ်းအရင်လျှောက်ပြီး ဆောက်လုပ်ခွင့်ကျမှ အဆောက်အဦးဆောက်ခွင့်ရှိပါတယ်။ အဲ့အဆောက်အဦးပြီးသွားရင် BCC (Buliding Completion Certificate) အဆောက်အဦးပြီးဆုံးကြောင်းသက်သေခံလက်မှတ် ထပ်လျှောက်ရပါတယ်။ BCC ကျမှ တရားဝင်လူနေထိုင်လို့ရပါတယ်။
မတူနဲ့နှစ်ခုကို တူသယောင် ပြောပြီး နားမလည်သူတွေကို မတရားမလုပ်ကြပါနဲ့၊ BCC မရှိရင် မရှိဘူးပြောပြီးရောင်းပါ။ ကြိုက်တဲ့သူဝယ်ပါလိမ့်မယ်။
BCC နဲ့ အစိတ်းဘုတ်
1--BCCဆိုသည်မှာ Building Completion Certificateဟုအဓိပ္ပါယ်ရပြီး စည်ပင်ဌာနကထုတ်ပေးသည့် အဆောက်အဦးပီးစီးကြောင်း အသိအမှတ်ပြုလွှာ ဖြစ်ပါသည်။
အဆောက်အဦးတစ်ခုဆောက်လုပ်ရန်လိုအပ်ချက်များ
အဆောက်အဦးတခုဆောက်လုပ်တော့မည်ဆိုပါက ပိုင်ရှင်မှစည်ပင်ဌာနသို့အဆောက်အဦးဆောက်လုပ်ခွင့်ပြုပါရန်တင်ပြလျှောက်ထားရပါသည်။
လျှောက်လွှာနှင့်အတူ
1-မြေပိုင်ဆိုင်မှုအထောက်အထား(ပုံစံဂရန်)
2-မြေပုံ(မြေစာရင်းပုံစံ ၁၀၅)
3-မြေရာဇဝင်(မြေစာရင်းပုံစံ ၁၀၆)
4-ဆောက်လုပ်မည့်လိုင်စင်ရအင်ဂျင်နီယာ
5-အဆောက်အဦးပုံစံ(BQ)
6-ကုန်ကျစရိတ်တွက်ချက်မှုစာရင်း
7-အဆောက်အဦးဧရိယာအကျယ်အဝန်း တို့ကိုတင်ပြလျှောက်ထားရပါသည်။
ဆောက်လုပ်ခွင့်ပြုခြင်း အစိမ်းဘုတ်
      စည်ပင်(အင်ဂျင်နီယာဌာန)မှကွင်းဆင်းစစ်ဆေးကြည့်ရှုပြီးနောက်ကျေနပ်မှုရှိပါက၄င်းတို့ခွင့်ပြုသောပုံစံအတိုင်း
လူနေထိုင်ရန် (သို့) လုပ်ငန်းလုပ်ရန် စည်းကမ်းချက်များနှင့်အညီ "ဆောက်လုပ်ခွင့်ပြုသည့်အမိန့်"
ထုတ်ပေးပါသည်။
ထိုစာရွက်ကိုအများက ဘုတ်စိမ်းစာရွက်(အစိမ်းဘုတ်) ဟုခေါ်ကြသည်။
ထိုစာရွက်သည် ကနဦး အဆောက်အဦးဆောက်လုပ်ရန်ခွင့်ပြုမိန့်သာဖြစ်ပြီး၊ လူနေထိုင်ရန်ခွင့်ပြုမိန့်မဟုတ်ချေ။
အဆောက်အဦးပြီးစီးခြင်း BCC
      အဆောက်အဦးများ ဆောက်လုပ်ပြီးစီးသည့်အခါပိုင်ရှင်က ကန်ထရိုက်တာနှင့် အင်ဂျင်နီယာများ၏ထောက်ခံတင်ပြချက်အရ စည်ပင်(အင်ဂျင်နီယာဌာန)မှ ပြီးစီးသည့်အဆောက်အဦးကိုလာရောက်စစ်ဆေးပါသည်။ ကျေနပ်မှုရှိပါက စစ်ဆေးရေးအဖွဲ့၏
စစ်ဆေးတင်ပြချက်အရ စည်ပင်သာယာကော်မတီ အင်ဂျင်နီယာဌါန(အဆောက်အအုံ) က ''အဆောက်အဦးပြီးစီးကြောင်း'' သက်သေခံလက်မှတ်၊ BCC (Building Completion Certificate)
ထုတ်ပေးပါသည်။
ထိုသက်သေခံလက်မှတ်ရှိပါမှအဆိုပါအဆောက်အဦးတွင်
လူနေခွင့်ရှိပါသည်။
BCC လက်မှတ်မရှိပဲနေထိုင်ပါကစည်ပင်မှအရေးယူခြင်းကိုခံရပါမည်။
ဆရာ့ထံသင်ယူထားသောစာသားများအားပြန်လည်ကူးယူဖော်ပြပါသည်။
#ဦးကျော်ကျော်မြင့်
BA (Law),LL.B
ကူးယူဖော်ပြပါသည်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate