တိုက်ခန်း ရောင်း ဝယ်ရာမှာ အရေးကြီး ဆုံးဖြစ်တဲ့ လူနေထိုင်ခွင့် ( BCC ) အကြောင်းကို ဖော်ပြ ပေးလိုက် ပါတယ် ။

ဒီ နေ့တော့ ဗိုလ်တစ်ထောင် မြို့နယ် မှာ တိုက်ခန်း အရောင်း ဝယ် စာချုပ် ချုပ်ဆို ပေးခဲ့ပါတယ် တိုက်ခန်း ရောင်းဝယ်ရာမှာ အရေးကြီးဆုံး ဖြစ်တဲ့ လူနေထိုင်ခွင့် ( BCC ) အကြောင်းကို ဖော်ပြ ပေးလိုက် ပါတယ် ။ တချို့ နေရာတွေမှာ အဆောက် အဦးဆောက်လို့ပြီး နေပေမယ့် ဘာကြောင့် လူနေထိုင်လို့ မရတာလဲ…BCC ဆိုတာ တိုက်ခန်း ရောင်း ၊ ဝယ် လုပ်ရင် ဘယ်လို အရေးပါသလဲ....ဆိုတာတွေကို အိမ်ပိုင်ရှင်တွေ အနေနဲ့ မဖြစ်မနေ သိထားရအောင် ပြန်လည် မျှဝေပေး လိုက်ပါတယ်.…တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ ( BCC ) စာရွက်ဆိုတာ
************************************************
BCC စာရွက်ဆိုတာ ( Building Complete Certificate ) ( လူနေ ထိုင်ခွင့် ပုံစံ ) စာရွက်လို့ ခေါ်ဆို ပါတယ် ။ အဲဒီ စာရွက်လေးဟာ တိုက်ခန်း တစ်ခန်း ဝယ်ယူ မယ်ဆိုရင် အခြားလိုအပ်တဲ့ စာရွက် စာတန်းတွေနဲ့ အတူ BCC စာရွက်လေး ကိုလဲ အဓိကထား စစ်ဆေးသင့်ပါတယ် ။ အဆိုပါ စာရွက်ဟာ လူနေ ထိုင်ခွင့်ပုံစံ စာရွက် ဖြစ်သလို နောင်တစ်ချိန် အရောင်းအဝယ် ပြန်လုပ်တဲ့ အခါမှာ မရှိမဖြစ် လိုအပ်တဲ့ စာရွက်ဖြစ်ပြီး အဲ့ဒီ စာရွက်မရှိပါက ရောင်းဝယ်ဖို့ ကြန့်ကြာ နိုင်ပါတယ် ။ ဘီစီစီ စာရွက်ပါလို့ ပေးလိုက် ပေမယ့် ဘီစီစီစာရွက်လို့ မသိကြတဲ့ သူတွေ ရှိ နေပါတယ် ။ ဘီစီစီကို လူနေထိုင် ခွင့်လို့ လူတွေ အလွယ်ပြော ပါတယ် ။
အဲဒီတော့ စာရွက်ပေါ်မှာ လူနေ ထိုင်ခွင့်လို့ ပါနေလိမ့် မယ်လို့ မသိစိတ်က ထင်မှတ်ထား ကြပါတယ် ။ ဒါပေမယ့် ဘီစီစီ ( BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင် ဌာနက ထုတ်ပေးတဲ့ အဆောက်အဦး ပြီးစီး ကြောင်း အသိအမှတ် ပြုလွှာလို့ ခေါ်တာပါ ။ ဘီစီစီကို လူနေခွင့်လို့ အကြမ်းဖျဉ်း သိထားတဲ့ သူတွေက ဘီစီစီ စာရွက်လည်း မြင်ရော “ လူနေခွင့် ပြုသည် ” ဆိုတဲ့ စာသားမပါ လို့ဆိုပြီး ရောင်းတဲ့သူ နဲ့ အကျိူးဆောင် တွေကို မယုံ မကြည် မေးတတ် ပြန်ပါတယ် ။
ဘီစီစီ စာရွက်ဆိုတာ ဘယ်လို ပုံစံမျိူးလဲ ဆိုတာ ဝယ်သူက သေချာ မသိတာပါ..။ ဒါကြောင့် ဒီလို ပြဿနာတွေ ဖြစ်နတဲ့ အပေါ်ဘီစီစီ ဆိုတာကို နားလည် နိုင်စေဖို့ ဖြပါတယ် ။ ပိုပြီး ဆိုးတာက ဘုတ်စိမ်းလို့ အလွယ်ခေါ်တဲ့ ဆောက်လုပ် ခွင့်ပြုမိန့် စာရွက်မှာ လူနေထိုင် ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ်စ် အကြီးနဲ့ မင်ခုံနဲ့ ထုပြီး ပါတာကို ဘီစီစီ ထင်တာပါပဲ.. ။ လူနေထိုင်ရန် ဆိုတဲ့ စာလုံး အကြီးပါတဲ့စာရွက်က ဘုတ်စိမ်း စာရွက် ( ဆောက် လုပ်ခွင့် ပြုတဲ့ အမိန့် ) စာရွက်ပါ..လူနေရန် ဆိုတဲ့ စာလုံး ကြီးကြီး ပါနေတာက လုပ်ငန်း လုပ်ရန် ( Commercial ) နဲ့ ခွဲခြား သတ်မှတ် ထားတာပါ..။ ဘုတ်စိမ်း စာရွက်ပါရင် တရားဝင် ဆောက်လုပ် ခွင့်ပြုမိန့် နဲ့ ဆောက်တဲ့ တိုက်လို့ ဆိုလိုတာပါ.. ။ တရားဝင် ဆောက်လုပ် ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်ပြီး စီးသွားရင် ဘီစီစီ လျောက်ရပါတယ်.. ။ ဘုတ်စိမ်း စာရွက် တစ်ခုနဲ့တင် မပြီးပါဘူး.. ။
ဘီစီစီ စာရွက်ပါ ပါရ ပါတယ်..။ ဘုတ်စိမ်း စာရွက် ( လူနေ ထိုင်ရန် လို့ ပါတဲ့စာရွက် ) ပဲပြနိုင်ရင် တရားဝင် ဆောက် လုပ်ခွင့်နဲ့တော့ ဆောက် ထားတယ်. .။ အဆောက်အဦး ပြီးစီးကြောင်း စာရွက် ဘီစီစီတော့ တင်မထား ဘူးလို့ အဓိပ်ပါယ် ရပါတယ်.. ။ လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ ရပ်ကွက်တွေမှာ ဘုတ်စိမ်း ( ဆောက်လုပ် ခွင့်ပြုမိန့် ) စာရွက် ပါပြီး..ဘီစီစီ စာရွက်မပါတဲ့ တိုက်တွေ တစ်ရပ်ကွက်လုံး နီးပါးရှိတဲ့ ရပ်ကွက် တစ်ချို့ ရှိပါတယ်.. ။ ဘီစီစီ စာရွက်ပါ ရင်တော့ ဘုတ်စိမ်း စာရွက် တောင်းဖို့ မလိုပါဘူး.. ။ ဘီစီစီ ဆိုတာ ဘုတ်စိမ်းစာရွက် ရှိမှ ရတဲ့ စာရွက်မို့ပါ.. ။ တောင်ဥက္ကလာ ရဲ့ ၉၀%သော တိုက်ခန်း တွေက ဘီစီစီ ပါကြ ပါတယ်.. ။ တောင်ဥက္ကလာ မှာ တရားမဝင် ဆောက်တဲ့ တိုက်.. ၊ ဘီစီစီ မရှိတဲ့ တိုက် မရှိသလောက် နည်းပါတယ်.. ။ ( တစ်လုံး တစ်လေ ရှိပါတယ်..။ )၂၀၁၅ နှစ်လယ်ရှေ့ပိုင်းလောက်ထိ တိုက်တွေက မီတာကျပြီး အားလုံး ပြီးစီးပြီဆိုမှ ဘီစီစီစာရွက် သပ်သပ်တင် ရတာပါ.. ။ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဆောက်လုပ်ခွင့် ( ဘုတ်စိမ်း )တင်ပြီး ဆောက်ရင် မီတာလည်း အလွယ်တကူ ရတာမို့ ဘီစီစီတင်တာကို အလုပ်ပိုလို့ မြင်ပါတယ်..။
ဒါမို့လို့ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီး ပေးတတ် တာလည်း ကြုံဖူး ကြားဖူး ပါတယ်..။ ( မသိ နားမလည်တာကို အခွင့်အရေး ယူတာပါ..။ ဒါမို့လို့ မိမိက သိအောင် လုပ်ထား ရပါမယ်..။) ၂၀၁၅ နှစ်လယ်လောက် နောက်ပိုင်း ကစလို့ အဆောက် အဦးတွေမှာ ဘီစီစီရမှ မီတာချ ပေးတော့ ပါတယ်..။ အဲဒီတော့မှ ဘယ်ကန် ထရိုက်တိုက် မဆို ဘီစီစီဆိုတာ မတင်မနေရ ဖြစ် ကုန်တာပါ.. ။ ဘီစီစီ ကျပြီးတာနဲ့ ဘီစီစီ စာရွက်နဲ့ မီတာ ထပ်လျောက် ရပါတယ်.. ။၂၀၁၅ နှစ်လယ် နောက်ပိုင်းက တိုက်တွေ တိုင်းမှာ ဘီစီစီစာရွက် ပါပါတယ်.. ( ဘီစီစီ ကျပြီးမှ မီတာချပေးတော့တာမို့ ဘီစီစီ ချိုချိုချောင်ချောင် ဆောက်တဲ့ ၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ ဈေးမကိုက် တော့လို့ မဆောက်ကြ တော့ပါဘူး.. ။)
တစ်ခါတုံးက တောင်ဥက္ကလာမှာ တိုက်ခန်း တစ်ခန်းရောင်း ပေးတော့ စာရွက် စာတမ်းကို ရှေ့နေနဲ့ စစ်တာကို အဆောက်အဦးပြီးစီးကြောင်း စာရွက်ပဲ ပါပြီး လူနေထိုင်ရန် ဆိုတဲ့ လူနေထိုင်ခွင့် ဘီစီစီစာရွက် လိုသေးတယ်လို့ အပြောခံ ရပါတယ်.. ။ ( စိတ်ကို တော်တော် လေသွား ပါတယ်..။) ဘီစီစီရဲ့ အင်္ဂလိပ် အရှည်က Building Completion Certificate မို့ ဘီစီစီဆိုတာ လူနေ ထိုင်ခွင့်လို့ ရေးထားတဲ့ စာရွက်မဟုတ်ပဲ အဆောက်အဦး ပြီးစီးကြောင်း အသိအမှတ် ပြုစာရွက် သာဖြစ်ကြောင်း အထောက်အထား ခိုင်လုံစွာနဲ့ ရှင်းပြမှ လက်ခံသွား ပါတော့တယ်..။ တိုက်ခန်း မဝယ်ခင် ဒီစာကို အသေးစိပ် နားလည်အောင် ဖတ်သွားရင် အကျိူးရှိပါတယ်..။ မိမိနဲ့ တိုက်ခန်း ဝယ်ဖို့ရှိနေတဲ့ မိတ်ဆွေတွေကို ဒီပို့စ်ကို အဆင့်ဆင့် လက်ဆင့် ကမ်းပေး ခြင်းဖြင့် မိမိ စိတ်ထဲမှ မရှင်းလင်းမှုကို ချေဖျက် နိုင်ကြပါစေ..။
BCC စာရွက် မူရင်းပုံစံကို တွဲလျက် ဖော်ပြပေး လိုက်ပါတယ် ။
#Crd to owner
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...