အိမ်ရှင် အိမ်ငှား ပြဿနာကို တရားရုံးမှာ ဖြေရှင်းပြီးလို့ အိမ်ရှင်က အနေနိုင်ရခဲ့ပါတယ် ။ ဇာရီမှုနဲ့ ရဲ ၊ တရားရုံးတို့နဲ့ နှင်ထုတ်တော့ မအောင်မြင်ပါဘူး ။ တရားရုံးဆုံးဖြတ်ချက်က မလုပ်မဖြစ်ပါ ။ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ သိချင်ပါတယ် ။

အိမ်ရှင် အိမ်ငှား ပြဿနာကို တရားရုံးမှာ ဖြေရှင်းပြီးလို့ အိမ်ရှင်က အနေနိုင်ရခဲ့ပါတယ် ။ ဇာရီမှုနဲ့  ရဲ ၊ တရားရုံးတို့နဲ့ နှင်ထုတ်တော့ မအောင်မြင်ပါဘူး ။ တရားရုံးဆုံးဖြတ်ချက်က မလုပ်မဖြစ်ပါ ။ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ သိချင်ပါတယ် ။

          အိမ်ရှင် အိမ်ငှား ပြဿနာကို တရားရုံးမှာ ဖြေရှင်းပြီးလို့ အိမ်ရှင်က အနေနိုင်ရခဲ့ပါတယ် ။ ဇာရီမှုနဲ့  ရဲ ၊ တရားရုံးတို့နဲ့  နှင်ထုတ်တော့ မအောင်မြင်ပါဘူး ။ တရားရုံး ဆုံးဖြတ်ချက်က မလုပ်မဖြစ်ပါ ။ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ သိချင်ပါတယ် ။


=========================


         ဒီမေးခွန်းကို မဖြေခင်မှာ ဇာရီအမှုတွေမှာ အတော်များများ တရားရုံးတွေက တရားနိုင်တွေရဲ့ ဘယ်လို သက်သာခွင့် ပေးရမလဲဆိုတာကို ထိရောက်အောင် မလုပ်နိုင်ဘူး ဖြစ်နေပါတယ် ။ ဒီမှာ အိမ်ရှင် အိမ်ငှားပဲ ဖြစ်ဖြစ် ၊ ဝယ်လိုက်တာပဲ ဖြစ်ဖြစ် ၊ တရားနိုင်နဲ့တရားရှုံး နှစ်ယောက်ပေါ့ ။ တရားနိုင်က ၊ ဒီ အဆောက်အဦး ၊ ဒီမြေကို ရယူတော့မယ် ဆိုရင် ပထမဦးဆုံး လုပ်ရမှာကတော့ ဘိလစ်ကဒ်သွားယူပြီး အကြောင်းကြားရမယ် ။ ပထမဦးဆုံး ဖယ်ရှားပေးပါ ၊ ဘယ်နေ့ ဘယ်ရက်မှာ ဖယ်ရှားပေးပါ ၊ မဖယ်ရှားဘူး ဆိုရင်တော့  အင်အား သုံးပြီးတော့ ဖယ်ရတော့မယ် ဆိုပြီးတော့ တရားရုံးက လုပ်ရပါတယ်။ 


         တရားမ ကျင့်ထုံးဥပဒေ အမိန့် ၂၁ နည်းဥပဒေ ၃၅အရ အကြောင်းကြားပြီး ဆွဲထုတ်ရပါတယ် ။ အဲဒါကို မအောင်မြင်ဘူး ၊ သူ့တို့ကလဲ ခုခံတယ်ဆိုရင် တချို့ကလဲ ဘယ်နည်းနဲ့မှ မဖယ်ပေးဘူး ဆိုပြီးတော့ သေသေကြေကြေ ခုခံတာတွေ ရှိတယ် ။ ရှိတဲ့အခါကျတော့ ရဲအင်အားနဲ့ သွားတဲ့အခါ .. ရဲအင်အား ယူသွားတာ အလှကြည့်ဖို့ ယူသွားတာ မဟုတ်ပါဘူး။ အဲဒီမှာ အလုပ်လုပ်တဲ့အခါ  ဘိလစ် အရာရှိက လုပ်ငန်းဆောင်တာကို ကျွမ်းကျင်ဖို့ လိုတယ်။

 

            ဥပမာ သူတို့ မဖယ်ပေးတော့ဘူး ဆိုတော့ ဒီပါလာတဲ့ ရဲက အိမ်ထဲမှာ ဖြစ်ဖြစ် မြေထဲမှာ ဖြစ်ဖြစ် ၊ အိမ်ထဲမှာ ရှိတဲ့လူတွေကိုဆွဲထုတ်ရမယ် ၊ ပစ္စည်းတွေလည်း ဆွဲချပေးရမယ် ။ ဆွဲချပြီးတော့ အပြင်မှာ ပုံပေးရပြီးတော့ မယူလဲ ထားလိုက်တော့ ..အဲ့လိုလုပ်ရမယ်ဟာကို ရဲက ဒီအတိုင်း လက်ပိုက် ကြည့်နေမယ် ။ အခုအတိုင်းဆိုရင် အလုပ်မဖြစ်ဘူးဆိုတော့ .. အဲဒီအခါမှာ နှစ်မျိုးရှိတယ် ၊ ဘာနှစ်မျိုး ရှိသလဲဆိုတော့ ဒီကရီအရ လိုက်နာရမယ့် တာဝန်ရှိတယ် ၊ မူလ မလွဲမသွေ တစ်ခါတည်း ဆွဲချလိုက်ပါ ။ တချို့ မဆိုင်ပဲ တက်နေတဲ့သူတွေ ရှိတယ် ၊။ လိုက်နာဖို့ တာဝန်မရှိသူဆိုတဲ့ ပုဂ္ဂိုလ်များကျတော့ သီးခြားပုဒ်မနဲ့ အရေးယူလို့  ရတယ် ။ 


           တရားမ ကျင့်ထုံးဥပဒေပုဒ်မ ( ၅၁ ) ဆိုတာ ရှိပါတယ် ၊ ပုဒ်မ ( ၇၄ ) ဆိုတာ ရှိပါတယ် ။ အဲဒီမှာ ကျွန်တော်တို့ ဒီကရီအရ ဆောင်ရွက်တဲ့အခါမှာ ဟန့်တားနှောက်ယှက်သူကို အရေးယူတဲ့ ပုဒ်မတွေပါ ၊ အဲ့ဒါတွေက ထောင်တစ်လ ချလို့ရတယ် ။ နှောက်ယှက်သူကို  inquire လုပ်ပြီး သူတို့က ထောင်ချလိုက် ထောင်ချရုံနဲ့ မပြီးသေးဘူး ။ တရားနိုင်ကို လက်ရောက်အပ်ရတယ် ။ အဲဒါကို ဒီပုဂ္ဂိုလ်က မဆောင်ရွက်ရသေးဘူးလား ဒါမှမဟုတ် ဆောင်ရွက် ရက်သားနဲ့ မရတာလား ။ အဲဒီ ပြဿနာ ရှိတယ် ။ 

 

         အဲဒီတိုင်း မရဘူး ဆိုရင်တော့ အထွေထွေ အယူခံ ဆိုပြီးတော့ .. ဥပမာ ဒါက မြို့နယ်ရုံး ဖြစ်တယ်ဆိုရင် ခရိုင်ကနေ တိုင်း ၊ တိုင်းမှတဆင့် တရားလွှတ်တော်ချုပ် အဆင့်ဆင် ဇာရီအမှုမှာ တောင်းဆိုပိုင်ခွင့် ရှိတယ် ။ တရားရုံးချထားတဲ့ ဒီကရီ မပယ်ဖျက်သရွေ့ လုပ်ပိုင်ခွင့် ရှိပါတယ် ။ တရားရုံးရဲ့ ဒီကရီက အတည်ပဲ ။ အစိုးရ တစ်ရပ်သာ ပြောင်းသွားမယ် တရားရုံးရဲ့ ဒီကရီက ပြောင်းလို့မရဘူး ။ တရားရုံးရဲ့  အနိုင်ဒီကရီ ဖြစ်ဖြစ် ၊ အရှုံး ဒီကရီ ဖြစ်ဖြစ် ဒီကရီက အတည်ပဲ လုပ်ကို လုပ်ပေးရတယ်။


#DVBlawlab #DVBtvnews #ဇာရီ
 

Credit ( ဥပဒေရေးရာ )

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate