လင်မယားကွာရှင်းခွင့်တောင်းဖို့လိုတဲ့အချက်အလက်များ

လင်မယားကွာရှင်းခွင့်တောင်းဖို့လိုတဲ့အချက်အလက်များ
(အကျဉ်းချူပ်)
(အရပ်ထဲက စကားတွေနားမယောင်ပါနဲ့)
အရပ်ထဲမှာပြောပြောနေတဲ့…လင်မယား ၆လ/၁နှစ်/၃နှစ်
မပေါင်းပဲနေရင်လင်ခန်းမယားခန်းပြတ်တယ်ဆိုတာယုံပြီး
တရားဝင်မပြတ်သေးပဲ…
နောက်အိမ်ထောင်မပြု ကြပါနဲ့…
တလင်တမယားဥပဒေနဲ့ အာမခံတောင် မရပါဘူး…
နောက်တချက်က…တချိူ့တရားဝင်တော့ပြတ်စဲတယ်…
ဒါပေမဲ့ လူသိရှင်ကြားပြန်ပေါင်းတယ်…နောက်လင်မယားပြန်ကွဲ
တယ်…ဒါကို…တရားဝင်ထပ်ကွာရှင်းရမှာမသိပဲ…အရင်စာချူ ပ်
ရှိနေတာ မလိုပါဘူးလို့နေပြီး လင်(သို့)မယားကနောက်အိမ်
ထောင်ပြု ရင်…တလင်တမယားဥပဒေနဲ့ငြိပြန်ပါတယ်…
(ကွာရှင်းပြီး အထင်အရှားပြန်ပေါင်းသင်းရင် စာချူ ပ်အလိုလို
ပျက်ပြယ်လို့ပါ)…
(ဘယ်လိုအခြေအနေဆိုရင် ကွာရှင်းခွင့်တောင်းနိူင်လဲ)…
(အကျဉ်းချူပ်ပါ)
လုံလောက်သောအကြောင်းပြချက်မရှိပဲ လင်ဖြစ်သူက နေအိမ်
မှထွက်ခွာပြီး…(၃)နှစ်တိုင် ငွေကြေးမထောက်ပံ့/ပြန်ပေါင်းဖို့
အဆက်အသွယ်မလုပ်/မကြိုးစားခြင်း…ဒဏ်ရာရစေလောက်
အောင် ရက်စက်မှု့ကျူးလွန်ခြင်း…(ဒါက…မယားဖြစ်သူမှ ကွာရှင်းခွင့်တောင်းနိူင်တဲ့အချက်တွေပါ)…
မယားလုပ်သူမှ လုံလောက်သောအကြောင်းပြချက်မရှိပဲ…နေ
အိမ်မှထွက်ခွာခြင်း/ထွက်ခွာပြီးတနှစ်အတွင်း လင်နဲ့ပြန်ပေါင်း
ရန်မဆက်သွယ်ခြင်း/မကြိုးစားခြင်း(ယောက်က္ခမနဲ့စိတ်ဆိုးလို့
ယောင်းမနဲ့ရန်ဖြစ်လို့ )စတာတွေက လုံလောက်တဲ့အကြောင်း
ပြချက်မဟုတ်တာသတိထားပါ(ဒါက…လင်ဖြစ်သူမှ ကွာရှင်းခွင့်
တောင်းနိူင်တဲ့အချက်တွေပါ)…
အိမ်ထောင်သည်အမျိူးသမီးတွေသတိထားပေါ့(ထစ်ခနဲရှိ အိမ်
ကဆင်းမယ်…ကလေးသံယောဇဉ်နဲ့ ငါ့ပြန်လာခေါ်မှာပါလို့မ
ထင်ပါနဲ့…လာမခေါ်ပဲ တနှစ်ပြည့်ရင်သူကကွာရှင်းခွင့်တောင်း
ရင် အလကားနေ…တခုလပ်ဘဝရောက်ရမှာပါ)…
#############################
တလင်တမယားစနစ်ကျင့်သုံးရေးဥပဒေအကျဉ်း
မြန်မာနိူင်ငံအတွင်း/ပြင်ပတွင်နေထိုင်သော…မြန်မာနိူင်ငံသား
(ဧည့်/ပြု နိူင်ငံသားအပါအဝင်) များသည်…ကိုကွယ်ရာဘာသာ
အရသော်၎င်း ဓလေ့ထုံးတမ်းအရသော်၎င်းလက်ရှိအိမ်ထောင်
တည်မြဲနေစဉ်…အခြားသူတစ်ဦးနှင့် ထ်ိမ်မြားခြင်း/တရားမဝင်
လင်မယားကဲ့သို့ပေါင်းသင်းနေထိုင်ခြင်း မပြု ရ…
(အရင်လို…ကိုးကွယ်ရာဘာသာအရ…ဓလေ့ထုံးတမ်းအရခွင့်
ပြု ထားလို့ယူတာပါလို့ မရဘူးနော်)…
(ဒါကြောင့်)
မုဆိုးဖို/မုဆိုးမ/တခုလပ်/တလင်ကွာ/လူပျိူ /အပျိူ မှလွဲ၍…လက်ရှိအိမ်ထောင်ရှိသူမှန်သမျှ…ဆန့်ကျင်ဖက်လိင်နှင့် တရား
မဝင်ပေါင်းသင်းနေထိုင်ပါက…ဤဥပဒေပုဒ်မ(၁၃)အရ ထောင်
ဒဏ်(၇)နှစ်အထိ…
အိမ်ထောင်ရှိလျက်နဲ့ လူလွတ်ဟုလိမ်ညာပြောဆို လက်ထပ်ပါက ဤဥပဒေ ပုဒ်မ(၁၇)အရ ထောင်ဒဏ်(၁၀)နှစ်ထိကျခံစေ…
နစ်နာသူမှ နစ်နာကြေးတောင်းခံစေ…(ထောင်ကျခံရမဲ့အပြင်
လျော်ကြေးပါပေးရမှာနော်)…
ဤဥပဒေပါ ပုဒ်မ(၁၄)(၁၅)တို့အရ…အပြစ်မရှိသူမှ အပြစ်ရှိ
သူအား တရားဝင်ကွာရှင်းခွင့်တောင်းခံစေ…လက်ထပ်ပွားနှစ်
ဦးပိုင်ပစ္စည်းများအား အပြစ်မရှိသူက အကုန်ယူစေ(သေပြီလေ
ထောင်ကလဲထွက်ရော လူလဲလမ်းဘေးရောက်ရော)…
အိမ်ထောင်သည်ယေက်ကျာင်္းနှင့်…အပျိူ ဆိုပါက…အိမ်ထောင်
သည်ယောက်ကျာင်္း သာလျင်ပြစ်ဒဏ်ကျခံစေ…
အိမ်ထောင်သည်မိန်းမနှင့်လူပျိူ ဆိုပါက…အိမ်ထောင်သည်မိန်း
မသည် ပုဒ်မ(၁၃)အရကျခံစေ…အိမ်ထောင်သည်မိန်းမ၏လင်
မကျေနပ်ပါက လူပျိူ အား ရာဇသတ်ဥပဒေပုဒ်မ(၄၉၇)အရ
အရေးယူစေ…
နှစ်ယောက်လုံးအိမ်ထောင်သည်ဖြစ်ပါက…နှစ်ယောက်စလုံး
ပြစ်ဒဏ်ခံစေ…(လွတ်လာမှ အတိအလင်းယူပေတော့)…
ဤဥပဒေသည်(၃၁-၈-၂၀၁၅)မှစ၍ အာဏာတည်စေ…မည်သူ
မဆို ဤဥပဒေချိူ းဖောက်သူများအား တိုင်တန်းခွင့်ရှိစေ……
(ကိုယ့်ကိုမလိုတဲ့သူက သွားတိုင်လို့ရတာသတိထားပါ…
မာဆတ်သွားရင် ကြည့်သွားပေါ့)…
ဤဥပဒေအရ…ကျေအေး/ရုပ်သိမ်းခွင့်မရှိစေရ…(ကျမလင်
ထောင်ကျရင် ကလေးတွေနဲ့ကျမဒုက္ခရောက်မှာမို့…အမှု့ကို
ပြန်ရုပ်သိမ်းချင်ပါတယ်ရှင်လို့ တောင်းပန်လို့မရဘူးနော်…
မတိုင်ခင် စဉ်းစား) စဖမ်းထဲက အာမခံပေးမှာမဟုတ်ဘူး…
#############################
အပေါ်ကအချက်အလက်တွေကတော့…မိမိလေ့လာမှတ်သား
ထားသမျှတွေကို…ဥပဒေ အကိုးအကား/စကားရပ်တွေမပါ
ပဲ သာမာန်ပြည်သူတွေ…ရှင်းလင်းလွယ်ကူစွာသိအောင်လို့
တင်ပြထားတာပါ…
နားလည်သဘောပေါက်လွယ်ကြပါစေ။
(မေတ္တာဖြင့်)
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင်နှင့်မယားကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...