အမျိုးသားက နောက် တစ်ယောက်နဲ့ ဖောက်ပြန်ပြီး တစ်နေရာမှာ နေပါတယ်

အမျိုးသားက နောက် တစ်ယောက်နဲ့ ဖောက်ပြန်ပြီး တစ်နေရာမှာ နေပါတယ်

          အမျိုးသားက နောက် တစ်ယောက်နဲ့ ဖောက်ပြန်ပြီး တစ်နေရာမှာ နေပါတယ် ။ ရဲစခန်းမှာ တစ်လင် တစ်မယား ဥပဒေနဲ့ အမှုဖွင့်တော့ ကျွန်မကို သက်သေ ပြခိုင်း ပါတယ် ။ သူနေတဲ့ နေရာက ကျေးရွာ အုပ်ချုပ် ရေးမှူးကို ကျွန်မအမျိုးသား နောက်မိန်းမနဲ့ နေထိုင်ကြောင်း ထောက်ခံစာ သွားတောင်းလည်း လုပ်မပေးဘူး ။ ကျွန်မမှာ ဖြစ်ရပ် မှန်ရဲ့သားနဲ့ ဘာမှလုပ်လို့ မရဘူး ဖြစ်နေပါတယ် ။ ဥပဒေအရ ဘယ်လို ဆက်လုပ်လို့ ရသလဲ ဆိုတာကို သိလိုပါတယ် ။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

         သက်သေ ပြဖို့ တာဝန်က တရားလို မှာပဲ ရှိပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး စီရင်ထုံး တွေလည်း ရှိပါတယ် ။ တစ်လင် တစ်မယား ကျင့်သုံးခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၀ အရ ထိမ်းမြားမှု တည်မြဲနေစဉ် တခြားသူ တစ်ဦးနဲ့ လင် မယား အဖြစ် ပေါင်းသင်း နေထိုင်ခြင်းကို တားမြစ် ပါတယ် ။ ပုဒ်မ ၁၃ မှာက သက်သေခံ အထောက်အထားနဲ့ တင်ပြနိုင် မယ်ဆိုရင် ၇ နှစ်ထက်မနည်းတဲ့ ထောင်ဒဏ်နဲ့ ဒဏ်ငွေ ကျခံဖို့ သတ်မှတ် ထားပါတယ် ။ ဥပဒေက၂၀၁၅ မှာ ပြဋ္ဌာန်း ထားတာပါ ။ ရပ်ကွက် အုပ်ချုပ်ရေးမှုးက ထောက်ခံစာ မပေးဘူးဆိုတော့ ပတ်ဝန်းကျင်က မြင်ကြား သက် သေတွေ ၊ အရပ်သက် သေတွေ စသဖြင့် ထင်ရှားအောင် ပြသပြီး သက်သေ ထူနိုင်ပါတယ် ။ နောက်စာရွက်စာ တမ်း သက်သေခံ ချက်တွေ ၊ ဓာတ်ပုံတို့ စသဖြင့် ဒါမျိုးတွေလည်း ပြလို့ရတယ် ။ ရပ်ကွက် အုပ်ချုပ်ရေးမှုးက ထောက်ခံစာပေးမှ မဟုတ်ပါဘူးလို့ ဖြေကြား ချင်ပါတယ် ။

 

# DVBLawLab #တစ်လင်တစ်မယားဥပဒေ

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate