ယနေ့ခေတ်မှာ အများစုက ကွာရှင်းပြတ်စဲ စာချုပ်ချုပ်မယ်ဆိုရင် အသင့်ရိုက်နှိပ်ထားတဲ့ စာချုပ်ပုံစံတွေကို အလွယ်တကူဝယ်ယူပြီး လက်မှတ်ရေးထိုးချုပ်ဆိုကြလေ့ရှိပါတယ်

ယနေ့ခေတ်မှာ အများစုက ကွာရှင်းပြတ်စဲ
စာချုပ်ချုပ်မယ်ဆိုရင် အသင့်ရိုက်နှိပ်ထားတဲ့
စာချုပ်ပုံစံတွေကို အလွယ်တကူဝယ်ယူပြီး
လက်မှတ်ရေးထိုးချုပ်ဆိုကြလေ့ရှိပါတယ်။
ဒါပေမယ့် ကွာရှင်းပြတ်စဲစာချုပ်ချုပ်ဆိုတဲ့ နေရာ
မှာ သားသမီးအရေးကိစ္စ၊ ပစ္စည်းခန်းကိစ္စတွေ
ပါလာရင် ကွာရှင်းပြတ်စဲစာချုပ် သီးခြားချုပ်ဆိုဖို့
လိုအပ်တယ်။ ကလေးကိုဘယ်သူတယဝန်ယူ
မယ်။ ဘယ်သု့အုပ်ထိန်းခွင့်အောက်မှာ ထား
မယ်။ စည်းကမ်းချင်တွေကကော ဘယ်လို
သတ်မှတ်မလဲ ။ ထို့အပြင် ပစ္စည်းခွဲဝေခြင်း
ကိစ္စရပ်တွေပါဝင်လာရင်တော့ ဘယ်သူက
ဘယ်ပစ္စည်းကိုယူမှာလဲဆိုတာတွေကိုပါ စာချုပ်
မှာတစ်ပါတည်းထည့်သွင်းချုပ်ဆိုဖို့ လိုအပ်ပါတယ်။
၁။ တရားဝင်ကွာရှင်းပြတ်စဲစာချုပ်ပြုလုပ်ရေးသားပြီး အာဏာရတရားသူကြီး ရှေ့မှောက်မှာ
ကွာရှင်းပြတ်စဲလိုတဲ့အကြောင်း နှစ်ဦးစလုံးက
လွတ်လွတ်လပ်လပ် ဆန္ဒကိုယ်စီထုတ်ဖော်ပြီး
လက်မှတ်ရေးထိုးကြရမယ်။
၂။ စာချူပ်မှာပေါင်းသင်းရန် ဆန္ဒမရှိတော့တဲ့ အကြောင်း တိတိကျကျဖော်ပြပါရှိရမယ်။
၃။ အနည်းဆုံးအသိသက်သေနှစ်ဦး ပါဝင်
လက်မှတ်ရေးထိုးကြရပါမယ်။
၄။ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေ ဇယား (၁ )
အပိုဒ် ၂၉ အရ ၂၅၀ ကျပ်တန် တံဆိပ်ခေါင်း
ပေါ်မှာ ချုပ်ဆိုရမယ်။
၅။ ပစ္စည်းခွဲဝေတဲ့ကိစ္စတွေကိုပါ တစ်ပါတည်း စာချုပ်တွင် ပါဝင်ချုပ်ဆိုလျှင် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကျပ် ၁၀၀
(ခတ်ကာလနှင့်အညီ ပြောင်းလဲမှုရှိနိုင်သည်) နဲ့ အထက်ဖြစ်လျှင် ပစ္စည်းခွဲဝေမှု သီးခြားစာချုပ်ပြုလုပ်ပြီး
ရေစစ္စရီ မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်တယ်။
ဆရာကြီးဦးကျော်ဇေယျ၏ " စာချုပ်အမျိုးမျိုး ချုပ်ဆို
နေကြသူများနှင့် သက်ဆိုင်သောပြညွှန်ချက်များ " စာအုပ်မှ ကူးယူဖော်ပြသည်။
Credit-OriginalUploder
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- "ကာမကိုလိမ်လည်ရယူမှု"
- လင်နှင့်မယားကွာရှင်းခြင်း
- မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။
- အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်
- အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနှင့် အမွေခွဲဝေမှု
- #ခရစ်ယာန်ဘာသာ၀င်များကွာရှင်းခြင်း -
- မြန်မာနိုင်ငံ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်လို့…
- ''မယားကစွန့်ပစ် ၁နှစ်
- တော်လှန်ရေးကာလမှာ
- ခဏခဏလာမေးကြလွန်းလို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Related Posts

လူမျိုးခြားနဲ့ဘယ်လိုတရားဝင်လက်ထပ်နိုင်မလဲ ဒီတော့ အသုံးလိုသူတွေသိရအောင် သိသလောက်လေး စုတင်ပေးမယ်နော်။
1. လူမျိုးခြား ဗုဒ္ဓဘာသာတူ လူမျိုးခြားနဲ့ လက်မှတ်ထိုးတဲ့အခါ ခရိုင်ရုံးက တရားသူကြီတွေဆီမှာပဲ လက်မှတ်ထိုးလို့ ရပါတယ်။ ခရိုင်းရုံး မှာ လက်မှတ်ထိုးမယ်ဆို ဗုဒ္ဓဘာသာချင်း တူဖို့တော့လိုပါတယ်။ လူမျိုးခြားက ဗုဒ္ဓဘာသာပြောင်းပေးရင်သာ အဆင်ပြေမှာပါ။ ဗုဒ...

လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း
(၁)ကျမတို့လင်မယားလက်ထပ်တာလေးငါးလပဲရှိပါသေးတယ်ရှင်လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း ကျမမှဘာအပြစ်မှ မရှိဘဲ ဒင်း အိမ်ကထွက်သွားပါတယ်…ပတ်ဝန်းကျင်မှာ အရှက်ရစေတဲ့အတွက် ဒင်းကို ဥပဒေအရ ဘယ်လိုအရေးယူရမလဲ ???(၂)ကျမတို့လင်မယားမှာကလေးတစ်ယောက်ရှိပါတယ်…...

တစ်လင်တစ်မယားဥပဒေ
အမျိုးသားက နောက်တစ်ယောက်နဲ့ ဖောက်ပြန်ပြီး တစ်နေရာမှာနေပါတယ် ။ ရဲစခန်းမှာ တစ်လင်တစ်မ ယားဥပဒေနဲ့ အမှုဖွင့်တော့ ကျွန်မကို သက်သေပြခိုင်းပါတယ် ။ သူနေတဲ့နေရာက ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျွန်မအမျိုးသား နောက်မိန်းမနဲ့ နေထိုင်ကြောင်း ထောက်ခံစာသွားတောင်...