ယနေ့ ခေတ်မှာ အများစုက ကွာရှင်း ပြတ်စဲ စာချုပ် ချုပ်မယ် ဆိုရင် အသင့်ရိုက် နှိပ်ထားတဲ့ စာချုပ် ပုံစံတွေကို အလွယ်တကူ ဝယ်ယူပြီး လက်မှတ်ရေးထိုး ချုပ်ဆို ကြလေ့ ရှိပါတယ်

ယနေ့ ခေတ်မှာ အများစုက ကွာရှင်းပြတ်စဲ
စာချုပ် ချုပ်မယ် ဆိုရင် အသင့်ရိုက်နှိပ် ထားတဲ့
စာချုပ် ပုံစံတွေကို အလွယ်တကူ ဝယ်ယူပြီး
လက်မှတ်ရေး ထိုးချုပ် ဆိုကြလေ့ ရှိပါတယ် ။
ဒါပေမယ့် ကွာရှင်း ပြတ်စဲ စာချုပ် ချုပ်ဆိုတဲ့ နေရာ
မှာ သားသမီး အရေးကိစ္စ ၊ ပစ္စည်းခန်း ကိစ္စတွေ
ပါလာရင် ကွာရှင်း ပြတ်စဲစာချုပ် သီးခြား ချုပ်ဆိုဖို့
လိုအပ်တယ် ။ ကလေးကို ဘယ်သူ တာဝန်ယူ
မယ် ။ ဘယ်သူ့ အုပ်ထိန်းခွင့် အောက်မှာ ထား
မယ် ။ စည်းကမ်း ချက်တွေကကော ဘယ်လို
သတ်မှတ်မလဲ ။ ထို့ အပြင် ပစ္စည်းခွဲ ဝေခြင်း
ကိစ္စရပ်တွေ ပါဝင် လာရင်တော့ ဘယ်သူက
ဘယ်ပစ္စည်းကို ယူမှာလဲ ဆိုတာတွေကိုပါ စာချုပ်
မှာတစ်ပါတည်း ထည့်သွင်း ချုပ်ဆိုဖို့ လိုအပ် ပါတယ် ။
၁ ။ တရားဝင် ကွာရှင်း ပြတ်စဲ စာချုပ်ပြု လုပ်ရေးသားပြီး
အာဏာရ တရားသူကြီး ရှေ့မှောက်မှာ
ကွာရှင်း ပြတ်စဲလိုတဲ့ အကြောင်း နှစ်ဦးစလုံးက
လွတ်လွတ် လပ်လပ် ဆန္ဒကိုယ်စီ ထုတ်ဖော်ပြီး
လက်မှတ် ရေးထိုး ကြရမယ် ။
၂ ။ စာချူပ်မှာ ပေါင်းသင်းရန် ဆန္ဒမရှိတော့တဲ့
အကြောင်း တိတိကျကျ ဖော်ပြ ပါရှိရမယ် ။
၃ ။ အနည်းဆုံး အသိသက်သေ နှစ်ဦး ပါဝင်
လက်မှတ် ရေးထိုး ကြရပါမယ် ။
၄ ။ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေ ဇယား ( ၁ )
အပိုဒ် ၂၉ အရ ၂၅၀ ကျပ်တန် တံဆိပ်ခေါင်း
ပေါ်မှာ ချုပ်ဆို ရမယ် ။
၅ ။ ပစ္စည်းခွဲ ဝေတဲ့ ကိစ္စတွေကိုပါ တစ်ပါတည်း စာချုပ်တွင်
ပါဝင်ချုပ် ဆိုလျှင် မရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်းကျပ် ၁၀၀
( ခတ်ကာလ နှင့်အညီ ပြောင်းလဲ မှုရှိနိုင် သည် ) နဲ့ အထက်ဖြစ်လျှင်
ပစ္စည်းခွဲ ဝေမှု သီးခြား စာချုပ် ပြုလုပ်ပြီး
ရေစစ္စရီ မှတ်ပုံတင် ပြုလုပ်ရမှာ ဖြစ်တယ် ။
ဆရာကြီး ကျော်ဇေယျ၏ " စာချုပ် အမျိုးမျိုး ချုပ်ဆို
နေကြ သူများနှင့် သက်ဆိုင်သော ပြညွှန်ချက်များ
" စာအုပ်မှ ကူးယူဖော် ပြသည် ။
Credit-OriginalUploder
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...