အိမ်ခြံမြေခေတ်ကောင်းမှီသူများ အချိန်ကာလအားဖြင့်ဆိုလျင် 2010 ဦးသိန်းစိန်အစိုးရတက်လာခါစ အချိန်မှစ၍ 2017 အိမ်ခြံမြေပူပေါင်းပေါက်ချိန်ထိ တရှိန်ထိုးစျေးများတက်ခဲ့သဖြင့် ဝယ်တိုင်းမှန်ခဲ့ကြ မြတ်ခဲ့ကြသည်။

အိမ်ခြံမြေခေတ်ကောင်းမှီသူများ အချိန်ကာလအားဖြင့်ဆိုလျင် 2010 ဦးသိန်းစိန်အစိုးရတက်လာခါစ အချိန်မှစ၍ 2017 အိမ်ခြံမြေပူပေါင်းပေါက်ချိန်ထိ တရှိန်ထိုးစျေးများတက်ခဲ့သဖြင့် ဝယ်တိုင်းမှန်ခဲ့ကြ မြတ်ခဲ့ကြသည်။ ယခုတလော ငွေကြေးဖောင်းပွမှုကြောင့်၎င်း၊ ဒေါ်လာကိုကျပ်ဖြင့်လဲပေးလိုက်ခြင်းကြောင့်၎င်း၊ ရွှေဝယ်လျင်စာရင်းတင်ရမည်ဆို၍၎င်း၊ ဘဏ်ကိုမယုံကြည်၍၎င်း၊ မြေကိုသာကိုင်ကြတော့မည် မြေစျေးတက်မည် ဟုပြောဆိုနေကြပါသည်။ သို့သော် သေချာသည်ကတော့ ယနေ့ယခု အခြေနေများအရအိမ်ခြံမြေရွှေခေတ်တော့မဖြစ်နိုင်ပါ။ ယခုချိန်သည် ရွှေခေတ်နှင့်ပြောင်းပြန်ဖြစ်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများပြန်ထွက်ခြင်း၊ အသစ်ဝင်သည့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများနည်းပါးခြင်း၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ဝင်ငွေများနှင့်စုဆောင်းငွေများကို ပြည်ပ၌ပင်စုဆောင်းထားခြင်း၊ ပြည်ပရောက်နိုင်ငံသားများကပြည်တွင်းကအိမ်ခြံမြေတွင်မမြုပ်နှံတော့ခြင်း၊ နိုင်ငံတကာသို့လက်လှမ်းမီသော ပြည်တွင်းရှိသူဌေးများကလည်း တချို့တဝက်သော၎င်းတို့၏ပိုင်ဆိုင်မှုများနှင့် အရင်းနှီးများကို ပြည်ပသို့ရွှေ့ပြောင်းလိုကြခြင်း၊ တို့ဖြစ်နေသည်ကိုတွေ့နိုင်ပါသည်။ နိုင်ငံတကာမှ ကွန်ဒိုအခန်းများ၊ အိမ်များကို မြန်မာပြည်တွင်းတွင်လာရောက်ရောင်းချနေကြသည်ကိုအများအပြားတွေ့နေရပြီဖြစ်သည်။ ဆိုလိုသည်မှာ ရွှေခေတ်ကဲ့သို့ မြေဝယ်မကျ ဝယ်တိုင်းမြတ်၊ ဒီနေ့ဝယ် မနက်ဖြန်ပြန်ရောင်းလို့ရပြီး ကျိန်းသေမြတ်မည်မဟုတ်ပါ။ သို့သော် မည်သည့်စျေးကွက်မဆို လုပ်တတ်လျင် ဆုံးဖြတ်ချက်မှန်လျင်တော့ မြတ်ပါမည်။
အိမ်ခြံမြေစျေးနှုံးတန်မတန် ဝယ်သင့်မဝယ်သင့်နဲ့ ရောင်းသင့်မရောင်းသင့် ဘယ်လိုဆုံးဖြတ်ကြမလဲ။
1) မိမိရဲ့အသုံးဝင်မှုမဝင်မှု၊ မိမိဘယ်လောက်ထိအသုံးချနိုင်လဲ။ ဥပမာ ကွန်ဒိုအခန်းတခန်းကိုဝယ်မည်ဆိုလျင် မိမိနှင့်မိသားစုကိုယ်တိုင်နေရန်လား၊ တကယ်နေမည့်သူအတွက် တန်သောစျေးသည် ဝယ်ထားပြီး မနေဖြစ်ပဲ သော့ခတ်ထားရမည့်သူအတွက် မတန်သော မဝယ်သင့်သောစျေးဖြစ်နိုင်ပါသည်။ လုံးချင်းအိမ်နှင့်ခြံတကွက်ကိုဝယ်မည်ဆိုလျင်လည်း ထို့အတူပင်၊ တကယ်ပြောင်းနေမှာလား၊ ငွေပိုလို့ဝယ်ထားမှာလား၊ ရင်းနှီးမြုပ်နှံမှုလုပ်ရန်လား အရင်စဉ်းစားသင့်သည်။ ထို့နည်းတူ စက်မှုဇုံမြေကွက်ဝယ်လျင် ကိုယ်တိုင်စက်ရုံလုပ်မှာလား၊ ငှါးစားမှာလား၊ စျေးတက်ကိုစောင့်မှာလား၊ ငွေပိုလို့ ဘဏ်စိတ်မချလို့လား စဉ်းစားရမှာပါ။ Investment အတွက် အိမ်ခြံမြေဝယ်မည်ဆိုလျင် ဘယ်လောက်တွက်ခြေကိုက်မလဲဆိုသည်ကိုတော့ တွက်ချက်သင့်သည်။
2) ထိုအိမ်ခြံမြေမှ ပုံမှန်ဝင်ငွေဘယ်လောက် ပြန်ရနိုင်မလဲ။ ဥပမာ အငှါးပြန်ချထားလို့ရလား၊ ဘယ်လောက်ရနိုင်မလဲ။အိမ်ခြံမြေကြော်ငြာများတွင် ရောင်းစျေး သိန်း ၂၀၀၀၀ ခေါ်ထားသောမြေနှင့်အိမ်ကို အငှါးစျေးသိန်း ၂၀ လောက်ဖွင့်ပြီးအငှါးရှာနေရသော အိမ်ခြံမြေ၏ ပုံမှန်ရနိုင်သောဝင်ငွေကိုတွက်ကြည့်ပါက တလလျင် 0.1% (ဆယ်ပြား) တနှစ်လုံးမှ 1.2%သာရှိသဖြင့် ထိုအိမ်ခြံမြေမျိုးဆိုလျင် စျေးအလွန်ချောင်ပါမှ မကြာသောကာလတွင် စျေးတက်နိုင်ပါမှ အမြတ်တခုဖြင့် ပြန်ရောင်းထွက်နိုင်ပါမှ ဝယ်ယူမြုပ်နှံသင့်ပါသည်။
3) စျေးနှုံးလားရာကိုကြည့်ပါ။ ဖွံ့ဖြိုးလာတော့မလား၊ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေး အခြေအနေတွေနဲ့ ချင့်ချိန်တွက်ကြည့်သင့်ပါသည်။ ယခုအချိန်သည် နိုင်ငံရေးအခြေနေလည်းမကောင်း စီးပွါးရေးအခြေနေလည်းမကောင်းသဖြင့် အိမ်ခြံမြေစျေးတက်ရန် ဖြစ်နိုင်ခြေအလွန်နည်းပါသည်။ မြေစျေးသည် ငွေဖောင်းပွမှုကိုကာမိအောင် တက်ရန်ဖြစ်နိုင်ချေအလွန်နည်းပါသည်။
4) ငွေဖြစ်လွယ်မှုကိုကြည့်ရန်။ ငွေလိုလျင်ချက်ချင်းပြန်ရောင်းလို့ရနိုင်မလား။အကြမ်းအားဖြင့်တော့ နေရာကောင်းလျင် အရောင်းရလွယ်နိုင်ပါသည်။သို့သော်တန်ရာတန်စျေးသာရပါမည်။ ဘဏ်ပေါင်ထားသောအိမ်ခြံမြေအများအပြား အရင်းရော ဘဏ်တိုးပါကာမိသောစျေးဖြင့် ချက်ချင်းငွေမဖော်နိုင်သဖြင့် ဘဏ်ကြွေးဆုံး NPL များဖြစ်နေသဖြင့် ရောင်းချ၍ရှင်းနိုင်ရန် စျေးကောင်းပေးဝယ်မည့်သူများကို စောင့်စားလျက်ရှိပါသည်။
5) ဝင်ငွေ၊ ငွေသားလက်ဝယ်ရှိမှု။ ဝင်ငွေကောင်းလျင် ငွေသားလက်ဝယ်ရှိလျင် ဝယ်လိုအားရှိနိုင်ပါသည်။
6) စီမံကိန်းသစ်များအကောင်အထည်ဖော်ဆောင်မှု။ ဥပမာ ရန်ကုန်မြို့သစ်ကဲ့သို့သောစီမံကိန်းများအကောင်ထည်ဖော်လာနိုင်သလား။ အခြားသောစီမံကိန်းများလုပ်ဆောင်ရန်ရှိမရှိ။
7) လမ်း၊ မီး၊ တံတား အစရှိသဖြင့် အခြေခံအဆောက်အအုံစီမံကိန်းများ နှင့် ဖွံ့ဖြိုးလာမှုရှိမရှိ။
8)တန်ဘိုးတက်လာအောင်အဆင့်မြှင့်၍ရမရ။ ဥပမာ အိမ်ခန်းကိုပြင်ဆင်ပြီး အမြတ်တင်ပြန်ရောင်းခြင်း၊ မြေကွက်ကိုဝယ်ယူပြီး ခြံခတ်မြေဖို့ စိမ်းဆိုသာယာအောင် အပင်စိုက် ပြင်ဆင်ပြီး တန်ဘိုးတက်အောင်လုပ်ခြင်း၊ မြေကွက်ဝယ် အိမ်ဆောက်ပြီးရောင်းချခြင်း၊ လယ်မြေဝယ် အခြားနည်းသုံးစွဲခွင့်လျောက်ကဲ့သို့သော မြေအဆင့်တက်အောင်လုပ်ခြင်း တို့ကိုဆိုလိုသည်။
အထက်ပါအချက်များသည် ယေဘူယျအားဖြင့် စျေးတက်နိုင်မတက်နိုင် တွက်ချက်ချိန်ဆရန်သာဖြစ်ပြီး မိမိဝယ်ရောင်းလုပ်မည့် အိမ်ခြံမြေတခုချင်းစီအတွက် မည်သည့်အချက်ကို ပို၍အလေးပေးစဉ်းစားရမည်ကိုတော့ ထိုသက်ဆိုင်ရာမြေကွက်၏တည်နေရာနှင့်အခြေအနေတို့၏ အားသာချက်အားနည်းချက် တို့အပေါ်သုံးသပ်ခြင်း၊ ဝယ်မည့်သူ ရောင်းမည့်သူတို့၏ ငွေပို ငွေလို နှင့် အခြားလှည့်စရာ အကွက် တွေ့ရှိထားမှု အပေါ်သုံးသပ်ခြင်းတို့ဖြင့် မိမိကိုယ်တိုင်ဆုံးဖြတ်ရမည်သာဖြစ်သည်။
ယနေ့ကျရောက်သည့် မြန်မာနှစ်သစ်မှစ၍ ဝယ်သူရော ရောင်းသူများပါ ဆုံးဖြတ်ချက်များမှန်ကန်၍ မိမိလိုရာဆန္ဒများပြည့်ဝကြပါစေ။
Credit#Thin Thin Nwe
16.4.2022
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
- အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- နိုင်ငံခြားသားကို တိုက်ခန်း၊ မြေ စသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်
- အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
- အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
- အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
- အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
- အိမ်ရှင် အိမ်ငှားနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ
- ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း သိပါရစေ ။
- အခွန်တော်စာချုပ်ခေါင်းအလွတ်သို့မဟုတ်အခွန်တော်စာချုပ်ခေါင်းကွက်လပ်မဖြည့်၊ငွေကိန်းဂဏန်းမဖြည့်ပေါ်တွင်လက်မှတ်/လက်ဗွေရေးထို့ခတ်နှိပ်ခြင်းကြောင့်ဆိုးကျိုး။
Related Posts
မြေချပါမစ် မူရင်းမိတ္တူဝယ်ရင်ကွယ် မူရင်းကြည့်ဖို့လည်း မမေ့သင့်
မြေချပါမစ် မူရင်းမိတ္တူဝယ်ရင်ကွယ် မူရင်းကြည့်ဖို့လည်း မမေ့သင့်ခုတစ်လော အိမ်ခြံမြေကွက် ဝယ်သူတွေကိုကြည့်ရတာ ပွဲစားမပါပဲ ရောင်းသူနဲ့ဝယ်သူ Online မှာ တွေ့ဆုံပြီး စရံငွေပေး စာချုပ်ချုပ်လိုက်ကြတယ်။ ပွဲစားမပါပဲ ရောင်းသူနဲ့ဝယ်သူ နှစ်ဦးသဘောတူ ဈေးညှိနှိုင်းပြီ...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်...

အိမ်၊ခြံ၊မြေ အပြီးအပိုင် ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချရာတွင် လွှဲပြောင်းရောင်းချပေးသူ၏ တာဝန်ဝတ္တရားများနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ
အိမ်၊ခြံ၊မြေ အပြီးအပိုင် ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချရာတွင် လွှဲပြောင်းရောင်းချပေးသူ၏ တာဝန်ဝတ္တရားများနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ=================================၁။ လွှဲပြောင်းရောင်းချပေးမည့် အိမ်နှင့်မြေသို့မဟုတ် မြေကွက်ဖြစ်ပါက ပ...