Advertise here!

ပုံစံ (၁၀၅ ) ဆိုသည်မှာ ကျေးရွာ//မြေစာရင်းဦးစီဌာနအပိုင် နယ်နိမိတ်အတွင်းမှာ ရှိတဲ့ မြေတို.ရဲ.အကျယ်အဝန်းနဲ. အမျိုးအစားကို ဖော်ပြပေးတဲ့ ပုံစံစာရွက်သာ ဖြစ်ပါတယ် ။

ပုံစံ (၁၀၅ ) ဆိုသည်မှာ ကျေးရွာ//မြေစာရင်းဦးစီဌာနအပိုင် နယ်နိမိတ်အတွင်းမှာ ရှိတဲ့ မြေတို.ရဲ.အကျယ်အဝန်းနဲ. အမျိုးအစားကို ဖော်ပြပေးတဲ့ ပုံစံစာရွက်သာ ဖြစ်ပါတယ် ။

ပုံစံ (၁၀၅ ) ဆိုသည်မှာ ကျေးရွာ//မြေစာရင်းဦးစီဌာနအပိုင် နယ်နိမိတ်အတွင်းမှာ ရှိတဲ့ မြေတို.ရဲ.အကျယ်အဝန်းနဲ. အမျိုးအစားကို ဖော်ပြပေးတဲ့ ပုံစံစာရွက်သာ ဖြစ်ပါတယ် ။

ပုံစံ_၁၀၅_လက်ထဲရောက်တာနဲ_ကိုယ်လုပ်ချင်တာလုပ်လိုရမယ်လို့_မထင်လိုက်ပါနဲ.။

ဆရာရှင့်… ကျွန်မက အကျိုးဆောင်တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ရွာမြေတစ်ကွက်ကို ဝယ်ထားမိသူ တစ်ဦးပါ ။ ပုံစံ (၁၀၅) ရပြီလို. ပြောလို. ဝယ်လိုက်မိပါတယ် ။ သူငယ်ချင်းတွေလည်း ဝယ်ကြပါတယ် ။ အဖော်ကောင်းလို.သာ လိုက်ဝယ်တာပါ။

သိပ်နားမလည်တဲ့ အလုပ်လည်း ဖြစ်နေပြီးတော့ အခုဆို သုံးလကျော်လောက် ရှိပြီး။ ပြန်ရောင်းမယ် ဆိုတော့မှ ပါမစ်မြေ ဖြစ်နေတယ် ဆိုလား မသိဘူး။ အမျိုးမျိုး ပြောကြပါတယ်။ ကျွန်မ ဝယ်ခါနီးတုန်းကတော့ ရွှေ လို.ပြောကြပြီး ကျွန်မ လက်ထဲ ရောက်မှ အမျိုးမျိုး ပြောခံနေရပါတယ် ။

အဆောက်အအုံဆောက်မယ် ဆိုတော့လည်း ဆောက်ခွင့်က လွယ်လွယ် မရနိုင်ဘူးတဲ့ ဆရာ။ ဒီတော့ ပုံစံ (၁၀၅) ဆိုတာက ဘာလဲဆရာ ။ ရှင်းပြပါဦး ၊ ကျွန်မ ဒေါ်ခင်လှတင့်ပါ။

ဒေါ်ခင်လှတင့်ရေ…

ရှင်းရှင်းလေးနဲ. ရှုပ်နေတာကို တစ်သက်စာ မှတ်မိအောင်ကျွန်တော် သိသလောက် ဖြေပေးပါ့မယ်။ ပုံစံ (၁၀၅) ဆိုတာက “ကျေးရွာမြေစာရင်းဌာန” က ထုတ်ပေးတဲ့ ပုံးစံ တစ်ခုသာ ဖြစ်ပါတယ်။ အဲဒီ ပုံစံက လယ်ယာမြေပဲ ဖြစ်ဖြစ် ၊ ရွာမြေ ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ် ကျေးရွာမြေစာရင်းဦးစီးဌာနအပိုင် နယ်နိမိတ် အတွင်းမှာ ရှိတဲ့မြေတို.ရဲ. အကျယ်အဝန်းနဲ. အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာ ဖြစ်ပါတယ်။

ဒီပုံစံ (၁၀၅) လက်ထဲ ရောက်တာနဲ. ကိုယ်လုပ်ချင်တာ လုပ်လို. ရမယ်လို. အထင်လိုက်ပါနဲ.။ အခု ပုံစံ (၁၀၅) အရ ဒေါ်ခင်လှတင့် ဝယ်ထားတဲ့မြေက “လယ်ယာမြေ” ဆိုတာသိပြီလေ။ လယ်ယာမြေ ဆိုရင်တော့ “လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလတ်မှတ်” ရှိမယ် ဆိုရင် လယ်လုပ်လို. ရမယ်ပေါ့။

အဆောက်အအုံ ဆောက်ဖို.၊ စီးပွားရေးလုပ်ငန်းတစ်ခုခု အခြေတည်ပြီး လုပ်ကိုင်ဖို. ဆိုတာကတော့ ကျွန်တော့်ရဲ. အတွေ.အကြုံအရ ဆိုရင် “သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ” က ခွင့်ပြုမှသာ ရမယ် ဖြစ်ပါတယ်။ အဲဒီလို ခွင့်ပြုလိုက်ပြီဆိုရင် “ဂရန်” ကိုပါ လေ ျှာက်ထားပိုင်ခွင့် ရရှိတော့တာပေါ့။ တစ်ချိန်တုန်းက “လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၉ (ယခုအခါ - လ/ယ ၃၀ ဖြစ်သည်) နဲ. လုပ်ပိုင်ခွင့်တွေ တူမယ်လို. ကျွန်တာ် ဝါရင့်ပွဲစားမှန်းပြီး ဖြေလိုက်ပါရစေ။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီး

Kyi Soe ( IC ) ဆောင်းပါးတစ်ပုဒ်ကိုမျှဝေခြင်းဖြစ်ပါတယ်။

 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း  အိမ်ခြံမြေရောင်းဝယ်ရာတွင်

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate