Advertise here!

စာချုပ်များချုပ်ကြရာဝယ်

စာချုပ်များချုပ်ကြရာဝယ်

စာချုပ်များချုပ်ကြရာဝယ်

^^^^^^^^^^^^^^^^^^

စာချုပ်တွေ ချုပ်ပြီးရင် ခိုင်မာအောင် မှတ်ပုံတင် ကြမယ်။

ဘာလို့ မှတ်ပုံတင်လဲ၊ ဘယ်လို မှတ်ပုံတင်ရလဲ သိထားဖို့ လိုပါတယ်၊ စာချုပ် ခိုင်မာအောင်လို့ မှတ်ပုံတင်တယ်၊ တစ်ချို့ စာချုပ်က ဥပဒေအရ မဖြစ်မနေ မှတ်ပုံတင်ရလို့ တင်တယ်၊ မခိုင်မာရင် မှတ်ပုံမတင်ရင် ဘာဖြစ်တုံး မေးမယ်၊ ဥပဒေနဲ့မညီဘူး တရားမဝင် ဘူးပေါ့၊ တရားမဝင်တော့ ရုံးရောက် ဂတ်ရောက်ဆို ကိုယ့်စာချုပ်က သုံးမရတော့ဘူးပေါ့၊ သုံးမရတော့ အမှု ရှုံးတာပေါ့။

ဒါကြောင့် အရောင်းအဝယ်၊ အငှါး၊ အပေး၊ စွန့်လွှတ်၊ ကျမ်းကျိမ်၊ ဖျက်သိမ်း၊ အမွေဆက်ခံ၊ ပစ္စည်းလဲလှယ်၊ ကုန်အမှတ်တံဆိပ်၊ SP , GP စတဲ့ စာချုပ်တွေ မှတ်ပုံတင် တတ်အောင် သိထားရပါမယ်။

အခုနောက်ဆုံး ပြဌာန်းထားတဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေအရ မဖြစ်မနေ မှတ်ပုံတင်ရမဲ့ စာချုပ်တွေရှိတယ်၊ မတင်ရင် တရားမဝင်ဘူးပေါ့၊ အချို့စာချုပ်က ဥပဒေအရ မှတ်ပုံတင်ဖို့ မလိုပေမဲ့ ကိုယ်က ခိုင်မာစေချင်လို့ မှတ်ပုံတင်ချင်ရင် တင်လို့ရတဲ့ စာချုပ်တွေရှိတယ်၊ စာချုပ်တွေ မှတ်ပုံတင်ချင်ရင် ဘာတွေလိုတယ်၊ ဘယ်လိုလုပ်ရတယ်၊ ဘယ်လောက်ကုန်တယ်၊ ဘယ်ရုံးသွားရတယ် ဆိုတာတွေ သိထားဖို့လိုပါတယ်၊

မှတ်ပုံတင်မယ်ဆိုရင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို သွားရတယ်၊ အများအခေါ် မြို့နယ် မြေစာရင်းရုံးပေါ့။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာတော့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးပေါ့။

မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းနဲ့ မှတ်ပုံတင်လိုကတင်နိုင်တဲ့ စာချုပ်စာတမ်းများအတွက်သိရှိထားရမည့် အချက်များ-

၁။ တန်ဖိုးငွေကျပ် တစ်သိန်းနှင့်အထက် ရှိသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ ဆိုင်ရာဆိုင်ခွင့် အကျိုး စီးပွားတစ်စုံတစ်ရာ ဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို ခိုင်မာစေရန်ပြုလုပ်သည့် သေတမ်းစာ မဟုတ်သော စာချုပ်စာတမ်းများ၊ ယင်းစာချုပ်စာတမ်းတို့နှင့် သက်ဆိုင်သည့် ပိုင်ဆိုင်ခွင့်အပေါ် တရားရုံးက ချမှတ်သည့် စီရင်ချက်၊ ဒီကရီ၊ အမိန့်၊ သားသမီးမွေးစာခြင်း စာချုပ်နှင့် နိုင်ငံတော်က အခါ အားလျော်စွာ သတ်မှတ်သည့် စာချုပ်စာတမ်းများကို ဥပဒေနှင့်အညီ တရားဝင် ခိုင်မာမှု ရရှိနိုင်ရန်အတွက် မှတ်ပုံတင်ရမည် ဖြစ်ပါသည်။ (ပုဒ်မ - ၁၆)

၂။ အထက်အပိုဒ် ၃ ပါ စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၆ အရ သတ်မှတ်ထားသည့် စာချုပ်စာတမ်းမှအပ အခြားစာချုပ်စာတမ်းများကို ကာယကံရှင်၏ သဘောဆန္ဒအရ မှတ်ပုံတင်လိုက တင်နိုင်ပြီး၊ မှတ်ပုံမတင်ဘဲလည်း နေနိုင်ပါသည်။ (ပုဒ်မ -၁၇)

၃။ စာချုပ်စာတမ်းများ မှတ်ပုံတင်လိုပါက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် မြို့တော်စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၊ ကျန်မြို့နယ်များတွင် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန(မြေစာရင်း)ရုံးရှိ မြို့နယ် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးသို့ သွားရောက် တင်ပြရပါမည်။

၄။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးသို့ လာရောက်ရန် အခက်အခဲရှိသည့် ကျန်းမာရေးချို့တဲ့ နေသူများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ အကျဉ်းချထားခြင်း ခံနေရသူများနှင့် တရားရုံးသို့ လာရောက်ခြင်းမှ တည်ဆဲဥပဒေနှင့်အညီ ကင်းလွတ်ခွင့် ပြုထားသူများ အနေဖြင့် မိမိ နေထိုင်ရာ နေအိမ်၊ ဆေးရုံ၊ အကျဉ်းထောင်သို့ လာရောက်၍ စာချုပ်စာတမ်းမှတ်ပုံတင် ပေးရန် လျှောက်ထားနိုင်ပါသည်။ (ပုဒ်မ - ၃၆(က))

စာချုပ်မှတ်ပုံတင်ဖို့ ရုံးကိုတင်ပြရာမှာ ပြည်စုံရမည့် အချက်များ-

(၁) စာချုပ်စာတမ်းကို မြန်မာစာဖြင့် ရေးသားထားရမည်။ မြန်မာစာဖြင့် ရေးသားထားခြင်း မဟုတ်လျှင် နိုတြီပဗ္ဗလစ်က မှန်ကန်ကြောင်း လက်မှတ် ရေးထိုးထားသည့် မြန်မာဘာသာပြန်ဆိုချက် ပူးတွဲတင်ပြရမည်။

ပုဒ်မ-၁၈(က) နှင့် (ခ)

(၂) စာချုပ်ချုပ်ဆိုသူတို့က ပြည့်စုံစွာ ရေးသား လက်မှတ်ရေးထိုးထားသော စာချုပ်စာတမ်းများ ဖြစ်ရမည်။

ပုဒၼ -၁၈(ဂ)

(၃) စာချုပ်စာတမ်းပါ ရေးသားဖော်ပြ ချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ချန်လှပ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ထားလျှင် ယင်းသို့ ပြုလုပ်ထားသည့် နေရာအသီးသီး၌ စာချုပ်ချုပ်ဆိုသည့် ပုဂ္ဂိုလ်တို့၏ လက်မှတ်တို သို့မဟုတ် လက်မှတ်ရှည်ကို ရေးထိုးရမည်။

ပုဒၼ-၁၈ (ဃ)

(၄) မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းဖြစ်ပါက ယင်းပစ္စည်း၏ အမျိုးအစား၊ ပုံသဏ္ဌာန်၊ အရွယ်အစားနှင့် တည်နေရာတို့ကို ရှင်းလင်းစွာ ဖော်ပြရမည့်အပြင် မရွှေ့မပြောင်းနိုင်သောပစ္စည်းသည် မြေဖြစ်ပါက မြေနှင့် စပ်လျဉ်း၍ သက်သေခံနိုင်သော သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းက တစ်နှစ်အတွင်း တရားဝင်ထုတ်ပေး ထားသည့် သက်သေခံ မြေပုံနှစ်ခုနှင့် မြေ ရာဇဝင် ပါရှိရမည်(မြေစာရင်းပုံစံ၁၀၅/၁၀၆)။

ပုဒ္မ -၂၀

(၅) မည်သည့် စာချုပ်စာတမ်းကိုမဆို မှတ်ပုံတင်သည့်အခါ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေနှင့် အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်တို့အရ သတ်မှတ်ထားသည့် အခွန်တံဆိပ် ခေါင်းကို လုံလောက်စွာ ကပ်ထားပြီး ဖြစ်ရမည် (အခွန်ဆောင်ပြီး ဖြစ်ရမည်)။

ပုဒၼ ၃၂ (ဃ)

(၆) နိုင်ငံခြားတွင် ချုပ်ဆိုသော စာချုပ်ဖြစ်ပါက သက်ဆိုင်ရာနိုင်ငံရှိ မြန်မာ့သံရုံး အရာရှိ(သို့မဟုတ်) ကောင်စစ်ဝန်၏ ရှေ့တွင် ချုပ်ဆိုမှု မှန်ကန်ကြောင်း၊ ထောက်ခံချက်၊ သံရုံးတံဆိပ်တို့ပါရှိရမည်။ မြန်မာဘာသာဖြင့် ရေးသားချုပ်ဆိုခြင်း မဟုတ်ပါက Notary Public ၏ ဘာသာပြန်ဆိုချက် တင်ပြရမည်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate