မိသားစုစီမံမှုအကြောင်း

မိသားစုစီမံမှုအကြောင်း
မိသားစုစီမံမှု
-အမွေရှင်ကွယ်လွန်ပြီးနောက် အမွေပစ္စည်းများကို ခွဲဝေယူကြမည်ဆိုသော မိသားစုတစ်ခု၏ သဘောတူစီမံစာချုပ်ကို မိသားစုစီမံမှုဟုခေါ်ဆိုပါသည်။
-မိသားစုအတွင်း အမွေမှုမဖြစ်စေရန်ပြုလုပ်သင့်ပါသည်။
-အလွန်တရာခိုင်မာသောစီမံမှုဖြစ်သည်။
-အမွေရှင်မသေမီ တရားစွဲ၍လည်းမရ။
-သေဆုံးပြီးလျှင်ဖျက်ခွင့်မရှိ။
-ခွဲဝေပြီးနောက် ဖောက်ဖျက်ငြင်းဆို၍လည်းမရ။
(မပန်းစီနှင့်မလှရင်၊1963-မတစ800/808နှင့်ဦးအောင်ညွန့်နှင့်မောင်အုံးမြင့်1981၊မတစ-121)
သက်သေခံဥပဒေပုဒ်မ-115(ဎ)အရ-မိသားစုစီမံမှုအရပိတ်ပင်ခြင်း။
-မိသားစုစီမံမှုပြုလုပ်ကာ အမွေပစ္စည်းများကိုခွဲဝေခြင်းသည် အတောမသတ်နိုင်သည့်အမွေမှု အရှုပ်အထွေးများပေါ်ပေါက်ခြင်းမှလည်းကောင်း၊
သားချင်းတစ်စုအမွေမှုနှင့်စပ်လျဥ်း၍စိတ်ဝမ်းကွဲပြားကာ မသင့်မတင့်ဖြစ်ရခြင်းမှလည်းကောင်း၊
ကာကွယ်ရန်ဖြစ်သည့်အလျောက် ယင်းမိသားစုစီမံမှုတွင်အတင်းအကြပ်ပြုလုပ်ခြင်း၊
မတရားသြဇာညောင်းခြင်း၊
အရေးကြီးသည့်အချက်များ၌ထိမ်ချန်ထားခြင်းစသည့်မတရားမှုမရှိပါကအတည်ဖြစ်သည်။
တရားဥပဒေအရ ခိုင်မာ တည်မြဲခင်းမရှိဟု ငြင်းဆိုခွင့်မရှိ။
မိသားစုစီမံမှုကို အမွေစားအမွေခံ သဘောတူညီချက်ဖြင့်ပြုလုပ်၍ ယင်းစီမံမှုအတိုင်း ပစ္စည်းများကိုခွဲဝေခံစားပြီးဖြစ်ပါက အမွေစား အမွေခံတစ်ဦးဦးက ယင်းစီမံမှုသည် ဥပဒေနှင့်ဆန့်ကျင်နေပါသည်ဟု ငြင်းဆိုခြင်းမှပိတ်ပင်မည်ဖြစ်သည်။
(မကျော့နှင့်မကျေးဥ၊အေအိုင်အာ1935၊ရန်ကုန်-355)
(မပန်စီခေါ်ဒေါ်ရင်ရင်နှင်မလှရင်၊1963၊မြန်မာပြည်စီရင်ထုံး800(808)
မှတ်ချက်။
မိသားစုစီမံမှုအား
အမွေရှင်
1)မကွယ်လွန်မီ
2)ကွယ်လွန်ပြီး
ချိန်တွင် နှစ်မျိုးလုံးကြိုက်သလို စီမံပြုလုပ်နိုင်ပါသည်။
ကိုးကား။သက်သေခံဥပဒေ၏သိကောင်းစရာများ၊ဦးသက်ဖေ၊ဦးမောင်မောင်ဝင်း။
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- "ကာမကိုလိမ်လည်ရယူမှု"
- 'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား'
- လင်နှင့်မယားကွာရှင်းခြင်း
- မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။
- အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်
- အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနှင့် အမွေခွဲဝေမှု
- #ခရစ်ယာန်ဘာသာ၀င်များကွာရှင်းခြင်း -
- မြန်မာနိုင်ငံ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်လို့…
- အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
- မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
Related Posts

''မယားကစွန့်ပစ် ၁နှစ်
လင်စွန့်ပစ် ၃နှစ် ကြာရင်အလိုလိုကွာရှင်းပြီးသားဖြစ်သွာြးပီလေ ''ဆိုသောအရပ်စကားအပေါ်အထင်အမြင်ရှင်းလင်းစေရန်.......#လင်မယားကွာရှင်းခြင်းဥပဒေ လင်မယား အဆက်အသွယ် အထောက်အပံ့မရှိလဲ တရားဝင် မကွာရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ။လင်ဖြစ်သူ နေအိမ်မှစွန့်ခွာ...

တော်လှန်ရေးကာလမှာ
ခဏခဏ လာမေးမြန်းကြတဲ့မိတ်ဆွေများအတွက်ထပ်မံဖော်ပြပေးလိုက်ပါတယ်။ မှန်မှန်ကန်ကန် တော်လှန်နိုင်ကြပါစေ။လင်မယားကွာရှင်းရန် အကြောင်းသုံးမျိုး**************************************မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယားကွာရှင်း ပြတ်စဲရန် အကြောင်းသုံးမျိုးရှိသည...

ခဏခဏလာမေးကြလွန်းလို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
လင်မယား အတူမနေ/မထောက်ပံ့/အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာအလိုအလျောက် ပြတ်ဆဲပါသလဲ ဟူသောအများစုသိချင်သည့်မေးခွန်းအား........အချက်အလက်အစုံအလင်နှင့်သိစေရန်ပြန်လည်မျှဝေပေးလိုက်ပါသည်။လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ...