အရောင်းအ၀ယ်လုပ်ချိန်မှာစရန်ငွေချတော့မယ်ဆိုရင်

အိမ် ခြံ မြေ အရောင်းအ၀ယ်ပဲဖြစ်ဖြစ်၊ အခြားအရောင်းအ၀ယ်ပြုလုပ်ချိန်မှာ ခိုင်မာမှု၊ စျေးကွက်အခြေအနေ ပေါ်မူတည်ပြီးတော့ ပိုင်ရှင်ဘက်က ငွေပြန်မအမ်းနိုင်တဲ့ အခြေအနေမျိုးအထိ ၀ယ်ယူသူအနေနဲ့ စရန်ငွေချထားသင့်တယ်လို့ သိရပါတယ်။
စရန်ငွေကို အရောင်းအ၀ယ်ပြုလုပ်တဲ့ တန်ဖိုးငွေစုစုပေါင်းရဲ့ မည်ရွေ့မည်မျှပေးရမယ်လို့ ပုံသေသတ်မှတ်ထားတာ မရှိသလို မည်မျှပေးရမယ်လို့ အစဉ်အလာ အတိအကျမရှိပါဘူး။
စရန်ငွေပေးခြေရာမှာ ၀ယ်သူအနေနဲ့ သတိပြုရမယ့် အချက်မှာ အရောင်းအ၀ယ် ပြုလုပ်တဲ့ မြေကွက်၊ အဆောက်အုံကို မိမိစရန်ငွေပေးထားစဉ်ကာလအတွင်းမိမိထက်စျေးပိုပြီး စျေးကောင်းပေးသူ၊ စျေးပိုပေးသူ ပေါ်ပေါက်လာရင် ဖော်ပြပါစရန်ငွေရဲ့ နှစ်ဆကိုလျော်နိုင်အောင် လုံလောက်စိတ်ချရတဲ့စရန်ငွေကို ပေးချေဖို့ ဖြစ်ပါတယ်။
ရောင်းသူအနေနဲ့လည်း လုံလောက်ခိုင်မာတဲ့၊ စိတ်ချရမယ့် စရန်ငွေကိုသာ လက်ခံသင့်ပါတယ်။ မဖြစ်စလောက် မပြောပလောက်တဲ့ စရန်ငွေကို လက်ထဲပိုက်ပြီး အကြောင်းကြောင်းကြောင့် မ၀ယ်ဖြစ်တော့တဲ့၀ယ်သူကို လူမှုရေးငဲ့တဲ့ အနေနဲ့ စရန်ငွေကိုလည်း အဆုံးခံစေပြီး မသိမ်းပဲ ကာလရှည်စွာ စောင့်မျှော်နေရင် အဲ့သည့် အရောင်းအ၀ယ်လည်းမဖြစ်၊ တခြား၀ယ်လက်ကောင်းကိုလည်း ဆုံးရှုံးပြီး အချိန်ကုန်လူပန်း ဖြစ်မှာကို သတိပြုဖို့ လိုအပ်ပါတယ်။
အလားတူ တချို့ရောင်းသူအနေနဲ့ ရောင်းချမယ့် အဆောက်အအုံရှိ အိမ်ငှားတွေရဲ့ အိမ်လခတွေ၊ စပေါ်ငွေတွေ ပြန်အမ်းဖို့ မြေကိစ္စတွေ ရှင်းလင်းဖို့စတဲ့ ငွေကြေးလိုအပ်ချက်တွေ ရှိနိုင်တာကြောင့် ရောင်းသူအနေနဲ့ စရန်ငွေကို လက်ခံရာမှာ မိမိ အခြေအနေအလျှောက် အဲသည် စရိတ်စကတွေကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ စရန်ငွေကို လက်ခံဖို့ လိုအပ်ပါသည်။
၀ယ်သူအနေနဲ့ စရန်ငွေမပေးချေမီ အစစအရာရာ အသေးစိတ်လေ့လာ ဆုံးဖြတ်ပြီးမှ ပေးချေသင့်ပါတယ်။ စရန်ငွေပေးချေပြီးမှ အရောင်းအ၀ယ် သဘောတူစာချုပ်ပါ စည်းကမ်းတချို့ကိုမကြိုက်လို့ ဖြစ်စေ၊ ထပ်မံ ဖြည့်စွက်စရာရှိလို့ ဖြစ်စေ ထပ်မံဆွေးနွေးဖို့ ရှိလာရင် စရန်ငွေပေးထားပြီး ဖြစ်တာကြောင့် ၀ယ်သူအနေနဲ့ အားနည်းချက် ရှိနေမှာဖြစ်ပါတယ်။
အိမ်ခြံမြေ ၀ယ်ယူရာမှာ အရေးကြီးတဲ့ အချက်အခြားတစ်ခုမှာ မြေအကျယ်အ၀န်း စာချုပ်ပါအတိုင်း အမှန်အကန် အတိအကျရှိမရှိကို စစ်ဆေးပြီးမှ စရန်ငွေပေးခြေဖို့ လိုအပ်ပါတယ်
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-
- "ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်
- ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ
- တိုက်ခန်း၀ယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား
- +++သြရသ သားသမီး၏ ဇနီးခင်ပွန်းတို့နှင့် သက်ဆိုင်နေသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်+++
- လယ်ယာမြေတွေကို...အကွက်ရိုက်ရောင်းသူဆီမှဝယ်မိတဲ့ပြဿနာ
- "SP အကြောင်းသိကောင်းစရာ"
- ဆရာရေ ဂရံမြေဝယ်ချင်လို့ ဘာတွေစစ်ရမလဲ?
- တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ
- တရားဝင်ပိုင်ဆိုင်မှု
Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ
"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။
အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ
မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...