ပါမစ်(Permit) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ

ပါမစ်(Permit) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ

ပါမစ်(Permit) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင်
သတိပြုသင့်သောကိစ္စရပ်များ

၁။ မြို့သစ်များတွင် သက်ဆိုင်ရာက ကနဦးအနေဖြင့် ပါမစ်ဖြင့် မြေကွက်ချထားခြင်းဖြစ်ပါသည်။ မြေဂရန်ကို နောင်မှ ဆက်လက်ထုတ်ပေးခြင်း ပြုပါသည်။ မြေကွက်တွင် နေထိုင်ခွင့်ပါမစ် ရရှိသူတို့က မနေထိုင်လို၍ ငှား ရမ်းခြင်း လွှဲပြောင်းရောင်းချခြင်းပြုလုပ်ကြသည်လည်းရှိပါသည်။

၂။ ပါမစ်မြေကွက်ပေါ် နှစ်ချုပ်ဖြင့် ငှားရမ်းနေထိုင်ခြင်းမှာ ပြဿနာမရှိနိုင်ပါ။

၃။ ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် ပါမစ်တွင်လွှဲပြောင်းရောင်းချခွင့်ပြု မပြုကို စီစစ်ပြီးမှ ဝယ်ယူသင့်ပါသည်။ ပါမစ်တွင် မြေကွက်ကို လွှဲပြောင်းရောင်းချခွင့်ရှိသည်ဟု ပါရှိပါက ပြင်ပလူတစ်ဥိးအနေဖြင့် ဝယ်ယူနိုင်ပါသည်။

၄။ ပါမစ်တွင် လွှဲပြောင်းရောင်းချခွင့်မပြုဟု ဖော်ပြပါရှိပါက ပြင်ပပုဂ္ဂိုလ်အနေဖြင့် ဝယ်ယူရန်မသင့်ပါ။ အကြောင်းမှာ ဂရန်လျှောက်ထားသည့် အခါ သက်ဆိုင်ရာက ဝယ်ယူနေထိုင်သူ ပြင်ပပုဂ္ဂိုလ်အား ဂရန်ထုတ် မပေးပါက ယင်းမြေကွက်အပေါ် ပိုင်ဆိုင်မှု ရရှိမည်မဟုတ်ပါ။

၅။ ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် မှတ်ပုံတင်စာချုပ်ပြုလုပ်နိုင်ခွင့်မရှိသဖြင့် နေထိုင်ခွင့် သက်သက်ဖြင့် ဝယ်ယူပါက ပြဿနာရှိနိုင်မည် မဟုတ်သော်လည်း နောင်တစ်ချိန်တွင် ပြန်လည်ရောင်းချပါက မှတ်ပုံတင် စာချုပ်မရှိသဖြင့် အရပ်စာချုပ်ဖြင့်သာ ရောင်းချနိုင်မည်ဖြစ်၍ တန်ရာတန်ဖိုးရရှိ နိုင်မည်မဟုတ်ပါ။ ပါမစ်မြေ ကွက်ရောင်းချသူက ဂရန်လျှောက်ထားပေးပါက ယင်းဂရန်ရရှိသည့်အခါ ပါမစ်အမည်ပေါက်သူနှင့် ဝယ်သူတို့ အနေဖြင့် မှတ်ပုံတင်ချုပ် စာတမ်းချုပ်ဆိုနိုင်မည်ဖြစ်ပါသည်။ မြေကွက်များအနေဖြင့် တစ်နှစ်ထက်တစ်နှစ် ကာလတန်ကြေးဖြင့်တက်သဖြင့် ဝယ်ယူသည့်အချိန်က ပေါက်စျေးနှင့်မှတ်ပုံတင်သည့် အခါ ဖြစ်ပေါ်နေသော ပေါက်စျေးတို့ ကွာဟချက်ရှိနေသဖြင့် ပါမစ်အမည်ပေါက်သူက ထပ်မံ၍ ငွေတိုးတောင်းလာမည်ကိစ္စရပ် ပေါ် ပေါက်နိုင်ကြောင်း ဝယ်သူအနေဖြင့် သတိချပ်သင့်ပါသည်။
၆။ ပါမစ်မြေကွက်ဝယ်ယူရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူနှင့် သန်းခေါင်းစာရင်းမိတ္တူတို့ ကို ပါ ရယူထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂရန်လျှောက်ထားသည့် အခါ သက်ဆိုင်ရာက ပါမစ်မြေ ကွက်ရှိသူ၏နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူနှင့် သန်းခေါင်စာရင်း မိတ္တူတို့ကို တောင်းပါက အသင့်တင်ပြနိုင်ရန် ဖြစ်ပါသည်။

(ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ-၂၂၊၂၃၊၂၄) 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate