ပါမစ် ( Permit ) ဖြင့် ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သော ကိစ္စရပ်များ

ပါမစ် ( Permit ) ဖြင့် ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သော ကိစ္စရပ်များ

     ပါမစ် ( Permit ) ဖြင့် ချထားပေးသော 

     မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သော

     ကိစ္စရပ်များ

၁ ။ မြို့သစ်များတွင် သက်ဆိုင်ရာက ကနဦးအနေဖြင့်

     ပါမစ်ဖြင့် မြေကွက် ချထားခြင်း ဖြစ်ပါသည် ။ 

     မြေဂရန်ကို နောင်မှ ဆက်လက် ထုတ်ပေးခြင်း 

     ပြုပါသည် ။ မြေကွက်တွင် နေထိုင်ခွင့်ပါမစ်

     ရရှိသူတို့က မနေထိုင်လို၍ ငှားရမ်းခြင်း 

     လွှဲပြောင်း ရောင်းချခြင်း ပြုလုပ်ကြသည်လည်း

     ရှိပါသည် ။

၂ ။  ပါမစ်မြေကွက်ပေါ်  နှစ်ချုပ်ဖြင့် ငှားရမ်းနေထိုင်ခြင်း

       မှာ ပြဿနာ မရှိနိုင်ပါ ။

၃ ။  ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် ပါမစ်တွင် 

      လွှဲပြောင်းရောင်းချခွင့် ပြု မပြု ကို စီစစ်ပြီးမှ 

      ဝယ်ယူသင့်ပါသည် ။ ပါမစ်တွင် မြေကွက်ကို 

      လွှဲပြောင်းရောင်းချခွင့် ရှိသည်ဟု ပါ ရှိပါက 

      ပြင်ပလူတစ်ဦး အနေဖြင့် ဝယ်ယူနိုင်ပါသည် ။

၄ ။ ပါမစ်တွင် လွှဲပြောင်းရောင်းချခွင့် မပြုဟု ဖော်ပြ

      ပါ ရှိပါက ပြင်ပပုဂ္ဂိုလ်အနေဖြင့် ဝယ်ယူရန် မသင့်ပါ ။

     အကြောင်းမှာ ဂရန် လျှောက်ထားသည့်အခါ 

     သက်ဆိုင်ရာက ဝယ်ယူနေထိုင်သူ ပြင်ပပုဂ္ဂိုလ်အား

     ဂရန် ထုတ်မပေးပါက ယင်းမြေကွက် အပေါ်  ပိုင်ဆိုင်မှု 

     ရရှိမည် မဟုတ်ပါ ။

၅ ။ ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် မှတ်ပုံတင်စာချုပ်

      ပြုလုပ်နိုင်ခွင့် မရှိသဖြင့် နေထိုင်ခွင့် သက်သက်ဖြင့် 

      ဝယ်ယူပါက ပြဿနာရှိနိုင်မည် မဟုတ်သော်လည်း 

      နောင်တစ်ချိန်တွင် ပြန်လည် ရောင်းချပါက မှတ်ပုံတင်

      စာချုပ် မရှိသဖြင့် အရပ်စာချုပ်ဖြင့်သာ ရောင်းချနိုင်မည်

      ဖြစ်၍ တန်ရာတန်ဖိုး ရရှိနိုင်မည် မဟုတ်ပါ ။ 

 

      ပါမစ်မြေကွက် ရောင်းချသူက ဂရန် လျှောက်ထားပေးပါက 

     ယင်းဂရန် ရရှိသည့်အခါ ပါမစ်အမည်ပေါက်သူ နှင့် ဝယ်သူတို့ 

     အနေဖြင့် မှတ်ပုံတင် စာချုပ်စာတမ်း ချုပ်ဆိုနိုင်မည် ဖြစ်ပါသည် ။

     မြေကွက်များ အနေဖြင့် တစ်နှစ်ထက်တစ်နှစ် ကာလတန်ကြေးဖြင့်

     တက်သဖြင့် ဝယ်ယူသည့် အချိန်က ပေါက်စျေးနှင့် မှတ်ပုံတင်သည့် 

     အခါ ဖြစ်ပေါ်နေသော ပေါက်စျေးတို့ ကွာဟချက် ရှိနေသဖြင့် 

     ပါမစ်အမည်ပေါက်သူက ထပ်မံ၍ ငွေတိုးတောင်းလာမည့်

     ကိစ္စရပ် ပေါ် ပေါက်နိုင်ကြောင်း ဝယ်သူအနေဖြင့် သတိချပ်

     သင့်ပါသည် ။


၆ ။ ပါမစ်မြေကွက် ဝယ်ယူရာတွင် ရောင်းချသူ၏  

      နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူနှင့် သန်းခေါင်စာရင်း 

      မိတ္တူတို့ကို ပါ ရယူထားသင့်ပါသည် ။

      အဘယ်ကြောင့်ဆိုသော် ဂရန်လျှောက်ထားသည့်

      အခါ သက်ဆိုင်ရာက ပါမစ်မြေကွက် ရှိသူ၏ 

      နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ နှင့် 

      သန်းခေါင်စာရင်း မိတ္တူတို့ကို တောင်းပါက 

      အသင့်တင်ပြနိုင်ရန် ဖြစ်ပါသည် ။

  ( ဦးဗကြိုင် ( ဘီအေ ၊ အီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည့်

    အိမ် ခြံ မြေ တိုက်ခန်း စသည်များ ရောင်းချခြင်း ၊ 

    ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊

    စာ -၂၂ ၊ ၂၃ ၊ ၂၄ ) 

#Crd to owner

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate