စွန့်ပစ်မှု

စွန့်ပစ်မှု

စွန့်ပစ်မှု

။။။။။။။။။

စွန့်ပစ်သည်ဆိုရာ၌ လင်ခန်းမယားခန်းပြတ်စဲရန် ရည်ရွယ်ချက်နှင့် စွန့် ပစ်ထားခြင်း ဖြစ်ရပေမည်။ လင်ဖြစ်သူ ထောင် ၁၂ နှစ် ကျနေ၍ မယားနှင့် ခွဲခွာနေခြင်းသည် စွန့်ပစ်ထားသည်မမည်ပေ။ “ အောင်ဖြူ နှင့်သက်နှင်း ( ၈ အယ်ဘီအာ ၅၀ ) “ ။

လင်ဖြစ်သူက နှိပ်စက်ညှဉ်းပန်း၍ မယားက တစ်နှစ်ကျော်မျှ လင်နှင့် ခွဲခွာနေထိုင်ခြင်းသည် စွန့်ပစ်ခြင်းမမည် ပေ။ “ မသိန်းမယ် နှင့် ဖိုးကြွယ် ( ၁၀ ဘီအယ်တီ ၂၁၂ ) “ ။ “ ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ( ၁၉၄၉ မတစ လွှတ်တော် ၂၈၃ ) “ တွင် သတ်မှတ်ထားသောအချိန် ကာလအတွင်း စွန့်ပစ်ပြီး ထောက်ပံ့ခြင်းမပြုလျှင် သို့မ ဟုတ် တစ်စုံတစ်ရာ အဆက် အသွယ်မပြုလျှင် ထိမ်းမြားခြင်း မပျက်ပြယ်ပေ။ လင်ဖြစ်စေ၊ မယားဖြစ်စေ တစ်ဦး တစ်ယောက်က သတ်မှတ်ထားသည့် အချိန်ကာလအတွင်း စွန့်ပစ်ခြင်းမှာ စွန့်ပစ်ခြင်းခံရသူက ထိမ်းမြားမှုကို ပျက်ပြယ်လိုပါက ပျက်ပြယ်နိုင်ခွင့် ပေးခြင်းမျှသာဖြစ်သည်။ စွန့်ပစ်ခြင်းခံရသူက လင်ခန်း မယားခန်း ပြတ်စဲ လိုသော ရည်ရွယ်ချက် မရှိလျှင် သို့မဟုတ် စွန့်ပစ်ခြင်းခံရသူက ကွာရှင်းလိုသော အပြုအမှုကို ဖော်ပြခြင်း မရှိလျှင် လင်ခန်း မယားခန်း မပြတ်စဲပေ “ ဟု တရားလွှတ်တော်က ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။

အထက်ပါအမှုတွင် တရားရှုံးသူ ဒေါက်တာသာမြက တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရောက်ရာ တရားလွှတ် တော်ချုပ်က တရားလွှတ်တော် ၏ စီရင်ချက်ကို အတည်ပြုပြီး “ ထိမ်းမြားမှုကို ပျက်ပြယ်လိုသောလင် ယောကျာ်း ၏ ဆန္ဒဖြင့် လင်နှင့် မယားတို့ နှစ်ဦးသဘောတူညီချက်အရ ပြုလုပ်ခဲ့ကြသည့် ထိမ်းမြားမှု အနှောင်အဖွဲ့ကို ပျက် ပြယ်ရန် မလုံ လောက်ပေ။ ထိုအနှောင်အဖွဲ့ကို ပျက်ပြယ်ရန်မှာ မယားဖြစ်သူကလည်း ထိမ်းမြားခြင်းကိုပျက်ပြယ် လိုသည့်ဆန္ဒကို တုံ့ပြန်မှုရှိရန် လိုပေသည်။ တုံ့ပြန်သည့်ဆန္ဒကို အထင်အရှားဖြစ်စေ၊ သို့မဟုတ် သိသာထင် ရှားလောက်သည့် အမူအရာဖြင့်ဖြစ်စေ ပေးရမည်” ဟု ထပ်လောင်းဖြည့်စွက် ဆုံးဖြတ်ထားသည်ကို တွေ့ရ သည်။ “ ဒေါက်တာသာမြ နှင့် ဒေါ်ခင်ပု ( ၁၉၅၁ မတစ လွှတ်တော်ချုပ် ၁၀၈ )။

“ မခင်မြ နှင့် ကုလား ( ခ ) မောင်လှရွှေ ( ၁၉၅၆ မတစ လွှတ်တော် ၂၆၄ )” က “ ဒေါက်တာသာမြ နှင့် ဒေါ်ခင် ပု လိုက်နာကြောင်း တွေ့ရသည်။ ယင်းစီရင်ထုံးတွင် “ စွန့်ပစ်ခြင်းအတွက် သတ်မှတ်ထားသည့် အချိန်ကာလ ကုန်လွန်သွားသော်လည်း ထိမ်းမြားလက်ထပ်မှုသည် အလို အလျောက် ပျက်ပြယ်မသွားပေ။ စွန့်ပစ်ခြင်းခံရ သူ ကလည်း ထိမ်းမြားခြင်းကို ပျက်ပြယ်လိုသည့်ဆန္ဒ တုံ့ပြန်မှုပြုရန်အတွက် အချိန်ကာလ သတ်မှတ်ထားခြင်း မရှိ ပေ” ဟု ထုံးဖွဲ့ထားသည်။

အချုပ်အားဖြင့်ရေးရသော် လင်နှင့်မယားတို့သည် တစ်ဦးက တစ်ဦးအား ဆိုခဲ့သည့် နှစ်အပိုင်းအခြား အတိုင်း စွန့်ပစ်ထားရုံမျှဖြင့် ထိမ်းမြားမှု အလိုလို မပြတ်စဲ မပျက်ပြယ်ပေ။ စွန့်ပစ်ခြင်းခံရသူက ထိမ်းမြားမှုကို ပျက်ပြယ် လိုပါက ပျက်ပြယ်အောင် ပြုနိုင်ခွင့်ပေးထားခြင်းမျှဖြစ်သည်။ ပြစ်မှုကျုးလွန်သူ သို့မဟုတ် စွန့်ပစ်ထွက်သွားသူ၌ ၎င်း၏ ဆန္ဒတစ်ခုတည်းဖြင့် ကွာရှင်းနိုင်ခွင့်မရှိပေ။ စွန့်ပစ်ခြင်းခံရသူက ကွာရှင်းလိုမှသာလျှင် ကွားရှင်းနိုင်ပေ သည်။

“ မောင်ဖိုးညွန့် နှင့် မစောတင် ( ၃ ရန်ကုန် ၁၆၀ ) “ ၌ မယားဖြစ်သူက ကွာလိုမှုစွဲဆိုရာတွင် ၎င်း၏ ယောကျာ်း က မယားကြီးနှင့် ကွာရှင်းပြီးပြီဟု လိမ်လည်လှည့်ဖြားခဲ့ပါသည်ဟု အကြောင်းပြချက်တစ်ခု တင်ပြခဲ့သော်လည်း လင်ဖြစ်သူက သုံးနှစ်စွန့်ပစ်ထားသည့် ပြစ်မှုအပေါ် မူတည်ပြီး ကွာရှင်းခွင့်ရသွားသည့်အမှုဖြစ်သည်။

( ဦးမြစိန် ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအခြေခံမူများ ၊ ၂၀၁၁ ၊ စာ ၆၀) ။ ဓာတ်ပုံ-အင်တာနက် ။ #DVBlawlab

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

လူမျိုးခြားနဲ့ဘယ်လိုတရားဝင်လက်ထပ်နိုင်မလဲ ဒီတော့ အသုံးလိုသူတွေသိရအောင် သိသလောက်လေး စုတင်ပေးမယ်နော်။

လူမျိုးခြားနဲ့ဘယ်လိုတရားဝင်လက်ထပ်နိုင်မလဲ ဒီတော့ အသုံးလိုသူတွေသိရအောင် သိသလောက်လေး စုတင်ပေးမယ်နော်။

1. လူမျိုးခြား ဗုဒ္ဓဘာသာတူ လူမျိုးခြားနဲ့ လက်မှတ်ထိုးတဲ့အခါ ခရိုင်ရုံးက တရားသူကြီတွေဆီမှာပဲ လက်မှတ်ထိုးလို့ ရပါတယ်။ ခရိုင်းရုံး မှာ လက်မှတ်ထိုးမယ်ဆို ဗုဒ္ဓဘာသာချင်း တူဖို့တော့လိုပါတယ်။ လူမျိုးခြားက ဗုဒ္ဓဘာသာပြောင်းပေးရင်သာ အဆင်ပြေမှာပါ။ ဗုဒ...

လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း

လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း

(၁)ကျမတို့လင်မယားလက်ထပ်တာလေးငါးလပဲရှိပါသေးတယ်ရှင်လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း ကျမမှဘာအပြစ်မှ မရှိဘဲ ဒင်း အိမ်ကထွက်သွားပါတယ်…ပတ်ဝန်းကျင်မှာ အရှက်ရစေတဲ့အတွက် ဒင်းကို ဥပဒေအရ ဘယ်လိုအရေးယူရမလဲ ???(၂)ကျမတို့လင်မယားမှာကလေးတစ်ယောက်ရှိပါတယ်…...

တစ်လင်တစ်မယားဥပဒေ

တစ်လင်တစ်မယားဥပဒေ

အမျိုးသားက နောက်တစ်ယောက်နဲ့ ဖောက်ပြန်ပြီး တစ်နေရာမှာနေပါတယ် ။ ရဲစခန်းမှာ တစ်လင်တစ်မ  ယားဥပဒေနဲ့ အမှုဖွင့်တော့ ကျွန်မကို သက်သေပြခိုင်းပါတယ် ။ သူနေတဲ့နေရာက ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျွန်မအမျိုးသား နောက်မိန်းမနဲ့ နေထိုင်ကြောင်း ထောက်ခံစာသွားတောင်...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate