စလစ်မြေ အကြောင်း

17-Nov-21 အခြား
စလစ်မြေ အကြောင်း

ဒီနေ့တောင်ဒဂုံမှာ စာချုပ်ချုပ်ပေးခဲ့ပါတယ်။

 

မြေကတော့ စလစ်မြေ ပါ။

 

 

စလစ်မြေ အကြောင်း

 

ဗဟုသုတရရန်အတွက်  ဖော်ပြပေးလိုက်ပါတယ်။

 

ယနေ့ခေတ်မှာ ဂရန်မြေ က စျေးများတာရယ် အမည်ပြောင်း 
ဝယ်ခွန်ဆောင်ရတာရယ်ကြောင့် အချို့က စလစ်မြေ ကို
 ရွေးချယ် ဝယ်ယူကြတာတွေ လည်း ရှိကြပါတယ်။

 

စလစ်မြေ ဆိုတာ တိုးချဲ့ မြို့မြေ , လယ်ယာမြေ အစား 
အစားထိုးချပေးတဲ့မြေ နဲ့ မြို့နယ် ​မြေစာရင်းက စလစ် ထုတ်ပေးပြီး 
အမည်ပေါက်နေထိုင်ခိုင်းတဲ့ ​မြေ ပဲဖြစ်ပါတယ်.. မြေပြေစာ ထွက်ပါတယ်။

 

အရွယ်အစားကတော့ လက်ဖဝါးအရွယ် ဝါကျင့်ကျင့်အရောင်ပါ။

 

အဲ့ဒီ စလစ်စာရွက်နောက်ကျောမှာ မြေကွက်ချထားပေးတဲ့ဌာန ၊ 
ဥပမာ - မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန 
ရုံးအမည် တံဆိပ်အဝိုင်း နှင့် တာဝန်ခံအရာရှိ ရဲ့ လက်မှတ် ပါရှိပါတယ်။

 

(အောက်တွင်ဖော်ပြပေးထားပါတယ်။)

 

စလစ်မြေမဝယ်ခင် စလစ်မှာပါတဲ့ အမည် ပေါက် မည်သူ မည်ဝါ နဲ့ 
ရောင်းသူနဲ့ မည်သို့တော်စပ်သလဲ...သို့မဟုတ်
စပ်ဆက်စာချုပ် အဆက်ဆက် နဲ့ မြေရာဇဝင် ကို သိဖို့လိုပါတယ်။

စလစ်ဟောင်းများ ၊ မိတ္တူကူးထား သော စလစ်များနှင့်
စလစ် အမည်ပေါက်သူ မဟုတ်ဘဲ

တစ်ဆင့်ခံရောင်းချခြင်းများ ရှိနေသောကြောင့်

နစ်နာမှုမရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား ၊

စာရွက်စာတမ်းများကို သေချာစိစစ် ဝယ်ယူသင့်ပါတယ်။

 

စလစ်သည် အတု ဟုတ် ၊ မဟုတ် သက်ဆိုင်ရာ မြေစာရင်းမှာ စစ်ဖို့လိုသလို
ရောင်းသူ လက်ရောက်ပိုင်ဆိုင်ခြင်း ရှိ ၊ မရှိ သွားစစ်ဆေးဖို့လည်း လိုပါတယ်..

 

စလစ်မြေ ကို လွှဲပြောင်းရောင်းချသည့်အခါမှာ စာချုပ်စာတမ်း 
မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါ ၊ 
အရပ်စာချုပ် (အရောင်းအ၀ယ်ကတိစာချုပ်) ဖြင့်သာ 
ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။

 

စလစ်မြေကို အမည်တိုက်ရိုက် ပြောင်းလို့မရပါ ပါမစ်မြေဂရမ်မြေ စသည့်
မြေအမျိုးမျိုးကို အရင်လျှောက်ထားရပါတယ်၊  အရောင်းအ၀ယ်စာချုပ်မှုရင်း နဲ့ 
စလစ်မှုရင်း ကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာ မြေစီမံခန့်ခွဲရေးဌာနမှာ 
အရင်သွားရောက်လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ ၊ ဂရမ်မြေ အဖြစ်
 အဆင့်ဆင့်ထပ်လျှောက်ထားနိုင်ပါတယ်။

 

စာချုပ် ချုပ်တဲ့အခါ မြေတိုင်း ပြီး သေချာ ချုပ်ပါ  ဖော်ပြလိုက်ပါတယ်

 

Crd: ဥပဒေရေးရာ

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate