စာချုပ်ချုပ်ရာတွင် စာချုပ်တွင်ရေးသားထားသော ဥပဒေနဲ့ညီသော အချက်အလက်များထည့်သွင်းချုပ်ဆိုခြင်းနှင့်တခြားဆောင်ရွက်ရမည့်အချက်များ

စာချုပ်ချုပ်ရာတွင် စာချုပ်တွင်ရေးသားထားသော ဥပဒေနဲ့ညီသော အချက်အလက်များထည့်သွင်းချုပ်ဆိုခြင်းနှင့်တခြားဆောင်ရွက်ရမည့်အချက်များ
စာချုပ်ချုပ်ရာတွင် စာချုပ်တွင်ရေးသားထားသော ဥပဒေနဲ့ညီသော အချက်အလက်များထည့်သွင်းချုပ်ဆိုခြင်းသည် အရေးကြီးတာမှန်ပေမယ့်
တခြားဆောင်ရွက်ရမည့်အချက်များမှာ
မိမိ ဝယ်ယူထားသော မြေကွက် အဆောက်အအုံကို လက်ဝယ်ရရှိထားရန် အထူးလိုအပ်ပေသည်။
ဝယ်ထားပြီးမြေကွက်ကိုပစ်ထား၍
မဖြစ်ပါ။ 
မြေကွက်ကို ရှင်းလင်း ခြင်း၊
မကြာခဏ သွားရောက်ကြည့်ရှုခြင်း၊
ဘေးခြံနီးချင်းအား မိမိပိုင်ဖြစ်ကြောင်း အသိပေး၍ စောင့်ရှောက်စေခြင်းများ အမြဲမပြတ်ရှိရန် လိုအပ်ပေသည်။ 
သို့မှသာ ထပ်မံရောင်းချခြင်း ကိစ္စရပ်များမှ ရှောင်ရှားနိုင် မည်ဖြစ်သည်။
ပါမစ်မြေဆိုလျှင်လည်း စာရွက်စာတမ်းစုံလင်ခြင်းရှိမရှိ၊ မြေကွက်ပါမစ် စာရွက်စာတမ်း များသည် အမှန်အကန် ဟုတ်မဟုတ်ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွင် စုံစမ်းပြီးမှ အရောင်းအဝယ်ပြုလုပ်သင့်သည်။
 စာချုပ်စာတမ်းများဖြင့် ရောင်းချရာတွင် မြေအဆောက်အအုံ ပိုင်ဆိုင်ခွင့်ကို 
ဦးစွာပဋိညာဉ်ပြုဝယ်သူအား ဦးစားပေးဆုံးဖြတ်ရမည် " ဟု 
စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် ဖော်ပြထားပေသည်။
စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် မှတ်ပုံတင် စာချုပ်တစ်ရပ်၏ အကျိုးသက်ရောက်သော အချိန်မှာ မှတ်ပုံတင်သည့် အချိန်မဟုတ်ဘဲ မှတ်ပုံတင်ရန်လိုအပ်သည့် စာချုပ် စာတမ်းဖြစ်စေ၊ မှတ်ပုံတင်ရန်မလိုအပ်သည့် စာချုပ်စာတမ်းဖြစ်စေ စတင်ချုပ်ဆိုသည့် အချိန်ဖြစ်သည်  ဟုပြဋ္ဌာန်းထားသည်။
ထို့ကြောင့် မိမိချုပ်ဆို ထားသော မြေအရောင်းအဝယ် စာချုပ်သည် အခြားသူက ဝယ်ယူ ထားသည်ဆိုသော အရောင်းအဝယ် စာချုပ်ထက် စောသည့်နေ့ရက်၌ အရောင်းအဝယ်ပြု ချုပ်ဆိုထားပါက အခွင့်အရေးရပိုင်ခွင့် ရှိပါသည်။ 
သို့ဖြစ်၍ အိမ်ခြံမြေတိုက်ခန်းဝယ်ရာတွင် အဝယ်ထပ်နေပါက ဦးစွာ စာချုပ်စာတမ်းချုပ်ဆို ဝယ်ယူထားသူကသာ ရပိုင်ခွင့်ရှိကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate