မိဘအမွေ

ကျွန်မတို့မိဘတွေက ဟိန္ဒူဘာသာ၀င်တွေပါ ။ 
မိဘတွေသေဆုံးသွားချိန်မှာ သားသမီး ၅ ယောက်အနက် အကိုတစ်ယောက်နဲ့ ညီမတစ်ယောက်ပဲကျန်ပါတယ် ။ 
ကျန်တဲ့ မောင်နှမတွေလည်း ဆုံးသွားပါပြီ။ သားသမီး တွေတော့ ကျန်ပါတယ် ။ အကိုဖြစ်သူက မိဘအမွေကို သမီးမိန်းကလေးတွေနဲ့မဆိုင်ဘူး၊မပေးနိုင်ဘူးလို့ ပြော နေပါတယ် ။ မိဘတွေက သေတမ်းစာ မရေးခဲ့ဘူးဆိုရင် မိဘတွေထားခဲ့တဲ့ အမွေတွေကို ကျန်ရစ်တဲ့ သားသမီး ၅ယောက် ညီတူမျှတူ ခွဲဝေရမှာလား ။ ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးစေချင်ပါတယ် ။
========================
မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေနဲ့က ကွဲပြားတယ်ဆိုတာ တစ် အချက်အနေနဲ့သိရပါ မယ်။ နောက် ၂ အချက်က မြန်မာနိုင်ငံတရားဥပဒေများအက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အမွေဆက်ခံရေး၊ ထိမ်မြားလက်ထပ်ရေး၊ မျိုးနွယ်ရေး၊ ဘာသာရေးတွေ အား လုံးကို ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရပဲ အဆုံးအဖြတ်ပြုရမှာဖြစ်ပါတယ်။ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေကို ကြည့် လိုက်ရင် ပူးတွဲပိုင်ဆိုင်တဲ့ မိသားစုပုံစံကို အခြေခံထားပါတယ်။ အဲ့တော့ အမွေရှင်ရဲ့သား၊ သူ့သားရဲ့သား၊ မြေး ဖြစ်တာပေါ့။ သားရဲ့ သားရဲ့သား၊ မြစ် အဲလိုမျိုးပုံစံနဲ့ မိသားစုတွေက သွေးတူတဲ့ ပုံစံမျိုးဖြစ်ကြပြီးတော့ အမွေ ရှင်ရဲ့ အမွေကို သွေးတူသူတွေက ဆက်ခံတာဖြစ်တယ်။  အဲဒါက ဒုတိယအချက်ပေါ့။ 
အဲ့တော့ မေးခွန်းအရ ကွယ်လွန်တဲ့သားသမီးတွေက မိဘတွေနောက်မှာ ကွယ်လွန်ရင်တော့ သေတဲ့သူတွေရဲ့ သားသမီးမြေး၊ မြစ်တွေက အမွေဆက်ခံခွင့်ရမယ်။ ဒါပေမဲ့ မိဘတွေအရင် ကွယ်လွန်ရင်တော့ ကိုယ်စားပြု ဆက်ခံနိုင်ခွင့် မရှိတဲ့အတွက်ကြောင့် အမွေမရနိုင်ပါဘူး။ နောက်တစ်ခါ ဟိန္ဒူတွေရဲ့ ဓလေ့ထုံးတမ်းက ခုနက ပြောတဲ့ သားရဲ့သားရဲ့သား ဆိုတဲ့အတိုင်းပဲ သားယောက်ျားလေးဖြစ်တဲ့ အစ်ကို ရှိနေတဲ့အတွက်ကြောင့် မို့လို့  သမီးမိန်းကလေးဖြစ်တဲ့ ညီမဖြစ်တဲ့သူက အမွေရခွင့် မရှိပါဘူးလို့ပဲဖြေကြားချင်ပါတယ်။ 
Crd 
(Dvb law lab )ကူးယူဖော်ပြပါသည်။ 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

မောင်နှမ(၃)ယောက်ကဘယ်လိုပြန်ပြီး ပိုင်ဆိုင်ဖို့ ကြိုးစားရမလဲ

ကျနော်တို့မောင်နှမတွေအနေနဲ့မိဘဖြစ်သူရဲ့အမွေကိုလုံးဝမရခဲ့ပါဘူး။ ကိုယ့်မိဘကိုယ်တိုင်က သူစိမ်းတစ်ယောက်ကိုအမွေပစ္စည်းအားလုံးပေးကမ်းလိုက်လို့ပါ။ အဲ့ဒါနဲ့ပတ်သက်ပြီး အခုတော့မိဘတွေလည်း မရှိကြတော့တဲ့အချိန်မှာ အဲ့ဒီအမွေကို ကျနော်တို့ မောင်နှမ(၃)ယောက်ကဘယ်လ...

ပိုင်ဆိုင်မှုမှန်သမျှ သမီးအမည်ပေါက်နဲ့ လုပ်ထားပါတယ် သမီးလေးဆုံးပါးသွားတော့  သားမက်ဖြစ်သူက သူ့အိမ်ပိုင်ဆိုပြီး ခြိမ်းခြောက်မူ ဒီကိစ္စမှာ ဥပဒေအရ ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ

ပိုင်ဆိုင်မှုမှန်သမျှ သမီးအမည်ပေါက်နဲ့ လုပ်ထားပါတယ် သမီးလေးဆုံးပါးသွားတော့ သားမက်ဖြစ်သူက သူ့အိမ်ပိုင်ဆိုပြီး ခြိမ်းခြောက်မူ ဒီကိစ္စမှာ ဥပဒေအရ ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ

ကျွန်တော့မှာ သားသမီး ၆ ယောက်ရှိပါတယ် ။ သမီးလေးက တစ်ယောက်ထဲပဲ ပါလို့ ပိုင်ဆိုင်မှုမှန်သမျှ သမီးအမည်ပေါက်နဲ့ လုပ်ထားပါတယ် ။ သမီးကအိမ်ထောင်ကျပြီး မြေးတစ်ယောက်ကျန်ခဲ့ပါတယ် ။ ကံအား လျှော်စွာ သမီးလေးဆုံးပါးသွားခဲ့ရပါတယ် ။ အခုတော့ သားမက်ဖြစ်သူက သူ့အိမ်ပိုင်...

အမွေအကြောင်း

မြန်မာဓလေ့ထုံးထမ်းဥပဒေအရ  သေဆုံးသူတွင် ခင်ပွန်း၊ သားသမီး၊ မြေး၊ မြစ်နှင့် ညီအစ်ကို မောင်နှစ်မ စသည့် အမွေဆိုင်များ မကျန်ရစ်လျှင် သေသူ၏ အမွေကို၎င်း၏ မိဘများကဆက်ခံခွင့်ရှိပါသည်။သေဆုံးသူတွင် ခင်ပွန်း၊ ဇနီး ကျန်ရစ်သော်လည်း  သားသမီးထွန်းကားခြင်းမ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate