မိဘ အမွေ

ကျွန်မတို့ မိဘတွေက ဟိန္ဒူ ဘာသာ၀င် တွေပါ ။ မိဘတွေ သေဆုံး 

သွားချိန်မှာ သားသမီး ၅ ယောက်အနက် အကို တစ်ယောက်နဲ့ ညီမ တစ်ယောက်ပဲ 

ကျန်ပါတယ် ။ ကျန်တဲ့ မောင်နှမ တွေလည်း ဆုံးသွား ပါပြီ ။ သားသမီး 

တွေတော့ ကျန်ပါတယ် ။ အကို ဖြစ်သူက မိဘ အမွေကို သမီး မိန်းကလေး တွေနဲ့ မဆိုင်ဘူး ၊ 

မပေးနိုင် ဘူးလို့ ပြော နေပါတယ် ။ မိဘတွေက သေတမ်းစာ မရေးခဲ့ဘူးဆိုရင် 

မိဘတွေ ထားခဲ့တဲ့ အမွေတွေကို ကျန်ရစ်တဲ့ သားသမီး  ၅ယောက် ညီတူမျှတူ  ခွဲဝေ ရမှာလား ။ 

ဘယ်လို လုပ်ရမလဲ ဆိုတာကို ပြောပြပေးစေချင် ပါတယ် ။

 

========================

 

မြန်မာ ဓလေ့ ထုံးတမ်း ဥပဒေနဲ့ ဟိန္ဒူ ဓလေ့ ထုံးတမ်း ဥပဒေနဲ့က ကွဲပြားတယ် ဆိုတာ 

တစ် အချက် အနေနဲ့သိရပါ မယ် ။ နောက် ၂ အချက်က မြန်မာနိုင်ငံ တရား ဥပဒေများအက်ဥပဒေ 

ပုဒ်မ ၁၃ ( ၁ ) အရ  မြန်မာ နိုင်ငံ အတွင်းမှာ ရှိနေတဲ့ ဟိန္ဒူ ဘာသာဝင် တွေရဲ့ အမွေ ဆက်ခံရေး ၊ 

ထိမ်မြား လက်ထပ်ရေး ၊ မျိုးနွယ်ရေး ၊ ဘာသာရေးတွေ အားလုံးကို ဟိန္ဒူဓလေ့ ထုံးတမ်း 

ဥပဒေအရပဲ အဆုံးအဖြတ် ပြုရမှာ ဖြစ်ပါတယ် ။ ဟိန္ဒူ ဓလေ့ ထုံးတမ်း ဥပဒေကို ကြည့်လိုက်ရင် ပူးတွဲ 

ပိုင်ဆိုင်တဲ့ မိသားစု ပုံစံကို အခြေခံ ထားပါတယ် ။ အဲ့တော့ အမွေရှင်ရဲ့ သား ၊ သူ့သားရဲ့ သား ၊ 

မြေး ဖြစ်တာပေါ့ ။ သားရဲ့ သားရဲ့သား ၊ မြစ် အဲလို မျိုးပုံစံနဲ့ မိသားစုတွေက သွေးတူတဲ့ ပုံစံမျိုး ဖြစ်ကြ 

ပြီးတော့ အမွေ ရှင်ရဲ့ အမွေကို သွေးတူသူတွေက ဆက်ခံတာ ဖြစ်တယ် ။  အဲဒါက ဒုတိယ အချက်ပေါ့ ။ 

အဲ့တော့ မေးခွန်းအရ ကွယ်လွန်တဲ့ သားသမီးတွေက မိဘတွေ နောက်မှာ ကွယ်လွန် ရင်တော့ သေတဲ့ သူတွေရဲ့  

သား သမီး မြေး ၊ မြစ်တွေက အမွေဆက်ခံ ခွင့်ရမယ် ။ ဒါပေမဲ့ မိဘတွေအရင် ကွယ်လွန် ရင်တော့ 

ကိုယ်စားပြု ဆက်ခံ နိုင်ခွင့် မရှိတဲ့ အတွက်ကြောင့် အမွေ မရနိုင်ပါဘူး ။ နောက်တစ်ခါ 

ဟိန္ဒူတွေရဲ့  ဓလေ့ ထုံးတမ်းက ခုနက ပြောတဲ့ သားရဲ့ သားရဲ့သား ဆိုတဲ့ အတိုင်းပဲ သား ယောက်ျားလေး ဖြစ်တဲ့ 

အစ်ကို ရှိနေတဲ့ အတွက်ကြောင့် မို့လို့  သမီး မိန်းကလေး ဖြစ်တဲ့ ညီမဖြစ်တဲ့ သူက အမွေရခွင့် မရှိပါဘူးလို့ပဲ 

ဖြေကြား ချင်ပါတယ် ။ 

Crd 

(Dvb law lab )ကူးယူ ဖော်ပြ ပါသည် ။ 

#ဥပဒရေးရာ #ဟိန္ဒူအမွေဆက်ခံရေး

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate