ကျွန်မတို့ မိဘ တွေက ဟိန္ဒူ ဘာသာ၀င် တွေပါ ။ မိဘတွေ သေဆုံး သွားချိန်မှာ သားသမီး ၅ ယောက် အနက် အကို တစ်ယောက် နဲ့ ညီမတစ်ယောက် ပဲကျန် ပါတယ် ။

ကျွန်မတို့ မိဘတွေက ဟိန္ဒူ ဘာသာ၀င် တွေပါ ။ မိဘတွေ သေဆုံး သွားချိန်မှာ သားသမီး ၅ ယောက်အနက် အကို တစ်ယောက်နဲ့ ညီမ တစ်ယောက်ပဲ ကျန်ပါတယ် ။ ကျန်တဲ့ မောင်နှမ တွေလည်း ဆုံးသွား ပါပြီ ။ သားသမီး တွေတော့ ကျန်ပါတယ် ။ အကိုဖြစ်သူက မိဘ အမွေကို သမီးမိန်းကလေး တွေနဲ့ မဆိုင်ဘူး ၊ မပေး နိုင်ဘူးလို့ ပြော နေပါတယ် ။ မိဘတွေက သေတမ်းစာ မရေးခဲ့ ဘူးဆိုရင် မိဘတွေ ထားခဲ့တဲ့ အမွေတွေကို ကျန်ရစ်တဲ့ သားသမီး ၅ ယောက် ညီတူမျှတူ ခွဲဝေရ မှာလား ။ ဘယ်လို လုပ်ရမလဲ ဆိုတာကို ပြောပြပေးစေချင်ပါတယ် ။
========================
မြန်မာ ဓလေ့ ထုံးတမ်း ဥပဒေနဲ့ ဟိန္ဒူ ဓလေ့ ထုံးတမ်း ဥပဒေနဲ့က ကွဲပြားတယ် ဆိုတာ တစ် အချက်အနေနဲ့ သိရပါမယ် ။ နောက် ၂ အချက်က မြန်မာနိုင်ငံ တရားဥပဒေ များ အက်ဥပဒေ ပုဒ်မ ၁၃ ( ၁ ) အရ မြန်မာ နိုင်ငံအတွင်းမှာ ရှိနေတဲ့ ဟိန္ဒူ ဘာသာဝင် တွေရဲ့ အမွေ ဆက်ခံရေး ၊ ထိမ်မြား လက်ထပ်ရေး ၊ မျိုးနွယ်ရေး ၊ ဘာသာရေး တွေ အားလုံးကို ဟိန္ဒူဓလေ့ ထုံးတမ်း ဥပဒေအရပဲအဆုံးအဖြတ် ပြုရမှာ ဖြစ်ပါတယ် ။ ဟိန္ဒူဓလေ့ ထုံးတမ်း ဥပဒေကို ကြည့်လိုက်ရင် ပူးတွဲ ပိုင်ဆိုင်တဲ့ မိသားစု ပုံစံကို အခြေခံထားပါတယ် ။ အဲ့တော့ အမွေရှင်ရဲ့သား ၊ သူ့သားရဲ့သား၊ မြေး ဖြစ်တာပေါ့ ။ သားရဲ့ သားရဲ့သား ၊ မြစ် အဲလိုမျိုး ပုံစံနဲ့ မိသားစုတွေက သွေးတူတဲ့ ပုံစံမျိုးဖြစ် ကြပြီးတော့ အမွေ ရှင်ရဲ့ အမွေကို သွေးတူ သူတွေက ဆက်ခံတာ ဖြစ်တယ် ။ အဲဒါက ဒုတိယ အချက်ပေါ့ ။
အဲ့တော့ မေးခွန်းအရ ကွယ်လွန်တဲ့ သားသမီးတွေက မိဘတွေ နောက်မှာ ကွယ်လွန် ရင်တော့ သေတဲ့ သူတွေရဲ့ သား သမီးမြေး ၊ မြစ်တွေက အမွေ ဆက်ခံ ခွင့်ရမယ် ။ ဒါပေမဲ့ မိဘတွေအရင် ကွယ်လွန် ရင်တော့ ကိုယ်စားပြု ဆက်ခံနိုင်ခွင့် မရှိတဲ့ အတွက်ကြောင့် အမွေမရနိုင်ပါဘူး ။ နောက်တစ်ခါ ဟိန္ဒူတွေရဲ့ ဓလေ့ထုံးတမ်းက ခုနက ပြောတဲ့ သားရဲ့ သားရဲ့ သား ဆိုတဲ့ အတိုင်းပဲ သားယောက်ျား လေးဖြစ်တဲ့ အစ်ကို ရှိနေတဲ့ အတွက်ကြောင့် မို့လို့ သမီး မိန်းကလေး ဖြစ်တဲ့ ညီမဖြစ်တဲ့သူက အမွေရခွင့် မရှိပါဘူးလို့ပဲ ဖြေကြား ချင်ပါတယ် ။
Crd
(Dvb law lab )ကူးယူဖော်ပြပါသည်။
Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...