စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌မြေကွက်အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရာတွင်တင်ပြရမည့့်အထောက်အထားများ

စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌မြေကွက်အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရာတွင်တင်ပြရမည့့်အထောက်အထားများ
စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌မြေကွက်အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရာတွင်တင်ပြရမည့့်အထောက်အထားများ
၁။ မြေငှားဂရန်မူရင်း(သို့)မြေပိုင်မြေဖြစ်ကပိုင်ဆိုင်မှုစာချုပ်မူရင်း
၃။ ကာလတန်ဖိုးစီစစ်ရေးအဖွဲ့မှသက်မှတ်ထားသည့်တန်ဖိုးအတွက်ထမ်းဆောင်ထားသည့်ငွေသွင်းချလန်မူရင်းနှင့်အခွန်တံဆိပ်ခေါင်းများ
ရုံးခွန်တံဆိပ်ခေါင်းရရှိရေးအတွက်
(က) သက်ဆိုင်ရာကာလတန်ဖိုးစီစစ်သက်မှတ်ရေးအဖွဲ့သို့ဂရန်(သို့)မြေပိုင်မြေပိုင်ဆိုင်မှုစာချုပ်၊အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုရန်မြေပုံရာဇ၀င်၊မြေကွက်ဓာတ်ပုံ(၃)ပုံ(ရှေ့၊ဝဲ၊ယာ)၀ယ်ယူသူ၏နိုင်ငံသားကတ်နှင့်အိမ်ထောင်စုစာရင်း၊ခင်ပွန်း(သို့)ဇနီးနှင့်မိဘများကွယ်လွန်ကမှတ်ပုံတင်သွင်းထားသည့်အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်၊အရောင်းအ၀ယ်ကတိစာချုပ်၊ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ကအထူးကိုယ်စားလှယ်လွှဲစာ၊ယင်းတို့၏မိတ္တူ(၆)စုံတင်သွင်းရပါမည်။
(ခ) တိုင်းကာလတန်ဖိုးစိစစ်သက်မှတ်ရေးအဖွဲ့မှနှစ်ပတ်အတွင်းမြေကွက်အတွက်တန်ဖိုးသက်မှတ်ပြီးကသက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဋ္ဌာနတွင်(၁၃.၈.၂၀၁၂)ရက်နေ့မှစ၍တံဆိပ်ခေါင်းခွန်(၇%)နှင့့်၀ယ်ခွန်(၃%)အတွက်ချလန်ရေးသွင်း၍သက်ဆိုင်ရာဘဏ်တွင်ငွေသွင်းရပါမည်။(အချိန်နှင့်အမျှပြောင်းလဲမှုရှိနိုင်ပါမည်။)ယင်းဘဏ်ချလန်ဖြင့်မြို့နယ်အခွန်ရုံးတွင်တံဆိပ်ခေါင်းများထုတ်ယူရပါမည်။မြို့နယ်အခွန်ရုံးမှ၀င်ငွေခွန်ဥပဒေပုဒ်မ ၅၃ အရ အခွန်တောင်းခံလွှာ ပတစ(၀င)-၈ ထုတ်ပေးပါသည်။
မှတ်ချက်။  ။ မြေတန်ဖိုးသိန်း၁၀၀၀ကျော်ကနေပြည်တော်ရှိသက်ဆိုင်ရာငှာန၏အတည်ပြုချက်ရယူရပါမည်။
၄။ မြေကွက်အရောင်းအ၀ယ်စာချုပ်(၁)စောင်
၅။ ရောင်းသူ၊၀ယ်သူနှင့်သက်သေနှစ်ဦးတို့၏နိုင်ငံသားစီစစ်ရေးကတ်မူရင်း
၆။ ကိုယ်စားလှယ်လွှဲစာဖြင့်ချုပ်ဆိုကပေးအပ်ထားသည့်ကိုယ်စားလှယ်လွှဲစာ(SP/GP)ပေးသူယနေ့တိုင်သက်ရှိထင်ရှားရှိကြောင်းနှင့်ယင်းကိုယ်စားလှယ်လွှဲစာအားပြန်လည်မရုတ်သေးခြင်းမှာမှန်ကန်ကြောင်းတရားရုံးကျမ်းကျိန်လွှာမူရင်း
၇။ ကိုယ်စားလှယ်လွှဲစာအားကန့်ကွက်ချက်ရှိကြောင်းစာချုပ်ရုံးတာ၀န်ခံ၏ထောက်ခံချက်စသည်တို့ဖြစ်ပါသည်။
၈။ ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်မှာရန်ကုန်/မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းဖြစ်ကကာလတန်ဖိုးအပေါ်တံဆိပ်ခေါင်းခွန်(၇%)ထမ်းဆောင်ရန်၊ကျန်ဒေသများအားလုံးကာလတန်ဖိုးအပေါ်တံဆိပ်ခေါင်းခွန်(၅%)ထမ်းဆောင်ရပါမည်။
(အချိန်နှင့်အမျှပြောင်းလဲမှုရှိနိုင်ပါသည်။)
မိမိတို့၏ပိုင်ရေးဆိုင်ခွင့်လေးကိုဥပဒေနှင့်အညီရယူနိုင်ပါစေလို့ရည်ရွယ်ရင်းးးး
ရေးသားသူဆရာမ ဒေါ်လှလှမော်
ကူးယူဖော်ပြပါသည်။ 
(စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတည်နေရာရန်ကင်းမိုးကောင်းဘုရားမှတ်တိုင်အနီး ကံဘဲ့ဘူတာရုံလမ်း)

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate