မြေကွက်ဝယ်ဖို့လိုအပ်တာတွေ

မြေကွက်ဝယ်ဖို့လိုအပ်တာတွေစစ်ပေးဖို့အကျိုးဆောင်ပေးပါလို့ အရင်ရက်တွေထဲက
တောင်းဆိုထားတဲ့
မိတ်ဆွေလင်မယားနဲ့ 
မြေကွက်ရှိရာရွှေပေါက်ကံမြို့နယ်ကိုဒီနေ့
ရောက်ခဲ့ပါတယ်။ 
မိတ်ဆွေလင်မယားက တော်တော်ရိုးသားကြတာ ဖုန်းပြောကတည်းက သတိထားမိထားတော့
ငါတော့ရောင်းသူကိုပုလိပ်စစ်စစ်ရမယ်လို့တော့ တွေးထားတယ်။ 
မြေကွက်နေရာရောက်တော့ ရပ်ကွက်အလည်ခေါင်မြေကွက်လပ်ကြီး အဲ့ဒီထဲကပိုင်းရောင်းတာပြောပါတယ်။ 
မြင်ရတာတော့ စားကျက်မြေလိုလို 
မီးသတ်မြေလိုလို ကျောင်းမြေလိုလိုဆိုတော့ ရောင်းသူလာမှသူဘာပြနိုင်လဲကြည့်ရမယ်တွေးထားတယ်။ 
ရောင်းသူကမလာသေးတော့ ဘေးနားပတ်ဝန်းကျင် လိုက်မေးတယ်။ 
တစ်ယောက်ကပြောတယ်ကျောင်းမြေတဲ့။ 
နောက်တစ်ယောက်ကလည်းကျောင်းမြေဆိုတော့ မဖြစ်တော့ဘူး 
အုပ်ချုပ်ရေးမှူးရုံးသွားမေးမှတွေးပြီး
ရုံးစုံစမ်းတော့ ညနေမှဖွင့်မယ်တဲ့ 
ဒါဆိုအုပ်ချုပ်ရေးမှူးအိမ်ကို လိုက်တယ်။ 
အိမ်မရောက်ခင် တရားရုံးချုပ်ရှေ့နေဆရာကြီး တစ်ယောက်အိမ်တွေ့တော့ 
ဝင်မေးကြည့်တော့ သူကိုယ်တိုင်ကျောင်းမြေမှာကျူးနေတဲ့လူတွေကို ဖယ်ဖို့ ခရိုင်ကို စာတင်ထားတယ် ကျန်တာတော့ ခင်ဗျားတို့ ကိစ္စလို့ပြောပါတယ်။ 
မြေကွက်နေရာရောက်တော့ရောင်းသူကရောက်နေပြီ။ 
ပိုင်ဆိုင်မှုအထောက်အထားပြဆိုတော့ 
၁၉၉၈ကလှည်းကူးမြို့နယ်ကပြေစာတစ်ရွက်မိတ္တူပြတယ် 
ကျောင်းမြေလို့ပြောတော့ 
ကျမတို့ကအစိုးရဆီကပြန်ဝယ်ထားတယ် 
ဝယ်ထားတဲ့အထောက်ထားပြဆိုတော့
ခုနကလှည်းကူးပြေစာပဲထပ်ပြတယ်။ 
မယုံရင် သူ့အကိုမေးကြည့်ပါ 
သူတို့ပိုင်ပါတယ် ဆိုပြီးဆက်ပြောပါတယ်။ 
ဘာမှဆက်မပြောတော့ပဲ ပွဲကိုဖျက်ပြီး မိတ်ဆွေတွေနဲ့ကားပေါ်တက်ပြန်လာခဲ့ပါတယ်။ 
ကားပေါ်မှာကျေးဇူးတင်ကြောင်းတဖွဖွပြောပါတယ်။ 
ကျနော်ကအမတို့ ရိုးသားလို့ကို ကျနော်သေချာစစ်ရမယ်လို့မနေ့တည်းကတွေးထားပြီး လုပ်ပေးတာဖြစ်ကြောင်းပြောရင်း လမ်းခွဲခဲ့ပါတယ်။ 
မပေးပါနဲ့လို့ငြင်းတဲ့ကြားကပဲ 
ဥာဏ်ပူဇော်ခ ၁သိန်း ကန်တော့သွားပါတယ်။ 
မိတ်ဆွေများမသူတော်ဘေးကင်းဝေးကြပါစေ။

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate