ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား

  ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား
 ဒီလိုစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား "
            စာချုပ်တွင်  ကွက်လပ်များထား၍ လက်မှတ်ထိုး လက်ဗွေနှိပ်ခြင်း မပြုပါနှင့်။
          ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့် တရားစွဲဆိုနေကြခြင်း။
          ဥပဒေကို လက်တစ်လုံးခြားလုပ်၍ လိမ်လည်မှုဖြင့် တရားစွဲနေကြခြင်း။
         ငွေယုံကြည်အပ်နှံခြင်းကတိ စာချုပ်များကို စာချုပ်ရောင်းသော ဆိုင်တိုင်း၌ ဝယ်ယူလို့ရပါသည်။ ယင်းစာချုပ်တွင် ငွေယုံကြည်အပ်နှံသူနှင့် ငွေလက်ခံသူ ဟူ၍ စာချုပ်ချုပ်သူနှစ်ဦး ပါရှိပါသည်။
စာချုပ်တွင်ပါသည့် အကြောင်းအရာများမှာ တစ်ခုသောအကြောင်းအရာအတွက် ငွေလိုအပ်သဖြင့် ငွေတောင်းခံလာရာ  ၎င်းတောင်းငွေကို မေတ္တာဖြင့်အတိုးမယူဘဲ ကူညီကြောင်း  မည်သည့်နေ့တွင် ပြန်ပေးမည် ဖြစ်ကြောင်း  မပေးပါက ငွေပေးသူ၏ အစီအမံအတိုင်းလိုက်နာဆောင်ရွက်မည်ဟု ပါရှိပါသည်။
         ငွေယူသူကလည်း ငွေအရမ်းလိုနေ၍၎င်း  ငွေပေးသူသည် မတရားမလုပ်လေဟု ယုံကြည်၍၎င်း  စာချုပ်တွင် ကွက်လပ်များထား၍ မျက်စိမှိတ် လက်မှတ်ထိုးလိုက်သည်။
        မည်သူကအကျိုးအမြတ်မရဘဲ အတိုးငွေမရဘဲ ဒီငွေကို ယုံကြည်စွာ ပေးအပ်ပါမည်နည်း။ ငွေပေးရခြင်း အကြောင်းတရားသည်၄င်း ငွေပေးခြင်းမှ ပေါ်ပေါက်လာသော အက်ျိုးတရားသည်၄င်း ဤအမှုကို စိစိညက်ညက်ကျေအောင် တရားရုံးတွင် ချေဖျက်နိုင်ပါတော့သည်။
      လ နှင့် နှစ် နှင့် ချီ၍ တရားရုံး၌ ဖြေရှင်းရ၏။ ဤတွင် အမှုသည်ရော ရှေ့နေပါ ပင်ပန်းလိုက်ပါဘိ။ နောင်၌ ဒါမျိုးမရှိရလေအောင် မည်သို့လုပ်မည်နည်း။ စာချုပ်ချုပ်ပေးသည့်ရှေ့နေ တရားစွဲအဖွဲ့အစည်း ရဲစခန်း ဥပဒေရုံး တရားရုံးတို့က ဒီလိုအမှုမျိုးကို အမှုလုပ်၍ ဤသို့ဆောင်ရွက်ရသည်အထိ သယ်ဆောင်လာခြင်းကို ကျွန်တော်တို့ ထိန်းသိမ်းရပါမည်။
       ဒီလိုအမှုမျိုးတွေ ရဲစခန်း၌ အမှန်တရားဖော်ထုတ်ပြီးပြတ်စေရန်နှင့် အကယ်၍ တရားရုံးသို့ ရောက်လာလျှင်လည်း အမှန်တရားကို မှန်မှန်နှင့်မြန်မြန် ဖော်ထုတ်ပေးရန် လိုအပ်ပါသည်။
      ငွေထုတ်ပေးသူသည် ဥပဒေပညာရှင် မဟုတ်သည်က များသည် ။ ရှေ့နေနှင့်တိုင်ပင်၍ စာချုပ်ချုပ်သည်။ မမှန်မှန်းသိလျက် ရှေ့နေကလည်း စာချုပ်ချုပ်ပေးခြင်းများ ရှိပါသည်။ ဒီစာချုပ်မျိုးဖြင့် တစ်ခါ နှစ်ခါ လိမ်ချုပ်ပြီး နောက်ပိုင်းတွင် ရှေ့နေမလိုတော့ဘဲ လိမ်လည်စာချုပ်ချုပ်ဆိုသူများက ဥပဒေကို လက်တစ်လုံးခြား လိမ်လည်ရန် ကျွမ်းကျင်လာကြသည်။ မရှိဆင်းရဲသားများကို ဒုက္ခပေးရန် ပညာတတ်လာကြသည်။ 
       ငွေယူသူများသည် စာချုပ်ချုပ်လျှင် ငွေပေးသူအား ယုံကြည်စွာဖြင့် စာချုပ်တွင် ကွက်လပ်များထား၍ စာချုပ်မချုပ်ရန်နှင့်
အထူးသဖြင့် ငွေပမာဏကို ဂဏန်းနှင့်စာသားများအား မပြုပြင်နိုင်အောင် ရေးသားရန် ရက်စွဲမှစ၍ အကြောင်းအရာအမှန်ကို ရေးသားချုပ်ဆိုရန် သတိပေးနှိုးဆော်အပ်ပါသည်။ဖြစ်နိုင်ပါက ကိုယ့်ဘက်ရှေ့နေနှင့်တိုင်ပင်၍ ချုပ်ဆိုကြပါဟု တိုက်တွန်းအကြံပြုအပ်ပါသည်။
Credit ရေးသားသူ ဆရာဦးစန်းဝင်း
ကူးယူဖော်ပြပါသည်။

Related Posts

ငွေပေးတဲ့အခါတွေမှာ ကျုပ်က စာချုပ်နဲ. သေသေချာချာပေးတာ၊၊ ငွေပြန်မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံ.ခြင်း ဖောက်ဖျက်မှုနဲ. တရားစွဲလို.ရမရ သိချင်လို.ပါ။

ငွေပေးတဲ့အခါတွေမှာ ကျုပ်က စာချုပ်နဲ. သေသေချာချာပေးတာ၊၊ ငွေပြန်မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံ.ခြင်း ဖောက်ဖျက်မှုနဲ. တရားစွဲလို.ရမရ သိချင်လို.ပါ။

မိတ်ဆွေကြီး ကိုချစ်တီးပါလား၊ မတွေ.တာအတော်ကြာပြီနော်၊ ဝလို့ဖြိုးလို. ဝမ်းဗိုက်ကြီးတောင် ရွှဲလို.ပါလား၊ ကျန်မားရေးလည်း ဂရုစိုက်ဦးနော်ကိုချစ်တီး ။ ။ အခုလိုမျိုး သတိပေးတာ ကျေးဇူးတင်ပါတယ်ဗျာ၊ အရောက်အပေါက်နည်းသွားတာကအလုပ်တွေများနေလို.ပါ။ကျွန်ပ်။ ။ အလုပ်မျာ...

 ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။ တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။ အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။

ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။ တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။ အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။

မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။ တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။ အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။ ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့ ကိစ္...

တိုင်ချင်ရာတိုင်လို့ပြောနေတဲ့ ချေးငွေပြန်မပေးသူကို တရားစွဲလို့ ရ၊မရ

တိုင်ချင်ရာတိုင်လို့ပြောနေတဲ့ ချေးငွေပြန်မပေးသူကို တရားစွဲလို့ ရ၊မရ

တိုင်ချင်ရာတိုင်လို့ပြောနေတဲ့ ချေးငွေပြန်မပေးသူကို တရားစွဲလို့ ရ၊မရ====================================ဒါမျိုးကျတော့ငွေလိုချင်တဲ့သူက နည်းနည်းအကင်းပါးရတယ်။ တန်းမစွဲရဘူး ။ ဒါမျိုးကျတော့ သူက ကိုယ့်ဆီက ငွေချေးထားတယ် ပြန်မပေးဘူး။ တောင်းတော့လည်း တိုင်ချင်ရ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate