ဂရံမြေကို ဘယ်လိုလုပ်ဆောင်ရမလဲ

ကျွန်နော်က (10 X 60) ဂရံမြေကိုမိတ္တူခြမ်းဝယ်ထားသူပါ.
.မေးချင်တာက
ဘေးအိမ်ကနာမည်မပြောင်းရင် ကျွန်မပဲပြောင်းလို့ရသလား
နောင်အခါ ဘေးအိမ်လေးရောင်းလို့ ကိုယ်ပိုင်ပြီးအမည်ပေါက်ပြောင်းချင်ရင်ရောအရပ်စာချုပ်တွေနဲ့ အဆင်ပြေမလား?
တဆင့်ခံဖြစ်လို့ ဂရန်မူရင်းပိုင်ရှင်ကမရှိတော့ပါဘူး
လက်ရှိ နေထိုင်နေတဲ့ဘက်မှာဂရန်အမည်ပေါက်ထဲကမှတ်ပုံတင် နဲ့ မှတ်ပုံတင် မိတ္တူမှာ ၁၂/ ရောအနောက်ကမှတ်ပုံတင်အမှတ်ရောမှန်ပြီးအလယ်ကမြို့နယ်လွဲနေတာကရောပြသာနာရှိလားအမည်ပေါက်ပြောင်းရင်ရောအဲ့နေရာမှာပြသာနာရှိနိုင်သလား
လိုအပ်တာလေးတွေ ဖြေကြားပေးပါ။
ခွဲစိတ်ရန် လျှောက်ထားသော မြေကွက်အတိုင်းအတာသည် မျက်နှာစာတွင် အနည်းဆုံးပေ (၂၀×၆၀) ရှိရမည်ဖြစ်ပြီး ကျန်ရှိမြေကွက် ဧရိယာသည်လည်း အနည်းဆုံး ပေ(၂၀×၆၀) ရှိရမည်။
ခွဲစိတ်မည့်မြေကွက်အသုံးပြုရန်အတွက် အများပိုင်လမ်း (သို့) ကိုယ်ပိုင်လမ်းမရှိပါက အနည်းဆုံး ၁၀ပေ ချန်လှပ်မည့်လမ်း ပါရှိရမည်။
မြေကွက်ခွဲစိတ်မျဉ်းနှင့် မြေပြင်ရှိအဆောက်အအုံတိုက ကင်းလွတ်မှုရှိရမည်။ မြေငှားစာချုပ် (ဂရန်)မြေအမျိုးအစားမှအပ ကျန်မြေအမျိုးအစားများအား ဧရိယာ ၁၂၀၀ စတုရန်းပေ မပြည့်သော်လည်း ခွဲစိတ်ပေးနိုင်သည်။
မိမိပိုင်ဆိုင်သည့်မြေသည် ပေ(၂၀×၆၀) ဧရိယာရှိပါက မိမိအမည်ပေါက်ထွက်သည်အထိ ဂရန်ခွဲစိတ် ရယူနိုင်ပါသည်။
မြေနှင့်အဆောက်အဦးရှိက အရပ်စာချုပ်အဆင့်ဆင့်ဖြင့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် တရားဝင်အမည်ပေါက်အဖြစ် မြေဂရန်ခွဲစိတ်နိုင်ပါသည်။
မူလအမည်ပေါက်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကွဲလွဲမှုမရပါ။
ကွဲလွဲမှုရှိပါက ကြန့်ကြာတတ်ပါသည်။ သက်ဆိုင်ရာဌာနများတွင် ပြန်လည်ပြင်ဆင်ပြီးမှသာ ဂရန်မြေခွဲရန်ဆောင်ရွက်သင့်ပါသည်။
Credit-OriginalUploder
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
- စာချုပ်ရေးပုံရေးနည်း
- စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
- ကားအမည်ပြောင်းသက်တမ်းတိုးရန်
- စာချုပ်စာတမ်းများမှတ်ပုံတင်ရန်အတွက် တင်ပြသည့်စာချုပ်စာတမ်းနှင့်အတူလိုအပ်သည့်မူရင်းစာရွက်စာတမ်းများ................................................... အရောင်းအဝယ်စာချုပ်.....
- လယ်မြေကို ဂရန်မြေအဖြစ်လျှောက်
- ပုံစံ_၇ရှိသောလယ်ယာမြေကိုပေါင်နှံ_ငှားရမ်းခြင်းအတွက်သတိပြုရမည့်အချက်များ
- စာချုပ်ချုပ်မည်ဆိုလျှင် အရှုပ်အရှင်း အလျဉ်းမရှိ ဆိုသည့် ကိစ္စ
- စက်မှုဂရန် လျှောက်ချင်ပါတယ် ဘယ်ကနေစတင်လုပ်ဆောင်ရမှာလဲ သူ့ရဲ့လုပ်ငန်းစဉ်တွေကဘာလဲ
- အသေးစားငွေချေးလိုင်စင်
Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ
မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား
စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ
'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...