နိုင်ငံခြားသားကို တိုက်ခန်း၊ မြေ စသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်

၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ပုဒ်မ- ၅အရ မည်သူမဆို မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားပိုင်ကုမ္ပဏီအား ငှားရမ်းခြင်းမပြုရ ဟု ပြဌာန်းထားပါသည်။
ထို့အတွက်ကြောင့် နိုင်ငံခြားကို မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်သည့် တိုက်ခန်း၊ မြေ စသည်တို့ကို ငှားရမ်းမည်ဆိုလျှင် တစ်ကြိမ်လျှင် တစ်နှစ်စာချုပ်ဖြင့်သာ ငှားရမ်းခွင့်ရှိမည်ဖြစ်သည်။
အကယ်၍ မလိုက်နာဘဲ နှစ်ရှည်ငှားရမ်းခဲ့ပါက ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ပုဒ်မ- ၁၂အရ အောက်ပါအတိုင်းအရေးယူခြင်းခံရမည်ဖြစ်သည်။
ပုဒ်မ- ၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ခြားစီရင်ခြင်းခံရလျှင် အငှားချထား သည့်ကာလအတွက် သဘောတူထားသည့် ငှားရမ်းခ၏ သုံးဆထက်အနည်းသော ငွေဒဏ်ချမှတ်ခံရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည် ဟု ပြဌာန်းထားပါသည်။
နိုင်ငံခြားသားကို မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းမည်ဆိုလျှင် ရှေးဦးစွာ နိုင်ငံခြားသား၏ ပါစ်ပို့စ် (Passport) ကို စစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။
Social Visa ဟုခေါ်သည့် မိမိတို့နိုင်ငံသူ/နိုင်ငံသားနှင့် အိမ်ထောင်ကျပြီး လာရောက်နေထိုင်ခြင်းလား၊ Business Visa ဟုခေါ်သည့် အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်ဖြင့် လာရောက်ခြင်းလား၊ Visit Visa ဟုခေါ်သည့် အလည်အပတ်ခွင့်ပြုချက်ဖြင့် လာရောက်ခြင်းလား စစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။
Visit Visa ဖြင့် လာရောက်သည့် နိုင်ငံခြားသားအား မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းခွင့်မရှိပါ။ အကယ်၍ ငှားရမ်းခဲ့ပါက အိမ်ရှင်သည် ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။
ထိိုသို့ ငှားရမ်းပြီးသည့်အခါတွင်လည်း ငှားရမ်းသူနိုင်ငံခြားသားသည် လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကို သတင်းပို့အကြောင်းကြားရမည်ဖြစ်သည်။
အထက်ပါ ဥပဒေပြဌာန်းချက်များနှင့်အညီ ဗီဇာ (Visa) စစ်ဆေးပြီး သတ်မှတ်ချက်အတိုင်းငှားရမ်းခြင်း၊ ငှားရမ်းကာလကို တစ်နှစ်ထက်မပိုဘဲငှားရမ်းခြင်းဖြင့် နိုင်ငံခြားသားကို ဥပဒေနှင့်အညီ တရားဝင်ငှားရမ်း နိုင်မည်ဖြစ်ပါသည်။
Dvb law lab
#Crd to owner
Related Posts
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန်းဖေ၏ အိမ်ငှားအဖြစ်နေထိုင်ရာ နောက် ပိုင်း တွင် ဦးချစ်တီးတို့က အိမ်လခများပေးရန် ပျက်ကွက်သဖြင့် ရပ်ကွက်ပြည်သူ့...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန်းဖေ၏ အိမ်ငှ...