ချေးငွေကို ဟန်ဆောင် စာချုုပ်ပြု လုပ်၍ ဖန်တီးထားသည့် စရန်ပေး စာချုပ်ဖြင့် အရောင်းအဝယ် ပြီးမြောက်အောင် ဆောင်ရွက်၍ ရ / မရ ကိစ္စ ။

ချေးငွေကို ဟန်ဆောင် စာချုုပ်ပြု လုပ်၍ ဖန်တီးထားသည့် စရန်ပေး စာချုပ်ဖြင့် အရောင်းအဝယ် ပြီးမြောက်အောင် ဆောင်ရွက်၍ ရ / မရ ကိစ္စ ။

အရပ်ထဲတွင် ငွေတိုးချေးစား သူများသည် အိမ် ခြံ မြေ အရောင်းအဝယ် 

ဟန်ဆောင် စာချုပ်များ ပြုလုပ်၍ ချေးငွေနှင့် အတိုးကို စရန်ပေး  

စာချုပ်အဖြစ် ဖန်တီးပြုလုပ် တတ်ကျသည် ။

လိုင်စင်မဲ့ ငွေတိုး ချေးစားသူသည် ငွေချေးယူသူမှ ချေးယူထားသည့် ငွေအား 

ပြန်မဆပ် နိုင်သည့်အခါ ချေးငွေနှင့် အတိုးငွေများကို စုပေါင်း၍ ချေးငွေ 

စုစုပေါင်းအား ငွေချေးယူသူ ပိုင်ဆိုင်သည့် အိမ် ခြံ မြေကို ဝယ်ယူသည့် 

အရောင်းအဝယ် စာရန်ပေး စာချုပ်ချုပ် ဆိုသည် ။

အဆိုပါ စာချုုပ်တွင် အချိန်ကာလတစ်ခု သတ်မှတ်၍ အဆိုပါ ကာလအတွင်း 

ငွေချေးယူမှ ပြန်လည် ဝယ်ယူလိုလျှင် ဝယ်ယူနိုင်ကြောင်းနှင့် ဝယ်ယူနိုင်ခြင်း 

မရှိပါက သတ်မှတ်ထားသည့်ရောင်းဖိုးငွေအတိုင်း ကျန်ငွေပေး ချေသည်ကို 

လက်ခံ၍ အရောင်းအဝယ် ဆက်လက် ပြုလုပ်ရန် ဟန်ဆောင် စာချုပ်ချုပ် ဆိုကျသည် ။

 

ချေးယူထားသည့် ချေးငွေအပေါ်  အတိုးအဆင့်ဆင့်ဖြင့် တိုးရင်းပေါင်း 

ထားသည့်ငွေကို စရန်ငွေ အဖြစ်ပေးချေ ထားကြောင်း စာချုပ်ချုပ်ဆို ထားပြီး 

အဆိုပါ စရန်ငွေကို စာချုပ်ချုပ် ဆိုသည့်နေ့တွင် အမှန်တကယ် လက်ငင်း 

ပေးချေခြင်း မဟုတ်သည့် အပြင် သတ်မှတ် အချိန်ကာလအတွင်း 

ပြန်လည် ဝယ်ယူ နိုင်ကြောင်း ဖော်ပြချက်လည်း ပါဝင်နေသည့် အတွက် 

ချုပ်ဆိုထားသော အရောင်းအဝယ် စရန်ပေး စာချုပ်သည် အမှတ်စင်စစ် 

ရောင်းချရန် ရည်ရွယ်ချုပ်ဆို ထားသည့် စာချုပ် မဟုတ်ဘဲ 

ချေးငွေအတွက် ဟန်ဆောင် ချုပ်ဆိုထားသည့် စာချုပ်ဖြစ် 

ကြောင်း ပေါ်လွင် နေပါသည် ။ 

 

ဟန်ဆောင် စာချုပ်သည် ဥပဒေအရ အတည်ပြုခွင့် မရှိသဖြင့် ပဋိညာဉ် မမြောက်ပေ ။

စရန်ငွေအား အမှန်တကယ် ပေးအပ်ခြင်းမရှိဘဲ ယခင်အလီလီ ရယူခဲ့သည့် ငွေများကို 

ထည့်တွက်ခဲ့သည်ဆို သော်လည်း ထိုသို့ အလီလီ ပေးခဲ့သည့် အထောက်အထား 

မရှိသဖြင့် ချေးငွေရင်းနှင့် အတိုးပေါ် အတိုးဆင့်၍ တွက်ချက် ကောက်ခံထားသည့် 

ကြွေးမြီးသာ ဖြစ်ကြောင်း ကောက်ယူသုံးသတ်သည် ။

အမှုမှာ ချေးငွေကို အိမ် ခြံ မြေ အရောင်းအဝယ် စရန်ပေးငွေအဖြစ် ဖန်တီးထားသည့် 

ဟန်ဆောင် စာချုပ်အပေါ် အခြေခံ စွဲဆိုထားသည့် အမှုဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် 

အမှုကိုပလပ်လိုက်သည် ဟု သုံးသတ် ထားသည် ။

 ( ၂၀၀၂ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ ဒေါ်အေးအေးနှင့် ဒေါ်နန်းလီ ( ခ ) ဒေါ်လီလီလှိုင် ) 

ထို့ကြောင့် ချေးငွေကို ဟန်ဆောင် စာချုုပ်ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေး စာချုပ်ဖြင့်

 အရောင်းအဝယ် ပြီးမြောက်အောင် ဆောင်ရွက်၍ မရနိုင်ပါ ။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate