BCC အကြောင်းလေးသိပါရစေ။

ကန်ထရိုက်တာနှင့် အကျိုးတူပူးပေါင်းဆောက်လုပ်သော အဆောက်အဦသည် အဆောက်အဦဆောက်လုပ် ပြီးစီးချိန်တွင် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) လျှောက်ထားရပါသည်။
ထိုသို့လျှောက်ထားရန်အတွက် အဆောက်အဦဆောက်လုပ်ခြင်းအတွက် အခွန်ပေးဆောင်ရပါတယ်။
အခွန်ဆောင်ထားသည့် အထောက်အထား ပါဝင်မှသာ အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC)လျှောက်ထားခွင့်ပြုပါသည်။ ထိုသို့ပေးဆောင်ရန် တာဝန်ရှိသူသည် ကန်ထရိုက်တာနှင့်မြေရှင် ချုပ်ဆိုသောစာချုပ်ပေါ်မူတည်ပြီး နှစ်ဦးအချိုးကျကျခံရန် (သို့မဟုတ်) ကန်ထရိုက်တာတစ်ဦးတည်းကျခံရန် ဆုံးဖြတ်ရမှာဖြစ်ပါသည်။ တိုက်ခန်းဝယ်ယူသူများက စုပေါင်းအခွန်ဆောက်ရန် တာဝန်မရှိပါ။
တိုက်ခန်းဝယ်ယူသူများကို ရောင်းချသည့်အခါ လူနေထိုင်ခွင့်ရရှိရန်အတွက် အဆောက်အဦပြီးစီး ကြောင်းလက်မှတ် (BCC) ရရှိအောင် ဆောင်ရွက်ပေးရမည့်တာဝန်သည် ရောင်းသူနှင့်သာသက်ဆိုင်ပါသည်။
အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ခွင့်ပြုချက်မကျမီ လူနေထိုင်သည့်ကိစ္စအတွက် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီမှ စစ်ဆေးတွေ့ရှိ၍ ဒဏ်ငွေကောက်ခံခြင်းများရှိလာပါကလည်း ဒဏ်ငွေကျခံရန် တာဝန်သည်လည်း ကန်ထရိုက်တာ (သို့မဟုတ်) မြေရှင်ကသာ တာဝန်ယူကျခံရမှာဖြစ်ပါသည်။
အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မကျသေးသည့်တိုက်ဖြစ်သည့်အတွက် ကိုယ်ပိုင်လျှပ်စစ်မီတာတပ်ဆင်ရန်ကိစ္စကိုလည်း ထည့်သွင်းစဉ်စားရပေမည်။ ကိုယ်ပိုင်လျှပ်စစ်မီတာတပ်ဆင်ရန်အတွက် ကုန်ကျစရိတ်ကို မည်သူကျခံမလဲဆိုတာလည်း အရေးကြီးကိစ္စအဖြစ်ပါဝင်လာပြန်သည်။
လျှပ်စစ်မီတာတစ်လုံးကို ၅ သိန်းကျော်ကုန်ကျနေသည့် ခေတ်ကာလတွင် ကြိုတင်ညှိနှိုင်းပြောဆိုထားခြင်းမရှိပါက ရောင်းသူများဖြစ်သော ကန်ထရိုက်တာနှင့်မြေရှင်တို့သည် တိုက်ခန်း ဝယ်ယူသူထံမှ ကုန်ကျစရိတ်ထပ်မံကောက်ခံခြင်းများရှိနေပါသည်။
ထို့ကြောင့် အထက်ပါကိစ္စများကို စတင်ဝယ်ယူသည့်အချိန်က စာချုပ်ချုပ်ရာတွင် ထည့်သွင်းချုပ်ဆို ထားမှသာ အခန်းဝယ်ယူသူများအနေဖြင့် ပိုမိုစိတ်ချရမှာဖြစ်ပြီး စာချုပ်တွင် မပါဝင်ပါက ကန်ထရိုက်တာနှင့် မြေရှင်သည် တိုက်ခန်းဝယ်ယူသူများကို အချိုးကျထည့်ဝင်ခိုင်းခြင်း၊ ကုန်ကျစရိတ်ကောက်ခံခြင်းများရှိနိုင်ကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။
Credit-OriginalUploder
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- “GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”
- ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
- “အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
- "ရဲစခန်းကိုအမှုတိုင်မယ်ဆိုရင် နှုတ်နဲ့တိုင်ရသလား၊ စာဖြင့်ရေးပြီးတိုင်ရသလား၊ဒီစာကိုမရေးတတ်ဘူး ဆိုရင်ဘယ်သူ့ကိုရေးခိုင်းရမလဲ" လို့ပြည်သူတစ် ယောက်ကမေးလာပါသည်။အမေးနှင့်ပတ်သက်၍ အောက်ပါအတိုင်းဖြေကြားအပ်ပါသည်။
- ဆရာ တရားရုံးကချေလွှာတင်သွင်းရမယ်ပြောတယ် ချေလွှာဆိုတာ ဘာလဲ ချေလွှာအကြောင်းသိပါရစေ။ ချေလွှာနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ။
- ကိုယ်စားလှယ်လွှဲစာ(S.P / G.P) များအကြောင်း သိမှတ်ဖွယ်ရာနှင့် သတိပြုဖွယ်ရာများ။
- GP ( General Power )
- “အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း နှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းကမ်းများ
- မြေဧက တွက်နည်း
- အကြောင်းကြားနို့တစ်စာ
Related Posts

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး
ပုဒ်မ၆၆ဆိုတာပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ပုဒ်မ၆၆(က)။ ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏...

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??
ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်
ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...