စာချုပ်ချုပ်တော့မယ်ဆိုရင် ပါဝင်သင့်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး တင်ပြလိုက်ပါတယ်။

စာချုပ်ချုပ်တော့မယ်ဆိုရင် ပါဝင်သင့်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး တင်ပြလိုက်ပါတယ်။
စာချုပ်ချုပ်ဆိုလို့သာ ချုပ်လိုက်ကြတယ်၊ စာချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောပြုလုပ်ကြတာများပါတယ်။ သေချာမချုပ်ဆိုခဲ့ရင် စိတ်ညစ်စရာ တစ်ထွေးကြီးနဲ့ ရှင်းရတာတွေ နောက်ပိုင်းကြုံတွေ့ကြရပါတယ်။
 ဒါဟာ စာချုပ်မှာ ပါဝင်သင့်တဲ့အချက်တွေ မပါဝင်ဘဲ ပြီးပြီးရောဆိုတဲ့သဘော ချုပ်လိုက်ကြလို့ပါပဲ။ ဒါကြောင့် စာချုပ်ချုပ်တော့မယ်ဆိုရင် ပါဝင်သင့်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး တင်ပြလိုက်ပါတယ်။
၁။ ပစ္စည်းနဲ့ပတ်သက်ပြီး ချုပ်ဆိုတဲ့ စာချုပ်မျိုးဆိုရင် အောက်ပါအချက်တွေကို သတိပြုပြီး ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုဖို့လိုတယ်။
- ဘယ်သူတွေ စာချုပ်ချုပ်ကြတာလဲ။
- ပစ္စည်းက ဘာပစ္စည်းလဲ၊ ဘယ်နေရာမှာရှိတာလဲ (ပစ္စည်းဆိုင်ရာ အချက်အလက် အပြည့်အစုံ ဖော်ပြဖို့ လိုတယ်)။
- အဲဒီပစ္စည်းကို ဘာလုပ်ဖို့ချုပ်ဆိုကြတာလဲ (ကမ်းလှမ်းချက်နဲ့ သဘောတူချက်)။
- ဒီလိုချုပ်ဆိုရာမှာ ဘယ်သူက ဘာတာဝန်တွေယူမှာလဲ။
- စည်းကမ်းချက်ကောထားမှာလား။
- ထားမယ်ဆိုရင် စည်းကမ်းချက်တွေက ဘာတွေလဲ။
- လုပ်ဆောင်ပေးမယ့်အရာတွေရဲ့ အသေးစိတ်အချက်အလက်တွေက ဘာတွေလဲ။
- တန်ဖိုးငွေ သတ်မှတ်ချက်ကောပါသလား။ ပါတယ် ဆိုရင် တန်ဖိုးငွေက ဘယ်လောက်လဲ။
- တန်ဖိုးငွေကို ဘယ်လိုပေးဆောင်ရမှာလဲ။
- တန်ဖိုးငွေပေးဆောင်တဲ့အတွက် တစ်ဖက်က ဘာလုပ်ပေးမှာလဲ။
- အဲဒီလုပ်ပေးမှုဟာ ရော့ပတ္တမြား၊ ရော့နဂါး တစ်ပြိုင်တည်း လုပ်ဆောင်ပေးမှုလား၊ ဒါမှမဟုတ် ကန့်သတ်ချက်ထားမှာလား။
- ကာလသတ်မှတ်ချက်ပါသလား။ ပါရင်အချိန်ကာလ။
- သတ်မှတ်ချက် ဘယ်လိုသတ်မှတ်မလဲ။
- တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုလိုက်နာကြရမှာလဲ။
- ပျက်ကွက်ခဲ့ရင် ပျက်ကွက်သူရဲ့ တာဝန်ကဘာလဲ။
- တစ်ဖက်ရဲ့ ပျက်ကွက်မှုကြောင့် နစ်နာသူရဲ့ အကျိုးခံစားခွင့်က ဘာလဲ။
- စာချုပ်ကို ဘယ်နေရာ၊ ဘယ်နေ့ရက်၊ ခုနှစ်သက္ကရာဇ် မှာ ပြုလုပ်ချုပ်ဆိုကြတာလဲ။
- ဘယ်သူတွေရဲ့ ရှေ့မှောက်မှာပြုလုပ်ချုပ်ဆို လက်မှတ်ရေးထိုးကြတာလဲ။ ဒီမေးခွန်းတွေမေးပြီး မိမိစာချုပ်နဲ့ သက်ဆိုင်မယ့်အချက်တွေကို မေ့မကျန်ရစ်အောင် စေ့စေ့ငုငု ရေးသားတတ်ဖို့ လိုအပ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate