ပါမစ် မြေ
ပါမစ်မြေ ဆိုသည်မှာ မြို့သစ်ဘက် များ၌ ချထားပေးသော
မြေအမျိုးအစား ဖြစ်၍ ပါမစ်မြေကို ၀ယ်ယူမည် ဆိုပါက ချထား
ပေးသော ပါမစ်မှန် ၊ မမှန်ကို စစ်ဆေးရန် လိုအပ်ပါသည် ။ Entry
ဆိုသည်မှာ မြေနေရာ အကွက်ချပြီး ထုတ်ပေး လိုက်သော ပါမစ်
ကို ပြန်လည် စစ်ဆေး၍ နေထိုင်ခွင့် ပြုသော အမှတ်တံဆိပ် ဖြစ်
ပါသည် ။ Entry ၀င်ပြီးသား ပါမစ်ဆိုလျှင် နောက်ကျောဘက်၌
လေးထောင့်တံဆိပ် တုံးလေးနှင့် ပြန်လည် စိစစ်ပြီး ဖြစ်ကြောင်း
ပါရှိမည် ဖြစ်ပါသည် ။
Entry မဝင်ရသေးသော မြေကွက်များက စျေးကွက် အတွင်း စျေးနှုန်း
ကွဲလွဲမှုများ ရှိသည် ။ စျေးနှုန်းမကွာခြား ဟုဆိုလျှင်ပင် သိန်းရာတန်
အကွက်များ၌ ငါးသိန်း ၊ ၁၀ သိန်းကွာ တတ်ပါသည် ။ သိန်းထောင်တန်
အကွက်များမှာ ဆိုလျှင် Entry မဝင်ရသေးသည့် အတွက် ပွဲပျက်သည်
မျိုး ရှိသည် ။ ပါမစ်မြေတွင် စာရွက်စာတမ်း မှန်ကန်မှုရှိ၍ Entry လည်း
၀င်ထား ခဲ့မည် ဆိုပါက ပါမစ်အမည် ပေါက်ပိုင်ရှင်၏ မှတ်ပုံတင် မိတ္တူ ၊
သန်းခေါင် စာရင်းမိတ္တူ ပါရှိရမည် ဖြစ်သည် ။
အဆိုပါမိတ္တူများကို
လည်း မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး သင့်ပါသည် ။
မှတ်ချက် ။
ဂရန်မြေနှင့် ပါမစ်မြေ နှိုင်းယှဉ်ပါက ဂရန်အသစ် ( သို့ ) ဂရန် နာမည်ပြောင်း
လျှောက်ထားသည့် နေရာတွင် ပါမစ်မြေက အကုန်အကျ သက်သာသည် ။
ဂရန်မြေဆိုပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် အရောင်းအဝယ်
စာချုပ်ချုပ်ဆို မှတ်ပုံတင်ခြင်း ၊ အခွန်ဦးစီးဌာန ကာလတန်ဖိုး စိစစ်သတ်မှတ်
ရေးအဖွဲ့သို့ တင်ပြရခြင်း တို့အတွက် ကုန်ကျစရိတ် များမည့်အပြင် ၀င်ငွေခွန်
ပေးဆောင် ရဦးမည် ဖြစ်သည် ။
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...