အကြောင်းကြားနို့တစ်စာ

15-Aug-21 အခြား
အကြောင်းကြားနို့တစ်စာ

တရားမမှုများ စွဲဆိုရာတွင် တချို့အမှုများမှာ အကြောင်းကြားနို့တစ်စာ ရေးရန်မလိုသော်လည်း တချို့အမှုများမှာ နို့တစ်မပေးက တရားစွဲ၍မရပေ။ 

တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၈၀ အရ အစိုးရအပေါ်ဖြစ်စေ တာဝန်အရဆောင် ရွက်သည့် အစိုးရအရာရှိအပေါ်တွင် ဖြစ်စေ တရားမကြောင်းအရ တရားစွဲဆိုရန် ရှိလျှင်လည်းကောင်း ၊ အိမ်ရှင် အိမ်ငှား နှင်လိုမှုများတွင် ပစ္စည်းလွဲှပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၆၊ ၁၁၁ ၊၁၁၃ နှင့် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂၊ ၂၊ (က) အရ နို့တစ်ပေးရန် ပြဋ္ဌာန်းထားပါသည်။ အစိုးရ (သို့မဟုတ်) တာ ဝန် အရ ဆောင်ရွက်သည့် အစိုးရအရာရှိ အပေါ်နို့်တစ်စာပေး၍ ၂ လ ပြည့်ပြီးမှာ တရားစွဲရန်နှင့် အိမ်ငှားနှင် လိုမှုဖြစ်က (၁၅) ရက်ကြိုတင်၍ အိမ်ငှားလက်ဝယ်ရောက်ဖို့ လိုပါသည်။ ထိုသို့မရောက်ပါက နို့တစ်စာမှ ဥပဒေနှင့် မညီညွှတ်သဖြင့် အမှုတစ်ခုလုံး ပျက်ပြယ်ပါသည်။

သို့ဖြစ်ရာ အမှုအလိုက် စည်းကမ်းချက်နှင့် အညီ နို့တစ်ပေးဖို့လိုပါသည်။ သက်ဆိုင်ရာဥပဒေကိုလည်း ကျေ ညက်စွာ လေ့လာထားရပါမည်။ မြင်းကို သံခွာမရိုက်မိသည်နှင့် စစ်ပွဲကြီးတစ်ခုလုံး ရှုံးရဘိသကဲသို့ မှားယွင်းစွာ နို့တစ်ပေးမိသည့်အတွက် တရားမမှုကြီးတစ်ခုလုံး ရှုံးနိမ့်နိုင်သဖြင့် သတိကြီးစွာ ဆောင်ရွက်ဖို့ လိုပါသည်။

နောက်ထပ်သတိပြုရမည့်အချက်မှာ မိမိ ပေးပို့သည့် နို့တစ်စာအတည်ဖြစ်ရန်အတွက် စာတိုက်မှ မှတ်ပုံတင်၍ ပေးပို့ရပါမည်။ နို့တစ်အတည်မဖြစ်က တရာစွဲဆိုရန် အကြောင်းပေါ်ပေါက်ခြင်း မရှိသဖြင့် အမှုပလခြင်း ခံရပါမည်။အချို့ 

က တရားမမှုအစ နို့တစ်က ဟု ဆိုစမှတ်ပြုကြပါသည်။ မှန်ပေသည်။ တရားမမှု စွဲဆိုတောမည်ဆိုလျှင် ရှေးဦးစွာ တစ်ဖက်လူ( တရားပြိုင်) အားနို့တစ်ပေး၍ အသိပေးအကြောင်းကြားရပါသည်။ အပေးခံရသူက နို့ တစ်ကို ပြန်ကြားလျှင်လည်း ရသည်။ မပြန်ကြားဘဲနေလျှင်လည်း ရပါသည်။ နို့တစ်ကို မလွဲမသွေ ပြန်ကြားရ မည်ဟု ဥပဒေပြဋ္ဌာန်းချက် မရှိပါ။ နို့်တစ်ပေးသူအနေဖြင့် နို့တစ်ကို မပြန်ကြားက တောင်းဆိုသည့်ကိစ္စအပေါ် (သက်သာခွင့်) မလိုက်နာဟု မှတ်ယူပြီး တရားစွဲဆိုရန် ဆက်လက်ဆောင်ရွက်ကြပါသည်။

( ဦးမြင့်လွင်-တရားလွှတ်တော်ရှေ့နေ ၊ တရားမ နို့တစ် ၁၀၀၊ စာရေးသူ၏အမှာစာ ) ။ ။

Credit#DVBlawlab

Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate